အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန်
အနောက်ဥရောပ နွေရာသီစံတော်ချိန် (အင်္ဂလိပ်: Western European Summer Time (WEST, UTC+01:00) သည် အချိန်ဇယားဖြင့် အသုံးပြုသော နွေရာသီ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ဖြစ်ပြီး ဂရင်းနစ်စံတော်ချိန်နှင့် Coordinated Universal Timeထက် ၁ နာရီစောသည်။ ၎င်းအချိန်ကို
- ကနေရီကျွန်းစု
- ပေါ်တူဂီနိုင်ငံ (Azores ကျွန်းများမှလွဲ၍ မဒီးရကျွန်းများ အပါအဝင်)
- Faroe Islands

ဥရောပတိုက်ရှိ အချိန်ဇုန်များ: အရောင်ဖျော့များသည် တနှစ်ပတ်လုံး စံတော်ချိန် တစ်ခုတည်းသာ အသုံးပြုသော ဒေသများအား ရည်ညွှန်းပြီး အရောင်ရင့်များသည် နွေရာသီစံတော်ချိန်အား အသုံးပြုသော ဒေသများအား ရည်ညွှန်းသည်။
ဖော်ပြပါနိုင်ငံများတွင် နေ့အလင်းရောင်ထိန်းသိမ်းရန်အတွက် တူညီသော အချိန်ဇုန်ကို အသုံးပြုသော်လည်း အခြားသောအမည်များဖြင့် အသုံးပြုကြသည်။
- ယူနိုက်တက် ကင်းဒမ်း၊ ဗြိတိသျှ နွေရာသီစံတော်ချိန်(British Summer Time၊ BST) အဖြစ် အသုံးပြု
- အိုင်ယာလန်နိုင်ငံ၊ အိုင်းရစ် စံတော်ချိန်(Irish Standard Time၊ IST) အဖြစ် အသုံးပြု[၁] (Am Caighdeánach na hÉireann (ACÉ)[၂])။ တခါတရံ၌ "အိုင်းရစ် နွေရာသီစံတော်ချိန်" ဟု မှားယွင်းစွာ လွဲမှားပြီး ရည်ညွှန်းကြသည်။(Am Samhraidh na hÉireann).[၃][၄]
အသုံးပြုသော အချိန်ဇယားမှာ နှစ်စဉ် မတ်လ နောက်ဆုံးတနင်္ဂနွေမှ အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေထိ ဖြစ်သည်။ ထိုအချိန်ဇယား၏ အစနှင့်အဆုံးတိုင်းတွင် နာရီအား 01:00 UTC+00:00 သို့ ပြောင်းလဲပေးရသည်။ ဆောင်းရာသီကာလတွင် အနောက်ဥရောပ စံတော်ချိန်(WET, GMT+0 or UTC±00:00) အား အသုံးပြုသည်။