မဟာလတာတန်ဆာ ဆိုသည်မှာ ဗုဒ္ဓစာပေကျမ်းဂန်တို့တွင် ပါရှိသည့် အလွန်တရာ အဖိုးထိုက်တန်သည့် အမျိုးသမီးအဝတ်တန်ဆာ ဖြစ်သည်။ မြန်မာစာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ "ရတနာများဖြင့် ပန်းနွယ်ပန်းခြောက် စီခြယ်ထားသော ထူးမြတ်သည့် အမျိုးသမီးအဝတ်တန်ဆာ" ဖြစ်သည်။[၁] ဤကမ္ဘာမြေ၌ မဟာလတာတန်ဆာကို ပိုင်ဆိုင်သူ သုံးဦးသာရှိသည်ဟု ပါဠိစာပေများတွင်ဖော်ပြသည်။ ဓမ္မပဒ အဋ္ဌကထာအရ ထိုသုံးဦးမှာ ဝိသာခါ၊ မဟာဗန္ဓုစစ်သူကြီးကတော် မလ္လိကာနှင့် ဗာရာဏသီ သူဌေးသမီးတို့ ဖြစ်သည်။[၂] သို့သော် သုတ်မဟာဝါ အဋ္ဌကထာအရ ဝိသာခါ၊ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ နှင့် ဒေဝဒါနိယခိုးသူဟူ၍ ဖော်ပြပါရှိသည်။[၃]

ဝိသာခါ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Burmese Orthography, Myanmar Language Commission, 1993.
  2. ဦးရွှေအောင် မဟာဝိဇ္ဇာ (သက္ကတ)၊ ဝဋံသကာနှင့် သိရောမဏိ (၁ နိုဝင်ဘာ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်) (ဒုတိယအကြိမ် ed.)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၄၈၈ - ၅၂၈။CS1 maint: location (link)
  3. တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၁၉၉၇)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ပဉ္စမတွဲ)၊ ဒုတိယအကြိမ်။ သာသနာရေးဦးစီးဌာန။ p. 33။