စောမောင် (ဗိုလ်ချုပ်မှူးကြီး)
ဗိုလ်ချုပ်မှူးကြီး စောမောင်သည် နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင် ထံမှ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်တွင် အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ ၁၉၈၈-ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအရ ရုတ်တရက် အနားယူခဲ့ရသည်။
ဗိုလ်ချုပ်မှုးကြီးစောမောင် | |
Saw Maung | |
၁၉၂၈ - ၁၉၉၇ | |
![]() |
|
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ |
|
၁၈ စက်တင်ဘာ ၁၉၈၈ - ၂၃ ဧပြီ ၁၉၉၂ | |
ဒုတိယ သမ္မတ | ဗိုလ်ချုပ်ကြီးသန်းရွှေ |
ယခင် | ဒေါက်တာမောင်မောင် |
ဆက်လက် | သန်းရွှေ |
မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် ၇ ယောက်မြောက် |
|
၂၁ စက်တင်ဘာ ၁၉၈၈ - ၂၃ ဧပြီ ၁၉၉၂ | |
ယခင် | ထွန်းတင် |
ဆက်လက် | ဗိုလ်ချုပ်မှူးကြီးသန်းရွှေ |
မြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
|
၁၈ စက်တင်ဘာ ၁၉၈၈ - ၂၃ ဧပြီ ၁၉၉၂ | |
ယခင် | ကျော်ထင် |
ဆက်လက် | ဗိုလ်ချုပ်မှုးကြီးသန်းရွှေ |
ကိုယ်ရေး အချက်အလက် | |
မွေးရက် | ၁၉၂၈ |
မွေးနေ့ | ၁၂ မေ |
မွေးရပ်ဇာတိ | မန္တလေးမြို့ |
နိုင်ငံသား | မြန်မာ |
ဘာသာ | ဗုဒ္ဓဘာသာ |
ပါတီ | နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
လူသိများခြင်း | ၁၉၈၈ ခုနှစ် အာဏာသိမ်း တပ်မတော်ခေါင်းဆောင် |
ကြင်ဖော် | ဒေါ်အေးရီ |
သားသမီး | သီဟစော၊ ကေသီစော ၊ သူရစော |
ကွယ်လွန်ရက် | ၁၉၉၇ |
ကွယ်လွန်ရာဒေသ | ရန်ကုန် |
ရရှိခဲ့သော အထူးဆုများ | အလင်္ကာကျော်စွာ |
စစ်မှုထမ်း အချက်အလက် | |
ဌာန | မြန်မာ့တပ်မတော် |
၁၉၄၆ - ၁၉၉၂ | |
ရာထူး | ![]() |
ငယ်စဉ်ဘဝနှင့်လုပ်ငန်းပြင်ဆင်
ဗိုလ်ချုပ်မှုးကြီးစောမောင်သည် ၁၉၂၈ ခုနှစ် မေလ ၁၂ ရက်တွင် ဗြတိသျှ ဘားမား၊ မန္တလေးမြို့ ၌ ဖွားမြင်ခဲ့ပါသည်။[၁] ၁၉၄၆ ခုနှစ်တွင် တပ်မတော်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ၁၉၅၂ တွင် စတင်၍တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅-၇၆ တွင် ထိုင်းနယ်စပ်ရှိသူပုန်များကို တိုက်ခိုက်ခဲ့ရသည်။ သူသည်အောက်ပါရာထူးများကို အဆင့်ဆင့်ရရှိခဲ့ပါသည်။
- တပ်ရင်းမှူး
- စစ်ဦးစီးမှူး(ပထမတန်း)
- ဗျူဟာမှူး
- တပ်မမှူး
- တိုင်းမှူး
- ပါတီဗဟိုကော်မတီဝင်
- တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
နိုင်ငံ့ခေါင်းဆောင်ကာလပြင်ဆင်
ဗိုလ်ချုပ်မှူးကြီးစောမောင် သည် ၁၉၈၈ တွင် အစိုးရအဖွဲ့အစည်းဖြစ်သောမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်ထံမှ အာဏာသိမ်းခဲ့သော တပ်မတော်ခေါင်းဆောင်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့်လည်း ဆောင်ရွက်ခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည်ဗုဒ္ဓဘာသာကိုအသက်နှင့်ထပ်တူ ယုံကြည်သက်ဝင်သူဖြစ်သောကြောင့် သူ၏လက်ထက်တွင် သူ၏အမိန့်ဖြင့်ပြုလုပ်ခဲ့ရသော ဗုဒ္ဓသာသနာတော်သန့်ရှင်းရေးလုပ်ငန်းအတွက် ကြီးစွာသော စိတ်သောကဝေဒနာကို ခံစားခဲ့ရသည်။
ဗိုလ်ချုပ်မှုးကြီးစောမောင်သည် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲတွင်အနိုင်ရပါတီကို အာဏာလွှဲမည်ဖြစ်ကြောင်းနှင့် အာဏာလွှဲပြီးပါက စစ်တန်းလျားပြန်မည်ဖြစ်ကြောင်း ကတိပြုခဲ့ပါသည်။ ထို့ကြောင့် ၁၉၉၀ တွင် ဗိုလ်ချုပ်မှုကြီးကိုယ်တိုင်ဦးစည်း၍ ပါတီစုံရွေးကောက်ပွဲကြီးကို ကျင်းပခဲ့ပါသည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အနိုင်ရခဲ့ပါသည်။ သို့သော်အာဏာလွှဲပြောင်းပေးရန် အခြားဗိုလ်ချုပ်များက သဘောမတူခဲ့ပေ။
၁၉၉၂ တွင် ဗိုလ်ချုပ်မှုးကြီးစောမောင်သည် နအဖအစိုးရအဖွဲ့မှကျန်းမာရေးအရအနားယူခဲ့ရပါသည်။[၂][၃] အကြောင်းမှာဒေါ်အောင်ဆန်းစုကြည်အား အာဏာလွှဲပြောင်းပေးရန် ဗိုလ်ချုပ်မှုးကြီးများက လက်မခံလိုခဲ့ပေ။ သို့ဖြစ်ရာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပါအဝင် အခြားသောဗိုလ်ချုပ်များသည် ဗိုလ်ချုပ်မှုးကြီးစောမောင်ကို လျှို့ဝှက်ဖြုတ်ချရန် စီစဉ်ခဲ့ကြပါသည်။ ထိုသို့လုပ်ကြံခံရမှုကြောင့် ဗိုလ်ချုပ်မှုးကြီးစောမောင်၏ စိတ်ကျန်းမာရေးမှာလည်း ဆိုးရွားလာခဲ့လေသည်။[၁]
မိသားစုဘဝနှင့်နောက်ဆုံးခရီးပြင်ဆင်
၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည့် ဒေါ်အေးရီသည် ဗိုလ်ချုပ်မှူးကြီးစောမောင်၏ ဇနီးဖြစ်ပြီး၊ သား နှစ်ယောက် သမီးတစ်ယောက်နှင့် မြေးသုံးယောက်ထွန်းကားသည်။ ဦးစောမောင်သည် ဂေါက်သီးရိုက်ခြင်းဝါသနာပါပြီး၊ ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူတစ်ဦးလည်းဖြစ်သည်။ သူသည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၄ တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။[၄]
ကိုးကားပြင်ဆင်
- ↑ ၁.၀ ၁.၁ "Saw Maung Is Dead at 68; Led a Brutal Burmese Coup"၊ The New York Times၊ 27 July 1997။
- ↑ Wheeler၊ Ned။ "Obituary: General Saw Maung"၊ The Independent၊ 28 July 1997။
- ↑ Archived copy။ 3 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-07-02 တွင် ပြန်စစ်ပြီး။
- ↑ Heroes and Villains။ ဧရာဝတီသတင်း March 2007။ 4 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 November 2008 တွင် ပြန်စစ်ပြီး။
ကျိက်ဒေးယျုံ ဆံတော်ရှင် တည်ရှိသည်
ကျိက်ဒေးယျုံ ဆံတော်ရှင် တည်ရှိသည်