ဗိုလ်ချုပ်မှူးကြီး

မြန်မာ့တပ်မတော်၏အမြင့်ဆုံးရာထူး

ဗိုလ်ချုပ်မှူးကြီး (အင်္ဂလိပ်: Senior General) အဆင့်သည် မြန်မာ့တပ်မတော်၏ သတ်မှတ်ထားသော အမြင့်ဆုံးတိုးမြှင့်နိုင်သည့် အဆင့်ဖြစ်သည်။ အနောက်တိုင်းအသုံးအနှုန်းတွင် ဖီးမာရှယ် (Field Marshal) သို့မဟုတ် "General of the Army" အဆင့်နှင့် တူညီသည်။ တစ်နည်းအားဖြင့် နေတိုးအဖွဲ့၏ အဆင့်စကေးအရ OF-10 အဆင့် သို့မဟုတ် ကြယ်ငါးပွင့်အဆင့်ဖြစ်သည်။ တပ်မတော်တွင် အမြင့်ဆုံးခန့်အပ်သည့် ရာထူးတာဝန်ဖြစ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ရရှိသောအဆင့်ဖြစ်သည်။ ထူးခြားစွာဖြင့် ထိုရာထူး၏ဒုတိယအဆင့်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။

ဗိုလ်ချုပ်မှူးကြီး
Senior General
ဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ်
နိုင်ငံ မြန်မာ
တပ်ဖွဲ့ တပ်မတော် (ကြည်း)
အတိုကောက်ဗခမက၊ Sr Gen
ရာထူးအုပ်စုခေါင်းဆောင်ပိုင်းအရာရှိ
အဆင့်အတန်းကြယ်ငါးပွင့်အဆင့်
နေတိုး အဆင့်အတန်းကုဒ်OF-10
နေတိုးမဟုတ်သော အဆင့်အတန်းကြယ်ငါးပွင့်အဆင့်
ဖန်တီး၁၈ မတ် ၁၉၉၀
အောက်အဆင့်ရာထူးဒုတိယဗိုလ်ချုပ်မှူးကြီး/ဗိုလ်ချုပ်ကြီး

အဆောင်ယောင်များ ပြင်ဆင်ရန်

ဗိုလ်ချုပ်မှူးကြီးရာထူးသည် တပ်မတော် (ကြည်း) ၌သာရှိသော်လည်း ထိုရာထူးကိုရရှိသောသူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေသည့်အလျောက် ကြည်း၊ ရေ၊ လေ ယူနီဖောင်းသုံးမျိုးစလုံးကို ဝတ်ဆင်နိုင်သည်။[၁][၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၉၀ ပြည့်နှစ် တွင် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာတွင် ရာထူးတာဝန်များပြင်ဆင်ဖွဲ့စည်းရာ ၁၉၉၀ မတ်လ ၁၈ ရက်နေ့တွင် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်သည် မိမိကိုယ်ကို ဗိုလ်ချုပ်ကြီးအဆင့်မှ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။[၆] ထို့ကြောင့်သူသည် ဗိုလ်ချုပ်မှူးကြီးရာထူးရယူခဲ့သည့် ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးအဆင့်ရရှိခဲ့သူများ ပြင်ဆင်ရန်

စဉ် ဓာတ်ပုံ အမည် စတင်ရက် ပြီးဆုံးရက် မှတ်ချက်
ဗိုလ်ချုပ်မှူးကြီး စောမောင် ၁၈ မတ် ၁၉၉၀ [၆] ၂၄ ဧပြီ ၁၉၉၂ [၇] ကျန်းမာရေးကြောင့်အနားယူခဲ့ရသည်။
  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၃ ဧပြီ ၁၉၉၃ [၇] ၃၀ မတ် ၂၀၁၁ [၇]
  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၀၁၃[၈] လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး ပြင်ဆင်ရန်

 
ဒုတိယဗိုလ်ချုပ်မှူးကြီးပခုံးတံဆိပ်

ဒုတိယဗိုလ်ချုပ်မှူးကြီး (Vice Senior General) သည် ဗိုလ်ချုပ်ကြီးနှင့်ဗိုလ်ချုပ်မှူးကြီး အဆင့်တို့ကြား၌ဖြစ်၍ မြန်မာ့တပ်မတော်၌သာ ရှိသောရာထူးအသစ်ဖြစ်သည်။ လက်ရှိတပ်မတော်တွင်ထိုရာထူးကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တာဝန်တို့ကို ပူးတွဲတာဝန်ယူသောသူများကရရှိသည်။ ခြွင်းချက်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခါစအချိန်တွင် ဗိုလ်ချုပ်ကြီး အဆင့်သာဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး အဆင့်များ ရယူခဲ့သည်။

စဉ် ဓာတ်ပုံ အမည် စတင်ရက် ပြီးဆုံးရက် မှတ်ချက်
  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၂၀၀၂ ၃၀ မတ် ၂၀၁၁ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။
  ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၀၁၂[၉] မတ် ၂၀၁၃[၈][၁၀] နောင်တွင်ဗိုလ်ချုပ်မှူးကြီးဖြစ်လာသည်။
  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မတ် ၂၀၁၃ လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ရရှိခါစတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Fleet Exercise-2020 conducted with involvement of attack submarine Minye Theinkhathu of Tatmadaw (Navy) to enhance defence prowess of StateCINCDS
  2. ၂.၀ ၂.၁ "How family of a Myanmar junta leader are trying to cash in"၊ Japan Times 
  3. ၃.၀ ၃.၁ Message of Greetings from Commander in Chief of Defence Services Senior General Min Aung Hlaing on the occasion of the 75th Anniversary Diamond Jubilee of Armed Forces Day on 27 March 2020Myanmar Digital News
  4. Myanmar's Army Chief General Min Aung Hlaing 2nd-r waves as he leaves a ceremony to mark the 67th anniversary of Armed Forces Day in Myanmar's Capital Naypyitaw, March 27 2012. / Soe Zeya Tun / Reuters။ 19 April 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2022 တွင် ပြန်စစ်ပြီး။
  5. Parade of the 76th Anniversary Armed Forces Day held; Chairman of the State Administration Council Commanderin-Chief of Defence Services Senior General Maha Thray Sithu Min Aung Hlaing delivers addressSenior General Min Aung Hlaing
  6. ၆.၀ ၆.၁ မြဝင်း (၁၉၉၁)။ တပ်မတော် ခေါင်းဆောင်များ သမိုင်း အကျဉ်း (၁၉၄၂ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ)။ ရန်ကုန်: သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ pp. ၈၆-၈၇။
  7. ၇.၀ ၇.၁ ၇.၂ "(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင် ခဲ့ကြသည့် ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား) များ၏ အမှတ်တရရုပ်တုများ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်"၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ၂၅ မတ် ၂၀၂၁။ 
  8. ၈.၀ ၈.၁ ​ကြေးမုံသတင်းစာ (၂၈.၃.၂၀၁၃)
  9. မြန်မာ့အလင်းသတင်းစာ (၃.၄.၂၀၁၂)
  10. ​ကြေးမုံသတင်းစာ (၂၅.၃.၂၀၁၃)