အရှင်ဗန္ဓုဇီဝကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိခီမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

သိခီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။ အရှင်ဗန္ဓုဇီဝကထေရ်သည် ဈာန်ဝင်စားတော်မူနေသည့် မြတ်စွာဘုရားကို တော၌ မြင်၏။ ထိုအခါ အရှင်ဗန္ဓုဇီဝကထေရ်သည် ခေါင်ရန်းပန်းကို ချည်ဖြင့် သီကုံး၍ မြတ်စွာဘုရားအား လှူခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ကမ္ဘာသုံးဆယ်ထက်တွင် ခေါင်ရန်းပန်းကို လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် ခုနစ်ခုမြောက်ကမ္ဘာထက်တွင် "သမန္တစက္ခု" အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဗန္ဓုဇီဝကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗန္ဓုဇီဝကဝဂ်