ဖာပွန်ခရိုင် (အင်္ဂလိပ်: Hpapun District) သည် ကရင်ပြည်နယ်တွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ဖာပွန်မြို့ဖြစ်သည်။

ဖာပွန်ခရိုင်
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကရင်ပြည်နယ်အတွင်းတည်နေရာ
ဖာပွန်ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဖာပွန်ခရိုင်
ဖာပွန်ခရိုင်
ကရင်ပြည်နယ်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 18°3′N 97°26′E / 18.050°N 97.433°E / 18.050; 97.433ကိုဩဒိနိတ်: 18°3′N 97°26′E / 18.050°N 97.433°E / 18.050; 97.433
နိုင်ငံ မြန်မာ
ပြည်နယ်ကရင်ပြည်နယ်
မြို့နယ်ပေါင်း
မြို့တော်ဖာပွန်မြို့
ဧရိယာ
 • စုစုပေါင်း၂၅၉၅.၅၇၀ စတုရန်းမိုင် (၆,၇၂၂.၄၉၅ စတုရန်းကီလိုမီတာ)
လူဦးရေ (၂၀၁၄)၃၅,၀၈၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပါဝင်​သောမြို့နယ်များ ပြင်ဆင်ရန်

ဖာပွန်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။ [၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

ဖာပွန်မြို့သည် ယခင်က တနင်္သာရီတိုင်း (ယခု မွန်ပြည်နယ်) သံလွင်ခရိုင်၏ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။၁၉၄၉ခုနှစ် မေလ ၆ရက်နေ့မှ ၁၉၅၅ခုနှစ် မတ်လ ၂၆ရက်နေ့အထိ ဖာပွန်မြို့အား KNDOများ အုပ်စိုးခဲ့သည်။၁၉၅၅ခုနှစ် စက်တင်ဘာ ၁ရက်မှသာ ပြည်ထောင်စုအစိုးရ၏ ပုံမှန်အုပ်ချုပ်ရေးအသွင်ဖြင့် စတင်အုပ်ချုပ်ခဲ့သည်။၁၉၅၄ခုနှစ်တွင် ကရင်ပြည်နယ်ကို ဖွဲ့စည်းရာ သံလွင်ခရိုင်သည် ဘားအံခရိုင်၊ ဘားအံနယ်တွင် ပါဝင်လာခဲ့သည်။ ၁၉၆၅ခုနှစ် စက်တင်ဘာလတွင်မှ မြို့ပိုင်ရုံးဖြင့် ပြန်လည်ဖြစ်လာခဲ့သည်။၁၉၇၃ခုနှစ် ဧပြီ ၂၇ရက်နေ့တွင် မြို့နယ်အဆင့် ဖြစ်လာခဲ့သည်။[၃]၂၀၁၁ခုနှစ် ဖေဖော်ဝါရီလတွင် ဖာပွန်မြို့နယ်အား ဘားအံခရိုင်မှ ခွဲထုတ်ကာ မြို့နယ်တစ်ခု၊ မြို့နယ်ခွဲတစ်ခုဖြင့် ဖာပွန်ခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ခရိုင်အတွင်းရှိ ကမမောင်းကျေးရွာအုပ်စုသည် ၂၀၀၃ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင် မြို့ဖြစ်လာပြီး ၂၀၀၃ခုနှစ် ဧပြီလ ၁၁ရက်နေ့တွင် မြို့နယ်ခွဲအဆင့် ဖြစ်လာခဲ့သည်။၂၀၁၄- ၂၀၁၅ခုနှစ်များတွင် မြို့နယ်ခွဲအဆင့်များကို ပယ်ဖျက်ပြီး မြို့အဆင့်သာ ပြန်လည်သတ်မှတ်ခဲ့ရာ ဖာပွန်ခရိုင်တွင် မြို့နယ် (၁)မြို့နယ်၊ မြို့ (၂)မြို့ ပါဝင်သည်။ လက်ရှိအချိန်တွင် ဖာပွန်မြို့နယ်သည် ဖာပွန်ခရိုင်ဖြစ်ကာ ဖာပွန်ခရိုင်သည် ဖာပွန်မြို့နယ်ဖြစ်သည်။

ပထဝီဝင်အနေအထား ပြင်ဆင်ရန်

နယ်နိမိတ် ပြင်ဆင်ရန်

မြောက်ဘက်တွင် ဘားအံခရိုင်နှင့် ကယားပြည်နယ်မှ ဘောလခဲခရိုင်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံမှ တက်ခ်ပြည်နယ်၊ တောင်ဘက်တွင် ဘားအံခရိုင်နှင့် မွန်ပြည်နယ်မှ သထုံခရိုင်၊ အနောက်ဘက်တွင် ပဲခူးတိုင်းမှ တောင်ငူခရိုင်နှင့် ပဲခူးခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ဖာပွန်ခရိုင်သည် မြေပြန့်နည်းပါး၍ တောင်ကုန်းတောင်တန်း၊ ချိုင့်ဝှမ်း ထူထပ်သော ဒေသဖြစ်သည်။

ရေဆင်း ပြင်ဆင်ရန်

ဖာပွန်ခရိုင်သည် မြစ်ချောင်း ပေါများသည်။ ကယားပြည်နယ်မှ စီးဆင်းလာသော သံလွင်မြစ်သည် ဖာပွန်ခရိုင်အရောက် ကယား-ကရင်နယ်စပ်မှစ၍ အောက်ဘက် ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်နှင့် ဖာပွန်မြို့နယ်တို့ဆုံရာ နေရာအထိ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်အဖြစ် စီးဆင်းနေသည်။ ထိုနေရာတွင် သံလွင်မြစ်နှင့် သောင်းရင်းမြစ်တို့ ပေါင်းဆုံသည်။ သံလွင်မြစ်သည် ထိုနေရာမှစ၍ မြန်မာပြည်အတွင်း ပြန်လည်စီးဆင်းကာ ဖာပွန်မြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့၏ နယ်နိမိတ်အဖြစ် ဆက်လက်စီးဆင်းသည်။ကမမောင်းမြို့အရောက်တွင် မိဇိုင်းချောင်းနှင့် ပေါင်းဆုံက ဘားအံမြို့နယ်သို့ ဆက်လက်စီးဆင်းသွားသည်။ယွန်းစလင်းမြစ်သည် ခရိုင်အတွင်း မြောက်မှတောင်သို့ စီးဆင်းကာ ကမမောင်းမြို့အနီးတွင် သံလွင်မြစ်နှင့် ပေါင်းဆုံသည်။

ရာသီဥတု ပြင်ဆင်ရန်

အပူပိုင်းမုတ်သုံရာသီဥတုမျိုးရှိသည်။

လူဦးရေ ပြင်ဆင်ရန်

၂၀၁၄သန်းခေါင်စာရင်းအရ ဖာပွန်ခရိုင်တွင် လူဦးရေ ၃၅,၀၈၅ဦးရှိသည်။ အမျိုးသား ၁၇,၉၈၃ဦး၊ အမျိုးသမီး ၁၇,၁၀၂ဦးဖြစ်သည်။ မြို့ပြတွင်နေထိုင်သူ ၁၇,၃၂၀ဦးရှိကာ မြို့ပြနေရာခိုင်နှုန်းမှာ ၄၉.၄ရာခိုင်နှုန်းဖြစ်သည်။ ကရင်ပြည်နယ်ရှိ ခရိုင်(၄)ခုတွင် လူဦးရေ အနည်းဆုံးခရိုင်ဖြစ်သည်။ကရင်လူမျိုးများ အများဆုံးနေထိုင်ကာ ရှမ်းလူမျိုးများ ဒုတိယအများဆုံးနေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်။

စီးပွားရေး ပြင်ဆင်ရန်

ဖာပွန်ခရိုင်သည် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော ဒေသဖြစ်သည်။ ခရိုင်နေပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ သစ်မာ၊ ဝဥ၊ ဖာလာတို့ကို အဓိကထုတ်လုပ်ကာ တောင်ငူနှင့် ဘားအံသို့ အများဆုံးတင်ပို့သည်။

ပို့ဆောင်ဆက်သွယ်ရေး ပြင်ဆင်ရန်

ဖာပွန်မြို့မှ မွန်ပြည်နယ် ဘီးလင်းမြို့သို့လည်းကောင်း၊ ထိုမှနေ၍ ရန်ကုန်-မော်လမြိုင်-မြိတ်-ထားဝယ် လမ်းမကြီးမှနေ၍ အခြားမြို့များသို့ သွားလာနိုင်သည်။၊ ဖာပွန်-ကမမောင်း-ဘားအံလမ်းလည်းရှိသည်။ ထို့အပြင် ဖာပွန်မြို့မှ ကယားပြည်နယ် ဖားဆောင်းမြို့သို့လည်း လမ်းရှိသည်။ သို့သော် သွားရေးလာရေး အနည်းငယ်ခက်ခဲသည်။ ဖာပွန်မြို့တွင် လေယာဉ်ကွင်းရှိသော်လည်း လေယာဉ်ဆင်းသက်ခြင်းမရှိသည့်အပြင် လေယာဉ်ကွင်းမှာလည်း ယိုယွင်းနေပြီဖြစ်ကာ လေယာဉ်ကွင်းဟုပင် မဆိုနိုင်တော့ချေ။ ရဟတ်ယာဥ်ကွင်းလည်းရှိသည်။ မြစ်ချောင်းများမှာ ရာသီမရွေး သွားလာနိုင်သည်။

ပညာရေး ပြင်ဆင်ရန်

၂၀၁၄ သန်းခေါင်စာရင်းအရ ဖာပွန်ခရိုင်၏ စာတတ်မြောက်နှုန်းမှာ ၈၀.၉ရာခိုင်နှုန်းဖြစ်သည်။

ကျန်းမာရေး ပြင်ဆင်ရန်

ဖာပွန်ခရိုင်တွင် ကုတင်(၁၀၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ၊ (၂၅)ကုတင်ဆံ့ တိုက်နယ်ဆေးရုံ၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတို့ တည်ရှိသည်။ ဗ

ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၂၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2015 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၇)