မိတ္ထီလာခရိုင်

မန္တ​လေးတိုင်း​ဒေသကြီးရှိ ခရိုင်

မိတ္ထီလာခရိုင် (အင်္ဂလိပ်: Meiktila District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မိတ္ထီလာမြို့ဖြစ်သည်။

မိတ္ထီလာ ခရိုင်
မန္တလေးတိုင်းအတွင်းရှိ ခရိုင်
မန္တလေးတိုင်းအတွင်းတည်နေရာ
မန္တလေးတိုင်းအတွင်းတည်နေရာ
မိတ္ထီလာ ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိတ္ထီလာ ခရိုင်
မိတ္ထီလာ ခရိုင်
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးမန္တလေး
မြို့နယ်ပေါင်း
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၈၈၀,၈၀၂[]
အချိန်ဇုန်MST (UTC6:30)

ပါဝင်သောမြို့နယ်များ

ပြင်ဆင်ရန်
 
မိတ္ထီလာခရိုင်မြို့နယ်များ
  မိတ္ထီလာမြို့နယ်
  မလှိုင်မြို့နယ်
  ဝမ်းတွင်းမြို့နယ်
  သာစည်မြို့နယ်

မိတ္ထီလာခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထဝီဝင်အနေအထား

ပြင်ဆင်ရန်

နယ်နိမိတ်

ပြင်ဆင်ရန်

မိတ္ထီလာခရိုင်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်မှ တောင်ကြီးခရိုင်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ဘက်တွင် ရမည်းသင်းခရိုင်၊အနောက်ဘက်တွင် ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင်၊ မြောက်ဘက်တွင် မြင်းခြံခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပြင်ဆင်ရန်

မိတ္ထီလာခရိုင်၏ အရှေ့ပိုင်းသည် ရှမ်းရိုးမတောင်တန်းများဖြစ်သည်။ အနောက်ပိုင်းသည် အများအားဖြင့် ညီညာပြန့်ပြူးမှုရှိသည်။ မလှိုင်မြို့နယ်၏ အနောက်ပိုင်းသည် ပုပ္ပါးတောင်နှင့် ထိစပ်နေသော တောင်တန်းများ တည်ရှိသည်။

ခရိုင်အတွင်း မြစ်၊ချောင်းများ နည်းပါးသည်။ မိတ္ထီလာမြို့တွင် မိတ္ထီလာကန် တည်ရှိသည်။

မိတ္ထီလာခရိုင်၏ ရာသီဥတုသည် ပူပြင်းခြောက်သွေ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ၂၀၁၄ခုနှစ်တွင် မိတ္ထီလာခရိုင်၏ လူဦးရေမှာ ၈၈၁,၅၃၀ ဖြစ်ကာ ကျား ၄၀၈,၀၄၅နှင့် မ ၄၇၃,၄၈၅ဖြစ်သည်။ မိတ္ထီလာမြို့နယ်သည် လူဦးရေအများဆုံးဖြစ်ကာ မလှိုင်မြို့နယ်သည် လူဦးရေအနည်းဆုံး ဖြစ်သည်။ ခရိုင်လူဦးရေ၏ ၂၀.၂ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး

ပြင်ဆင်ရန်

မိတ္ထီလာခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စီးပွားရေး ဖွံ့ဖြိုးသော ခရိုင်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် မိထီလာမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးသည်။ စပါး၊ ပြောင်း၊ ပဲ၊ နှမ်း၊ မြေပဲ၊ ချည်မျှင်နှင့် အဝတ်အထည်များကို နိုင်ငံအနှံ့ တင်ပို့သည်။

ပို့ဆောင်ဆက်သွယ်ရေး

ပြင်ဆင်ရန်

မိတ္ထီလာခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းသည် မိတ္ထီလာနှင့် ဝမ်းတွင်း မြို့များကို ဖြတ်သန်းသွားသည်။ မိတ္ထီလာမြို့သည် မြန်မာပြည်အရှေ့ပိုင်းသို့ ဆက်သွယ်သည့် မိတ္ထီလာ-တောင်ကြီးလမ်း၏ အစဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ခရိုင်အတွင်းမှ ဖြတ်သန်းသွားကာ မိတ္ထီလာမြို့ အနောက်ဘက်မှ လမ်းပေါ်သို့ တက်ရောက်နိုင်သည်။

မိတ္ထီလာခရိုင်တွင် အခြေခံပညာကျောင်းများသာမက အဆင့်မြင့်ပညာကျောင်းများစွာပါ တည်ရှိသည်။ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် စသည့်ကျောင်းများ တည်ရှိသည်။

ကျန်းမာရေး

ပြင်ဆင်ရန်

မိတ္ထီလာခရိုင်တွင် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများအပြင် ခုတင်(၅၀၀) တပ်မတော်ဆေးရုံလည်း တည်ရှိသည်။

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၈၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 25, 2015 တွင် ပြန်စစ်ပြီး