ဘားကပ်ရွာ၊ ဘားအံမြို့နယ်
ဘားကပ်စံပြကျေးရွာ(အင်္ဂလိပ်: Barkat)သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၁၉၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘားကပ်ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၁၂၈ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၅၃၈၇ ဦး နေထိုင်သည်။ ဘားကပ်စံပြကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းရှိသည်။ သံလွင်တံတား(ဘားအံ)သည် ဘားကပ်ကျေးရွာနှင့် တရုတ်လှကျေးရွာပေါ်တွင်တည်ရှိသည်။ ဘားကပ်စံပြကျေးရွာ ဘားကပ်ကျောင်းကြီးကျောင်းတိုက်တွင်းရှိ လင်းနို့ဂူမှာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သောနေရာတစ်ခုဖြစ်သည်။ ဘားကပ်စံပြကျေးရွာတွင် ရိုးရာ၃၇မင်း မီးနင်းပဒေသာကပွဲကို ဆင်နွှဲကျင်းပလေ့ရှိပြီး အနီးတဝိုက်ရွာများမှ ပွဲကြည့်ရှုသူများနှင့် အလွန်ပင်စည်ကားပါသည်။ ဘားကပ်စံပြကျေးရွာတွင်တည်ရှိသော ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သည် ၄၁.၁၃ ဧက ကျယ်ဝန်းသည်။ ဆရာမ ၅၀၊ ကျောင်းသား/သူ ၁၀၀ ကျော် ရှိသည်။ ဘားကပ်ကျေးရွာသည် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၆၆ခုနှစ်တွင် မြို့အဆင့်သို့တိုးမြှင့်ခြင်း ခံခဲ့ရပါသည်။ ထိုစဥ်က ဘားကပ်မြို့၏ လက်အောက်ခံရွာများတွင် ဘားအံရွာကြီးပင် ပါဝင်ပါသည်။ [၁]
ဘားကပ် | |
---|---|
ရွာ | |
ဘားကပ်ရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 16°50′25″N 97°36′20″E / 16.8403606414795°N 97.6056671142578°Eကိုဩဒိနိတ်: 16°50′25″N 97°36′20″E / 16.8403606414795°N 97.6056671142578°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဘားအံခရိုင် |
မြို့နယ် | ဘားအံမြို့နယ် |
ကျေးရွာအုပ်စု | ဘားကပ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
ဤ ကရင်ပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |