ဘာရဒွါဇ
[၁] ဘာရဒွါဇ အနွယ်၌ ဖြစ်သော၊ သူ။
ဘာရဒွါဇမည်သူများ
ပြင်ဆင်ရန်- ကဿပဘုရားရှင်၏ အဂ္ဂသာဝက ဘာရဒွါဇထေရ်။ [၂]
- ဘာရဒွါဇပစ္စေကဗုဒ္ဓါ။ [၃]
- ဝလ္လိကာရဖလဒါယကထေရ် [၄]
- အမည်တွင်သော ဘာရဒွါဇထေရ်။ [၅]
- ဂေါတမဘုရား၏ မဟာသာဝက ပိဏ္ဍောလဘာရဒွါဇထေရ်။ [၆]
- ဘာရဒွါဇနတ်ဘီလူး။ [၇]
- ဓနဉ္ဇာနီပုဏ္ဏေးမ၏လင် ယောက်ျား ဘာရဒွါဇပုဏ္ဏား၊
- ဘုရားရှင်အား ဂါထာ ၅၀၀-ဖြင့် ဆဲရေးသော အက္ကောသဘာရဒွါဇပုဏ္ဏား။
- အက္ကောသဘာရဒွါဇ၏ ညီ အသုရိန္ဒကဘာရဒွါဇပုဏ္ဏား။
- ဆန်ပုန်းရည် ရောင်းသူ ဗိလိင်္ဂိကဘာရဒွါဇပုဏ္ဏား။
- အဟိံသကပြဿနာကို မေးမြန်းသော အဟိံသကဘာရဒွါဇပုဏ္ဏား။
- တဏှာနှင့်ပတ်သက်သော ပြဿနာကို မေးမြန်းသော ဇဋာဘာရဒွါဇပုဏ္ဏား။
- သုဒ္ဓိကပြဿနာကို မေးမြန်းသော သုဒ္ဓိကဘာရဒွါဇပုဏ္ဏား။
- မီးကိုလုပ်ကျွေးသော အဂ္ဂိကဘာရဒွါဇပုဏ္ဏား။
- သုန္ဒရိကမြစ်ကမ်း၌ နေသော သုန္ဒရိကဘာရဒွါဇပုဏ္ဏား။
- သမီး များစွာရှိသော ဗဟုဓီတိကဘာရဒွါဇပုဏ္ဏား။
- လယ်ပိုင်ရှင် ကသိဘာရဒွါဇပုဏ္ဏား။ [၈]
- ကမ္မာသဓမ္မနိဂုံးသား ဘာရဒွါဇပုဏ္ဏား၊ [၉]
- တာရုက္ခပုဏ္ဏား၏တပည့် ဘာရဒွါဇလုလင်။ [၁၀] ယင်းလုလင်သည် နောင်အခါ၌ သာမဏေ ပြုသည်။ [၁၁]
- ဓနဉ္စာနီပုဏ္ဏေးမ၏ လင်ယောက်ျား ဘာရဒွါဇ၏ညီများ-အက္ကောသဘာရဒွါဇ။ သုန္ဒရိကဘာရဒွါဇ။ (သံ၊ ဋ္ဌ-၌ အသုရိန္ဒကဘာရဒွါဇဟုဆို၏။)
- ပိင်္ဂလဘာရဒွါဇ (သံ၊ဋ္ဌ၌ ဗိလိင်္ဂီကဘာရဒွါဇဟု ဆို၏၊)
- သင်္ဂါရဝဘာရဒွါဇ။ [၁၂]
- ဘာရဒွါဇအနွှယ်ဝင်မှန်သမျှ ဘာရဒွါဇအမည်တွင်သည်ချည်းဖြစ်သည်။ [၁၃][၁၄]
အက္ကောသကဘာရဒွါဇ
ပြင်ဆင်ရန်အက္ကောသကဘာရဒွါဇပုဏ္ဏား၏ မရီးဖြစ်သော ပုဏ္ဏေးမသည် နှာချေသောအခါ၌ဖြစ်စေ တစ်ခုခု ချွတ်ချော်သောအခါ၌ဖြစ်စေ၊ နမော တဿကို ရွတ်ဆိုလေ့ရှိပုံ၊ တစ်နေ့တွင် ပုဏ္ဏားများအလယ်၌ ရွတ်ဆိုမိသဖြင့် ပုဏ္ဏားကြီး စိတ်ဆိုးကာ မြတ်စွာဘုရားကို အပြစ်တင်ရန် သွားပုံ၊ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာဖြစ်ပုံ၊ ထိုအခါ ညီငယ် အက္ကောသကဘာရဒွါဇက ဘုရားရှင်အား ဆဲရေးပုံ၊ ထိုပုဏ္ဏားလည်း မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၁၅][၁၆]
အဂ္ဂိကဘာရဒွါဇမြေခွေး
ပြင်ဆင်ရန်အဂ္ဂိကဘာရဒွါဇဇာတ်တော်၌ ဘုရားအလောင်း ကြွက်မင်းဖြစ်စဉ် အဂ္ဂိကဘာရဒွါဇ မည်သော မြေခွေးတစ်ကောင်သည် ကြွက်မင်းထံလာ၍ ‘‘ကြွက်တို့ကို စောင့်ရှောက်မည်ဟု ဆိုကာ သူတော်ကောင်းယောင်’’ဆောင်၍ နေ့စဉ် ကြွက်တစ်ကောင်ကျ ဖမ်းစားပုံ၊ ထိုမြေခွေးယုတ်ကို ကြွက်တို့က ဆန့်ကျင်တိုက်ခိုက် သတ်ဖြတ်ကြပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၁၇][၁၆]
အဂ္ဂိကဘာရဒွါဇပုဏ္ဏား
ပြင်ဆင်ရန်မီးကို ကိုးကွယ်သော ဘာရဒွါဇပုဏ္ဏားသည် ဗြဟ္မာကြီးကို ပူဇော်ရန် ပြင်ဆင်နေစဉ် ကြွရောက်တော်မူလာသော ဘုရားရှင်အား စိတ်ဆိုး၍ ‘‘သူယုတ်မာ’’ဟု ခေါ်ဆိုပုံ၊ သူတစ်ပါး၏ အသက်ကို သတ်၍ ဒုစရိုက်ကျူးလွန်သူတို့သာ သူယုတ်မာဖြစ်ကြောင်း ပုဏ္ဏားကြီးအား ဘုရားရှင်က အကျယ်ဟောပြသဖြင့် ပုဏ္ဏားကြီး ဥပါသကာ ဖြစ်လာပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၁၈][၁၆]
အင်္ဂဏိကဘာရဒွါဇမထေရ်
ပြင်ဆင်ရန်အင်္ဂဏိကဘာရဒွါဇမထေရ်လောင်းသည် သိခီဘုရားရှင်ကို ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးခဲ့သော ကုသိုလ်ကံကြောင့် လူနတ်ချမ်းသာတို့ကို ခံစားရပုံ၊ ဂေါတမဘုရားရှင် လက်ထက်၌ အင်္ဂဏိကဘာရဒွါဇပရိဗိုဇ် ဖြစ်လာပုံ၊ တရားမှန်ကို ရှာစဉ် မြတ်စွာဘုရား အထံတော်မှ တရားတော်ကို နာကြားရသဖြင့် ရဟန်းပြုကာ ဝိပဿနာရှုပွား၍ ရဟန္တာဖြစ်ပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၁၉][၁၆]
ကသိဘာရဒွါဇပုဏ္ဏား
ပြင်ဆင်ရန်လယ်ယာလုပ်ငန်းဖြင့် အလွန်ကြီးပွားနေသော ကသိဘာရဒွါဇပုဏ္ဏားကြီးသည် ခမ်းခမ်းနားနား စီစဉ်လျက် လယ်ထွန်ပွဲတော်ကို ကျင်းပနေစဉ် ဘုရားရှင် ကြွလာတော်မူပုံ၊ ပုဏ္ဏားက ဆွမ်းအာဟာရအတွက် ကိုယ်တိုင် စိုက်ပျိုးစားသုံးသင့်ကြောင်း၊ အလှူခံမစားသင့်ကြောင်း၊ ပြောဆိုပုံ၊ ပုဏ္ဏားကြီးအား ဘုရားရှင်က မိမိသည်လည်း လယ်ယာစိုက်ပျိုးသူဖြစ်ကြောင်း၊ သဒ္ဓါတရား တည်းဟူသော မျိုးစေ့၊ ဣန္ဒြေစောင့်စည်းမှုဟူသော မိုးရွာခြင်း၊ ပညာတည်းဟူသော ထမ်းပိုး ထွန်တုံးစသည်တို့နှင့် ပြည့်စုံကြောင်း မိန့်တော်မူကာ တရားဟောတော်မူပုံ စသော အကြောင်း အရာများ ပါဝင်သည်။ [၂၀][၁၆]
ဘာရဒွါဇသာမဏေ
ပြင်ဆင်ရန်ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံး နေထိုင်တော်မူစဉ် ဝါသေဋ္ဌနှင့် ဘာရဒွါဇ ရှင်သာမဏေနှစ်ပါး ဘုရားရှင်ထံ တရားနာရန် ချဉ်းကပ်ကြပုံ၊ ဘုရားရှင်က ပုဏ္ဏားမျိုးမှ သာသနာ့ဘောင် ဝင်ရောက်လာကြသဖြင့် အခြားပုဏ္ဏားများက သင်တို့အား မဆဲရေးပါသလောဟု မေးတော်မူပုံ၊ သာမဏေနှစ်ပါးက ‘‘တပည့်တော်တို့အား အခြားပုဏ္ဏားများက အမျိုးမျိုးအဖုံဖုံ ဆဲရေးကြကြောင်း’’ လျှောက်ထားပုံ၊ ဘုရားရှင်က ‘‘ပုဏ္ဏားများကို မဟာဗြဟ္မာကြီး ဖန်ဆင်းထားသည်၊ ဗြဟ္မာကြီး၏ ခံတွင်းမှ ဖြစ်သည်’’ စသော အယူဝါဒများသည် မဟုတ်မမှန်ကြောင်း၊ ပုဏ္ဏေးမများ ကိုယ်ဝန်တည်ကာ ပုဏ္ဏားလေးများကို မွေးဖွားလာသည့်အတွက် မဟာဗြဟ္မာကြီး၏ ခံတွင်းဟူသည် မိန်းမတို့၏ ယောနိဟု စွပ်စွဲရာ ရောက်ကြောင်း ဟောကြားတော်မူပုံ၊ ထို့နောက် ဝါသေဋ္ဌနှင့် ဘာရဒွါဇတို့အား အမျိုးတော်မူခဲ့ လေးပါးဖြစ်ပေါ်လာပုံ၊ ကမ္ဘာဖြစ်ပုံ၊ ပျက်ပုံ၊ လ-နေ စသည်တို့ ဖြစ်ပေါ်လာပုံ စသည်တို့ကို ဟောကြားပုံ စသော အကြောင်းအရာများ ပါဝင်သည်။ [၂၁][၁၆]
သုန္ဒရိကဘာရဒွါဇပုဏ္ဏား
ပြင်ဆင်ရန်သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ဘုရားရှင့်ထံတော်သို့ ချဉ်းကပ်၍ ‘‘ဗာဟုကမြစ်ဆိပ်၌ ရေချိုး၍ မကောင်းမှု အကုသိုလ်များကို ရေမျှော၍ ပျောက်ကင်းနိုင်ပါသလော’’ဟု မေးမြန်းခဲ့ပုံ၊ မြတ်စွာဘုရားက ယင်းသို့ပြုလုပ်၍ မပျောက်ကင်းနိုင်ဘဲ ကောင်းမှုပြုမှသာ ပျောက်ကင်းနိုင်သည်ဟု ဟောကြားတော်မူပုံ၊ ထိုပုဏ္ဏားသည် မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ရဟန်းပြုကာ ဝိပဿနာပွားသဖြင့် ရဟန္တာ ဖြစ်ခဲ့ပုံ စသောအကြောင်းအရာများ ပါဝင်သည်။ [၂၂][၁၆]
ကိုးကား
ပြင်ဆင်ရန်- ↑ ဘာရဒွါဇ(တိ) [ဘာရဒွါဇ+ဏ။ ထီ-၌ ဘာရဒွါဇီ။ ကစ္စည်း။ ၃၄၄။]
- ↑ ဗုဒ္ဓဝံ၊၃၇၈။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၂။
- ↑ မ၊၃၊၁၁၅။
- ↑ (အပ၊၂၊၅၁။)
- ↑ ထေရ၊ဋ္ဌ၊၁၊၃၈၅။
- ↑ ဥဒါန၊ဋ္ဌ၊၂၂၈။ ထေရ၊ဋ္ဌ၊၂၊၅၄၂။
- ↑ ဒီ၊၃၊၁၅၆၊ ၁၇၃။
- ↑ သံ၊၁၊၁၆၃-၁၇၅။ သံ၊ဋ္ဌ၊၁၊၂၀၉-၂၃၅။
- ↑ မ၊၂၊၁၆၉။
- ↑ ဒီ၊၁၊၂၂၂။ ဒီ၊ဋ္ဌ၊၁၊၃၃၁။
- ↑ ဒီ၊ဋ္ဌ၊၃၊၄၄။
- ↑ မ၊ဋ္ဌ၊၃၊၃၀၇။
- ↑ ဇာ၊၂၊၂၅၉။ ဇာ၊ဋ္ဌ၊၄၊၂၁၁။ (မယှမ္ပိ ဝစနံ အတ္ထိ၊ ဘာရဒွါဇ သုဏောဟိ မေ။ ဇာ၊၁၊၅၂၉၊ (ဒီ၊ဋ္ဌ၊၂၊၁၀။ သံ၊ဋ္ဌ၊၁၊၂၀၉။ ဥဒါန၊ဋ္ဌ၊၂၂၈။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၅
- ↑ (ဓမ္မ၊ဋ္ဌ၊၂၊၄၀၇)
- ↑ ၁၆.၀ ၁၆.၁ ၁၆.၂ ၁၆.၃ ၁၆.၄ ၁၆.၅ ၁၆.၆ ♦ပိဋကတ်ဝတ္ထုလမ်းညွှန် (ဓမ္မဗိမာန် ပညာရှင်များ)
- ↑ (ဇာ၊ဋ္ဌ၊၁၊၄၈၇)
- ↑ (သုတ္တနိ၊ဋ္ဌ၊၁၊၁၅၆)
- ↑ (ထေရ၊ဋ္ဌ၊၁၊၄၃၄)
- ↑ (သံ၊၁၊၁၇၄) (သံ၊ဋ္ဌ၊၁၊၂၂၂) (သုတ္တနိ၊ဋ္ဌ၊၁၊၁၁၉)
- ↑ (ဒီ၊၃၊၆၆) (ဒီ၊ဋ္ဌ၊၃၊၄၃)
- ↑ (မ၊၁၊၄၇) (မ၊ဋ္ဌ၊၁၊၁၈၁)