မကွေး လေတပ်စခန်းဌာနချုပ်

(မကွေးလေတပ်စခန်း ဌာနချုပ် မှ ပြန်ညွှန်းထားသည်)

မကွေးလေတပ်စခန်း ဌာနချုပ် သည် မကွေးတိုင်းဒေသကြီးမကွေးမြို့တွင် တည်ရှိသည်။ မကွေးလေဆိပ် ကို အရပ်ဖက်နှင့် တွဲဖက် အသုံးပြုသည်။

မကွေး လေတပ်စခန်းဌာနချုပ်
မြန်မာနိုင်ငံ ရှိ  မကွေးမြို့နယ်မကွေးတိုင်းဒေသကြီး
မကွေးမြို့ အနီး
မကွေးလေတပ်စခန်းဌာနချုပ် အဝင်
မကွေး လေတပ်စခန်းဌာနချုပ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မကွေး လေတပ်စခန်းဌာနချုပ်
မကွေး လေတပ်စခန်းဌာနချုပ်
ကိုဩဒိနိတ်20°09′20″N 94°58′10″E / 20.15556°N 94.96944°E / 20.15556; 94.96944ကိုဩဒိနိတ်: 20°09′20″N 94°58′10″E / 20.15556°N 94.96944°E / 20.15556; 94.96944[၁]
အမျိုးအစားလေတပ်စခန်းဌာနချုပ်
နေရာအချက်အလက်
ပိုင်ဆိုင်သူတပ်မတော်
အော်ပရေတာတပ်မတော် (လေ)
လေယာဉ်ကွင်း အချက်အလက်များ
IdentifiersICAO: VYMW

မတော်တဆမှုများ ပြင်ဆင်ရန်

၂၀၁၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် MiG-29 လေယာဉ်သည် လေ့ကျင့်ပျံသန်းနေစဉ် မကွေးမြို့အနီးတွင် ပျက်ကျခဲ့ကာ လေယာဉ်မှူးနှစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။[၂]

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အက်ဖ်- ၇ လေယာဉ် လေးစီးသည် လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီး ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ကြုံတွေ့ကာ မင်းဘူးမြို့၏ တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁ စီး ပျက်ကျခဲ့သည်။ ယင်းပျက်ကျမှုများကြောင့် လေယာဉ်မှူး ဗိုလ်ကြီးနှစ်ဦးနှင့် ပဉ္စမတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့သည်။[၃][၄]

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် MiG-29 လေယာဉ်တစ်စီးသည် လေယာဉ်ပြန်ဆင်းစဉ် လေထီးမပွင့်ခဲ့သည့်အတွက် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်