ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ
ဖယ်ကွန်သိမ်းနှင့်အလားတူငှက်များ (en: Falconiformes) | |
---|---|
Peregrine falcon (Falco peregrinus) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
Clade: | Eufalconimorphae |
မျိုးစဉ်: | Falconiformes Sharpe, 1874 |
တက်ဆာ အခွဲများ | |
†Antarctoboenus |
ဖယ်ကွန်သိမ်းနှင့်အလားတူ ငှက်များ (en: Falconiformes, ဖယ်ကွန်နီဖောမ်းစ်, "ဖယ်ကွန်ပုံသဏ္ဌာန်ရှိသော") သည် ရှင်သန်ဆဲဖြစ်သော မျိုးရင်း- Falconidae (ဖယ်ကွန်သိမ်းနှင့် ကယ်ရာကယ်ရာငှက်မျိုးရင်းများပါ)နှင့် မျိုးကွဲမှု ရှုပ်ထွေးဆန်းကျယ်သည့် Paleogene မျိုးစိတ်များအားလုံးကို ကိုယ်စားပြုထားသည့် မျိုးစဉ်(Order) တစ်ခုဖြစ်သည်။
ရှေးရိုးအယူအဆအားဖြင့် သားကောင်ဖမ်းငှက်များ (Birds of prey) ဖြစ်ကြသည့်- Cathartidae (ကမ္ဘာသစ်လင်းတ (သို့) ကွန်းဒေါလင်းတ) ၊ Sagittariidae (ကလောင်ငှက်) ၊ Pandionidae (ဝံလက်ငှက်) ၊ Accipitridae (လင်းယုန်/ သိမ်းငှက်/စွန်ရဲ) စသည့် ငှက်အမျိုးအနွယ်များကို Falconiformes အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်၌ အမျိုးမျိုးသော ငှက်မျိုးရိုးဗီဇများ ခွဲခြမ်းစိတ်ဖြာ နှိုင်းယှဉ်မှု ရလဒ်တစ်ခုအားထုတ်ပြန်ခဲ့ရာတွင် ဖယ်ကွန်သိမ်း (Falcons) များသည် Seriemas, ကြက်တူရွေး၊ စာကလေးမျိုးနွယ်များ ပါဝင်သည့် မျိုးတူအစုအဖွဲ့ (Clade) Australaves မှ တစိတ်တဒေသဖြစ်ကြောင်း တွေ့ရှိရသည်ဟုထုတ်ပြန်ခဲ့သည်။[၁][၂][၃]
၎င်း ဖယ်ကွန်သိမ်းများပါဝင်သော Australaves မျိုးတူအစု Clade သည် ကြက်တူရွေး-စာကလေးများ မျိုးတူအစု Clade ဖြစ်သည့် Psittacopasserae နှင့် ပိုမိုနီးကပ်ဆက်နွယ်ပြီး ထိုငှက်များအားလုံးအား မျိုးစဉ်အထက်တွင်ရှိသည့် မျိုးတူစု Eufalconimorphae Clade အတွင်း ပါဝင်ဖွဲ့စည်းထားသည်။[၄][၂][၃]
သိမ်းငှက်နှင့် ကွန်းဒေါလင်းတတို့သည့် ၎င်းတို့၏ ကိုယ်ပိုင် အခြေခံမျိုးတူအစု (Basal Clade) Afroaves သို့ ပါဝင်မှုမှတဆင့် Accipitrimorphae မျိုးတူအစု (Clade) ထဲသို့ ပါဝင်နေသည်။ ၎င်းမျိုးတူအစု Accipitrimorphae Clade သည် ဇီးကွက်မျိုးစဉ်၊ သစ်တောက်ငှက်မျိုးစဉ်များနှင့် ပို၍နီးစပ်နေသည်။[၁][၂][၃][၅]
မျိုးရိုးစဉ်ဆက်ဇယား
ပြင်ဆင်ရန်Braun နှင့် Kimball ပညာရှင်များမှ မျိုးရိုးဗီဇ ခွဲခြမ်းစိတ်ဖြာထားသည့် ရလဒ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ်)[၆] ကိုအခြေခံ၍ ပြုလုပ်ထားသည့် မျိုးရိုးစဉ်ဆက်ဇယားရုပ်ပုံကားချပ်ကို အောက်တွင်ကြည့်ရှုပါ -
Telluraves |
| ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ "A Phylogenomic Study of Birds Reveals Their Evolutionary History" (2008). Science 320 (5884): 1763–68. doi: . PMID 18583609. Bibcode: 2008Sci...320.1763H.
- ↑ ၂.၀ ၂.၁ ၂.၂ "Whole-genome analyses resolve early branches in the tree of life of modern birds" (2014). Science 346 (6215): 1320–1331. doi: . PMID 25504713. Bibcode: 2014Sci...346.1320J.
- ↑ ၃.၀ ၃.၁ ၃.၂ "A comprehensive phylogeny of birds (Aves) using targeted next-generation DNA sequencing" . Nature 526 (7574): 569–573. doi: . PMID 26444237. Bibcode: 2015Natur.526..569P.
- ↑ "Mesozoic retroposons reveal parrots as the closest living relatives of passerine birds" (2011). Nature Communications 2 (8). doi: . PMID 21863010. Bibcode: 2011NatCo...2..443S.
- ↑ "An unbiased molecular approach using 3'UTRs resolves the avian family-level tree of life." (2020). Molecular Biology and Evolution 38: 108–127. doi: . PMID 32781465.
- ↑ "Data types and the phylogeny of Neoaves" (2021). Birds 2 (1): 1-22. doi: .