မိုးညို

မြန်မာပန်းချီဆရာ

မိုးညို ( အင်္ဂလိပ်: Moe Nyo; ၁၉၇၃ တွင်မွေးဖွား) သည် မြန်မာပန်းချီဆရာ ဖြစ်သည်။ ကျွန်တော့ရဲ့ ကဗျာဆန်သော အဖြူရောင်ပန်းချီကားများ (My Poetic White Series ) ပန်းချီစီးရီးတွင် ၎င်း၏ တမူထူးခြားလှသော ကိုယ်ပိုင် ရေဆေးရေးဟန် ကို အသုံးပြုလျက် အဖြူရောင်ကဲသော ရိုးရာဗိသုကာနေရာဌာနအဆောက်အအုံများကို သစ်ပင်ပန်းမန် အသေးစိတ် ချယ်မှုန်းချက်များနှင့် ပေါင်းစပ်ခံစားရေးဆွဲလေ့ရှိသည်။ [၁] [၂] [၃]

မိုးညို
မွေးဖွားအောင်မိုးညိုထူး
၁၉၇၃
ပွင့်ဖြူမကွေးတိုင်းမြန်မာနိုင်ငံ
နိုင်ငံလူမျိုး မြန်မာ
မိခင်ကျောင်းရန်ကုန်အမျိုးသားယာဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ရန်ကုန်ပန်းချီပန်းပုကျောင်း
ကျော်ကြားမှုအရင်းခံရေဆေးပန်းချီ
ထင်ရှားသည့်
လုပ်ဆောင်မှု
ကျွန်တော့ရဲ့ကဗျာဆန်သောအဖြူရောင်ပန်းချီကားများ

ငယ်ဘဝ ပြင်ဆင်ရန်

ပန်းချီမိုးညိုကို မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့ တွင် ၁၉၇၃ ခုနှစ်က မွေးဖွားခဲ့သည်။ မိဘများမှာ ဦးလှမိုး နှင့် ဒေါ်ခင်ညိုညို ဖြစ်သည်။ မွေးချင်း သုံးယောက်တွင် အငယ်ဆုံးဖြစ်သည်။ ဖခင်ဖြစ်သူက အကြီးဆုံးသားကြီး မိုးညိုဦးနှင့် ဆင်တူ မိုးညိုထူး ဟု မှည့်ခဲ့ပြီး မိခင်ဖြစ်သူက တနင်္ဂနွေသား ဖြစ်သဖြင့် ရှေ့မှ အောင်ထည့်ကာ အောင်မိုးညိုထူး ဟု မှည့်ခေါ်ခဲ့သည်။ အိမ်အမည်မှာ ထူးထူးဖြစ်သည်။

ပညာရေး ပြင်ဆင်ရန်

ဆရာ ဆရာမ မိဘများ အလုပ်လုပ်ရာ ပွင့်ဖြူမြို့ အထက်တန်းကျောင်းတွင် ၁၉၇၈ ခုနှစ်က စတင်ပညာသင်ယူခဲ့သည်။ ငယ်စဉ်ကပင် မိခင်ဖြစ်သူကြောင့် ပန်းချီနှင့် နီးစပ်ခဲ့ရသည်။ မိခင်ဖြစ်သူမှာ ပညာရေးတက္ကသိုလ် တွင် တက်ရောက်ဘွဲ့ယူခဲ့စဉ်က ပန်းချီဘာသာ အဓိက သင်ယူခဲ့ပြီး ပန်းချီဆရာကြီး ဦးဘကြည်၏ တပည့်ဖြစ်သည်။ မိခင်မှာ ခရိုင်အဆင့်ထိ ပန်းချီဆုများ ရဖူးသူဖြစ်သည်။ မိုးညို မှာ ငယ်စဉ်ကပင် ပန်းချီများ ရေးနေခဲ့ပြီး မိုးညို၏ ငယ်ဘဝပန်းချီလက်ရာများမှာ ပွင့်ဖြူ အထက ကျောင်း နံရံကပ် စာစောင် များတွင် အသုံးပြုရန် ရွေးချယ်ခြင်း ခံခဲ့ရသည်။ အလယ်တန်း အထက်တန်းဆင့် မူးယစ်ဆေးဝါးဆန့်ကျင်ရေးပန်းချီပြိုင်ပွဲ၊ ဇာတိသွေး ဇာတိမာန်ပြိုင်ပွဲ စသည်တို့တွင်လည်း ဆုတံဆိပ်မျိုးစုံကို ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားသော အရေးအခင်းကြောင့် ကျောင်းများပိတ်ထားသဖြင့် ၁၉၉၂ ခုနှစ်တွင်မှသာ ပွင့်ဖြူအထက မှပင် သိပ္ပံဘာသာတွဲနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။[၄]

၁၉၉၄ ခုနှစ်တွင် ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ် (ယခု အမျိုးသားယာဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်) ဝင်ခွင့်လျှောက်ထားရာ ဝင်ခွင့်ရခဲ့ပြီး ပန်းချီဘာသာအဓိကဖြင့် ပညာသင်ကြားခွင့် ရခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်မှ ပန်းချီဘာသာအဓိကဖြင့်ပင် ဝိဇ္ဇာ(ပန်းချီပညာ)ဘွဲ့ BA (Painting) ရရှိသည်။ အဆိုပါ တက္ကသိုလ်မှပင် ပန်းချီဆရာတိုင်း ရေဆေး ရေးတတ်သော်လည်း ရေဆေးပန်းချီဆရာ အဖြစ် သီးသန့် ရပ်တည်သူ နည်းရသည့် အကြောင်းရင်းများ လေ့လာသုံးသပ်ချက် စာတမ်း ဖြင့် အနုပညာ ဘွဲ့လွန် ဒီပလိုမာ (ပန်းချီ) ဘွဲ့ Post Graduate Diploma in Arts (Painting) (PGDA Painting)ကို ရရှိသည်။[၄]

လုပ်ငန်းခွင် ပြင်ဆင်ရန်

တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရပြီးနောက် ၁၉၉၉ ခုနှစ်တွင် အဆိုပါတက္ကသိုလ် ပန်းချီဌာန၏ နည်းပြဆရာဖြစ်လာသည်။[ကိုးကားချက်လိုသည်] ဆရာဘဝတွင် ရေဆေး ပန်းချီပညာ ဘာသာရပ်ကို အထူးပြုသင်ကြားပေးရသည်။ ၂၀၁၄ ခုနှစ်အထိ ဆယ့်ငါးနှစ်တိုင် နည်းပြအလုပ်လုပ်ခဲ့ပြီး ၂၀၁၅ တွင် ရာထူးတိုးမြှင့်ခြင်း ခံရသည်။[၄]

၂၀၁၅ ခုနှစ်တွင် ရန်ကုန် ပန်းချီပုန်းပုကျောင်း (ယခု အနုပညာအထက်တန်းကျောင်း(ရန်ကုန်))၏ ကျောင်းအုပ်ကြီး တာဝန် ထမ်းဆောင်သည်။ ကျောင်းအုပ်တာဝန် စတင်လက်ခံချိန်က စာသင်ခန်း မလုံလောက်၊ ပြဋ္ဌာန်းစာအုပ် မရှိခဲ့သော ရန်ကုန် ပန်းချီပန်းပုကျောင်း အတွက် စာသင်ဆောင်သစ် ရရှိရန် ဝန်ကြီးဌာနမှ ဘဏ္ဍာငွေ တောင်းခံဆောက်လုပ်ခြင်း၊ သင်ရိုးညွှန်းတမ်းအတွက် ပြဋ္ဌာန်းစာအုပ်များ ဦးဆောင်ပြုစု ပုံနှိပ်ထုတ်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ရန်ကုန် ပန်းချီပန်းပု ကျောင်းအုပ်ကြီးရာထူးမှ အနားယူသည်။[၂]

ပန်းချီရေးဆွဲခြင်း ပြင်ဆင်ရန်

၁၉၉၇ ခုနှစ် ဘွဲ့ရပြီးစ မှာပင် ရေဆေးပန်းချီကားများ ရေး ဆွဲရင်း ရေဆေးပန်းချီဆရာ ဖြစ်လာခဲ့သည်။ ဝါသနာတူ ပညာသင်ဖက် မိတ်ဆွေ ပန်းချီဆရာများနှင့် ပြပွဲများ အတူ လုပ်ဖြစ်ခဲ့သည်။ ရန်ကုန် ပန်းချီပြခန်းများတွင်လည်း ပန်းချီကားများ စတင် ပြသခွင့် ရခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ရင်းနှီးသူ အနုပညာရှင်တဦး၏ ကူညီမှုဖြင့် တကိုယ်တော် ပန်းချီပြပွဲ တခု စတင်လုပ်နိုင်ခဲ့ရာမှ တစတစ ရန်ကုန် ပန်းချီလောကတွင် နေရာရလာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တကိုယ်တော် ပန်းချီပြပွဲ ပြသခြင်းမှ စတင်ကာ နိုင်ငံတကာ ပြပွဲများ စီစဉ်ပြသခဲ့သည်။

အဖြူကဲသော ကားများ ရေးရင်းမှ ၎င်း၏ ပန်းချီကားများကို ကျွန်တော့ရဲ့ ကဗျာဆန်သော အဖြူရောင်ပန်းချီကားများ ဟု ၎င်းကိုယ်တိုင် အဓိပ္ပါယ် ဖွင့်ဆိုသည့် My Poetic White Series ပန်းချီစီးရီး ဝင် ကားများကို အဆက်မပြတ် ရေးသား လာခဲ့ရာ နိုင်ငံတကာ ပန်းချီ လောက တွင် လူသိများ ထင်ရှားလာခဲ့သည်။

မိသားစုနှင့်လူမှုဘဝ ပြင်ဆင်ရန်

တက္ကသိုလ် တက်ရောက်စဉ် တွေ့ဆုံသည့် ပန်းပု အဓိက ဘာသာဘွဲ့ရ ဇနီးသည် နှင့် အိမ်ထောင်ပြုကာ သမီးနှစ်ဦး ထွန်းကားသည်။ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဖြစ်သော မိခင် ကို ပြုစု စောင့်ရှောက်ရင်း မိသားစုနှင့်အတူ နေထိုင်သည်။

အသင်းအဖွဲ့တာဝန်များ ပြင်ဆင်ရန်

မြန်မာနိုင်ငံ ပန်းချီဆရာများအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ ရေဆေးပန်းချီများကွန်ရက်နှင့် နိုင်ငံတကာ ရေဆေးပန်းချီအသင်း များတွင် ဝင်ရောက်ရန် ဖိတ်ခေါ်ချက်များကိုလက်ခံကာ အဖွဲ့ဝင်ဖြစ်လာသည်။


ပြပွဲများ ပြင်ဆင်ရန်

ဆရာမိုးညို သည် တကိုယ်တော် ပန်းချီပြပွဲများ၊ ပန်းချီဆရာများနှင့် တွဲဖက်ပန်းချီပြပွဲများစွာ စီစဉ် ကျင်းပခဲ့သည်။ ပန်းချီရေးဆွဲသရုပ်ပြခြင်းများကိုလည်း အနုပညာတက္ကသိုလ်နှင့် ပန်းချီပန်းပု ကျောင်းတွင်သာမက ပြည်တွင်း ပြည်ပ ဖိတ်ကြားသမျှ စိတ်ရှည်လက်ရှည် ပြသ ပေးခဲ့လေသည်။

ပြသခဲ့သော ပန်းချီပြပွဲများ ပြင်ဆင်ရန်

တကိုယ်တော် ပန်းချီပြပွဲ၊ အခြားပန်းချီဆရာများနှင့် တွဲဖက်ပန်းချီပြပွဲ တရာကျော်ကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံစုံတွင် စီစဉ်ပြသခဲ့သည်။[၄][၅][၆]

  1. ၁၉၉၇-ဇွန်– Gray Exhibition (လောကနတ်ပန်းချီပြခန်း, ရန်ကုန်, မြန်မာ)
  2. ၁၉၉၈-Native Art Gallery Group Show (Native Art Gallery, ရန်ကုန်, မြန်မာ)
  3. ၁၉၉၈,Prospect Art Exhibition (Artists and artisans organization Central, ရန်ကုန်, မြန်မာ)
  4. ၁၉၉၉-Native Art Gallery Group Show (Native Art Gallery, ရန်ကုန်, မြန်မာ)
  5. ၁၉၉၉-Limen Art Show (Artists and artisans organization central, ရန်ကုန်, မြန်မာ)
  6. ၁၉၉၉-Orient Art Gallery Group Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  7. ၂၀၀၀-အောက်တိုဘာ Art Show (Orient Art Gallery, ရန်ကုန် ,မြန်မာ)
  8. ၂၀၀၀-X’mas special Art Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  9. ၂၀၀၁-Special Group Show (Orient Art Gallery, ရန်ကုန်,မြန်မာ)
  10. ၂၀၀၁-Artist’s Poem Group Show (လောကနတ်ပန်းချီပြခန်း, ရန်ကုန်, မြန်မာ)
  11. ၂၀၀၂-Colour Rain (Orient Art Gallery, ရန်ကုန်, မြန်မာ)
  12. ၂၀၀၂-Special Group Show (A Z A D A Art Gallery, ရန်ကုန်, မြန်မာ)
  13. ၂၀၀၃-10th Anniversary Special Art Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  14. ၂၀၀၃-May-Oriental Image Art Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  15. ၂၀၀၃-အောက်တိုဘာ- 7 Strokes Art Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  16. ၂၀၀၃-နိုဝင်ဘာ-Cool Breeze Art Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  17. ၂၀၀၃ ဇန္နဝါရီ, MOE NYO, First Solo Show, (AZADA Art Gallery, ရန်ကုန် မြန်မာ)
  18. ၂၀၀၄-ဇန္နဝါရီ-4th Artistic Touch Group Show (လောကနတ်ပန်းချီပြခန်း, ရန်ကုန်, မြန်မာ)
  19. ၂၀၀၄-ဖေဖော်ဝါရီ-Voyange en Orient Art Show (Alliance Francaise de Rangoon, ရန်ကုန်, မြန်မာ)
  20. ၂၀၀၄-မတ်-Aesthetic Summer Art Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  21. ၂၀၀၄ ဇူလိုင်, MOE NYO, Second Solo Show, AZADA Art Gallery, ရန်ကုန် မြန်မာ)
  22. ၂၀၀၄-အောက်တိုဘာ-Second 7 Strokes Group Show (Orient Art Gallery, ရန်ကုန်, မြန်မာ)
  23. ၂၀၀၄-ဒီဇင်ဘာ-Art Now Group Exhibition (Artists and Artisans Organization Central, ရန်ကုန် မြန်မာ)
  24. ၂၀၀၅-ဇန္နဝါရီ-Pan Pyoe Lat Art Exhibition (အမျိုးသားပြတိုက်, ရန်ကုန် မြန်မာ)
  25. ၂၀၀၅-ဖေဖော်ဝါရီ-Empathy Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  26. ၂၀၀၅-ဇူလိုင်-Myanmar and Korea Art Exhibition (အမျိုးသားပြတိုက်, ရန်ကုန် မြန်မာ)
  27. ၂၀၀၅-ဇူလိုင် -Monsoon Art Exhibition (Orient Art Gallery, ရန်ကုန် မြန်မာ)
  28. ၂၀၀၅-အောက်တိုဘာ-Shwe Generation Art Show (Artists ant Artisans Organization Central, ရန်ကုန် မြန်မာ)
  29. ၂၀၀၅-အောက်တိုဘာ-Third 7 Strokes Group Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  30. ၂၀၀၅ နိုဝင်ဘာ, MOE NYO, Solo Show, (Winter Club, ချင်းမိုင်၊ ထိုင်း)
  31. ၂၀၀၅-ဒီဇင်ဘာ-Myanmar and India Art Exhibition (အမျိုးသားပြတိုက်, ရန်ကုန် မြန်မာ)
  32. ၂၀၀၆ , A Season of Burmese Art, (Suvannahumi Art Gallery, ချင်းမိုင်၊ ထိုင်း)
  33. ၂၀၀၆-ဇန္နဝါရီ-Art Garden Show (Hotel Nikko Royal Lake, ရန်ကုန် မြန်မာ)
  34. ၂၀၀၆-ဖေဖော်ဝါရီ-Summer Breeze Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  35. ၂၀၀၆-မေ-Melody of May Art Exhibition (STUDIO SQUARE, ရန်ကုန် မြန်မာ)
  36. ၂၀၀၆-ဩဂုတ်-Fourth 7 Strokes Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  37. ၂၀၀၆-စက်တင်ဘာ-September Drizzle Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  38. ၂၀၀၆-အောက်တိုဘာ-Page 2006 Art Exhibition (လောကနတ်ပန်းချီပြခန်း, ရန်ကုန် မြန်မာ)
  39. ၂၀၀၆-ဒီဇင်ဘာ-X’mas Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  40. ၂၀၀၇ မတ်, Burmese magic Art Exhibition, Asia Fine Art, (Fringe Club, ဟောင်ကောင်)
  41. ၂၀၀၇ မေ, Homage to Buddha Art Exhibition, Asia Fine Art, (Lee Garden, ဟောင်ကောင်)
  42. ၂၀၀၇-ဇွန်-Monsoon Melody Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  43. ၂၀၀၇ ဇူလိုင်, Myanmar Contemporary Art Exhibition, (ချင်းမိုင်တက္ကသိုလ်၊ ထိုင်း)
  44. ၂၀၀၇ စက်တင်ဘာ Autumn Beauty, (Asia Fine Art Gallery, ဟောင်ကောင်)
  45. ၂၀၀၇-စက်တင်ဘာ-5th 7 Strokes Group Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  46. ၂၀၀၇-အောက်တိုဘာ-Shwe Generation Art Show (Artists and Artisans Organization Central, ရန်ကုန် မြန်မာ)
  47. ၂၀၀၇-နိုဝင်ဘာ-X‘mas Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  48. ၂၀၀၈-မတ်-ART TREE Art Exhibition (Alingar Gallery-Old State School of Fine Art ရန်ကုန် မြန်မာ)
  49. ၂၀၀၈-ဇွန်-Nargics Donation Art Exhibition (သမ္မတဟိုတယ် ရန်ကုန် မြန်မာ)
  50. ၂၀၀၈-ဇူလိုင်-ချမ်းမြေ့ရေစင် (Nargics Donation Art Exhibition) (AZADA Art Gallery ရန်ကုန် မြန်မာ)
  51. ၂၀၀၈-ဇူလိုင်-Monsoon Colour Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  52. ၂၀၀၈-ဩဂုတ်-6th 7 Strokes Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  53. ၂၀၀၈-စက်တင်ဘာ-Square Collection Art Exhibition (Space Art Studio ရန်ကုန် မြန်မာ)
  54. ၂၀၀၈-အောက်တိုဘာ-AZADA Art Myanmar Second Group Show (AZADA Art Myanmar Gallery ရန်ကုန် မြန်မာ)
  55. ၂၀၀၈-အောက်တိုဘာ- Shwe Generation Art Show (Artists ant Artisans Organization Central, ရန်ကုန် မြန်မာ)
  56. ၂၀၀၈-ဒီဇင်ဘာ- X’mas special Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  57. ၂၀၀၈-ဒီဇင်ဘာ-Winter Collection Art Exhibition (Space Art Studio ရန်ကုန် မြန်မာ)
  58. ၂၀၀၉-မတ်-Art Tree Art Exhibition (Myanmar Art Center ရန်ကုန် မြန်မာ)
  59. ၂၀၀၉-မတ်-Summer Breeze Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  60. ၂၀၀၉-ဇူလိုင်-Monsoon Melody Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  61. ၂၀၀၉-ဩဂုတ်-Golden Art Gallery Water Colour Collection Art Exhibition (Myanmar Art Center ရန်ကုန် မြန်မာ)
  62. ၂၀၀၉ ဩဂုတ်, Burmese Watercolor Art Exhibition, (Asia Fine Art Gallery, ဟောင်ကောင်)
  63. ၂၀၀၉-စက်တင်ဘာ-15th Shwe Generation Art Exhibition (Artists ant Artisans Organization Central, ရန်ကုန် မြန်မာ)
  64. ၂၀၀၉-စက်တင်ဘာ-7th 7 Strokes Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  65. ၂၀၀၉-အောက်တိုဘာ-Oriental Image Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  66. ၂၀၀၉-ဒီဇင်ဘာ-True Beauty Joy Art Exhibition (Myanmar Art Center ရန်ကုန် မြန်မာ)
  67. ၂၀၁၀-ဖေဖော်ဝါရီ-Cool Breeze Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  68. ၂၀၁၀-မတ်-2010 Exhibition-1 (Gallery of Sin Byu Daw, ရန်ကုန် မြန်မာ)
  69. ၂၀၁၀-မတ်-Charity Show of Art Tree Art Exhibition (Myanmar Art Center ရန်ကုန် မြန်မာ)
  70. ၂၀၁၀, မတ်, MOE NYO Solo Show, Ching Mai, (Suvannahumi Art Gallery, ချင်းမိုင် ထိုင်း)
  71. ၂၀၁၀-ဇွန်-Moonsoon Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  72. ၂၀၁၀-စက်တင်ဘာ-8th 7 Strokes Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  73. ၂၀၁၀-အောက်တိုဘာ-October Rain Art Show (Orient Art Gallery, ရန်ကုန် မြန်မာ)
  74. ၂၀၁၀ အောက်တိုဘာ Myanmar Contemporary Art Exhibition, group show, (ချင်းမိုင်တက္ကသိုလ် Art Center, ထိုင်း)
  75. ၂၀၁၀-နိုဝင်ဘာ-Shwe Generation Art Show (Ministry of Culture Art Gallery ရန်ကုန် မြန်မာ)
  76. ၂၀၁၀-ဒီဇင်ဘာ-Spectrum Art Exhibition (International Business Center/ IBC ရန်ကုန် မြန်မာ)
  77. ၂၀၁၁-ဧပြီ-The Givers Art Exhibition (Ministry of Culture Art Gallery ရန်ကုန် မြန်မာ)
  78. ၂၀၁၁-ဇွန်-June water colour show (Ministry of Culture Art Gallery ရန်ကုန် မြန်မာ)
  79. ၂၀၁၁ ဇူလိုင်, Moe Nyo’s 5th Solo Show, (Ministry of Culture Art Gallery, ရန်ကုန် မြန်မာ)
  80. ၂၀၁၁-ဩဂုတ်, august art show (Ministry of Culture Art Gallery ရန်ကုန် မြန်မာ)
  81. ၂၀၁၁-Orient Gallery Show (Orient Art Gallery ရန်ကုန် မြန်မာ)
  82. ၂၀၁၁-နိုဝင်ဘာ-Hexa One art exhibition (Ministry of Culture Art Gallery ရန်ကုန် မြန်မာ)
  83. ၂၀၁၁-နိုဝင်ဘာ,Empathy Art exhibition (Ministry of Culture Art Gallery ရန်ကုန် မြန်မာ)
  84. ၂၀၁၁-ဒီဇင်ဘာ-Hlaing me Yaebyin(Pakaukku Donation) (လောကနတ်ပန်းချီပြခန်း, ရန်ကုန် မြန်မာ)
  85. ၂၀၁၂-ဖေဖော်ဝါရီ,Hope charity art show, (KZL ART Studio&Gallery, ရန်ကုန် မြန်မာ)
  86. ၂၀၁၂ ဧပြီ,Asian Watercolour Expression 2012.4 City Safari Exhibition (အင်ဒိုနီးရှား)
  87. ၂၀၁၂-မေ,Water and Colour (Gallery 65 ရန်ကုန် မြန်မာ)
  88. ၂၀၁၂-ဇူလိုင်, Eye on Nature, Contenporary Group Show (Art Plus Art Gallery ရန်ကုန် မြန်မာ)
  89. ၂၀၁၂ ဇူလိုင်, International Summer Exhibition, (Gallery Plan B, ဝါရှင်တန် အမေရိကန်)
  90. ၂၀၁၂-ဩဂုတ်,U Kyaw Lay Memorial 3rd Show (Artists ant Artisans Organization Central, ရန်ကုန် မြန်မာ)
  91. ၂၀၁၂-ဩဂုတ်,Monsoon Art Show (Orient Art Gallery ရန်ကုန် မြန်မာ)
  92. ၂၀၁၂ Incheon Global Cities Arts Exchange Grand Festival (Incheon Culture and Arts Center, Incheon Metropolitan City, တောင်ကိုရီးယား )
  93. ၂၀၁၂ အောက်တိုဘာ , MOE NYO 6th Solo Art Show, (Suvannahumi Art Gallery, ချင်းမိုင် ထိုင်း)
  94. ၂၀၁၂-ဒီဇင်ဘာ,Alliance Exhibition, (KZL ART Studio&Gallery, ရန်ကုန် မြန်မာ)
  95. ၂၀၁၃ ဇန္နဝါရီ , MOE NYO 7th Solo Art Show, (Trish Gallery, ရန်ကုန် မြန်မာ)
  96. ၂၀၁၃-ဖေဖော်ဝါရီ, 20th anniversary art Exhibition (Orient Art Gallery ရန်ကုန် မြန်မာ)
  97. ၂၀၁၃ ဖေဖော်ဝါရီ, Variety Group Show (Art Plus Art Gallery ရန်ကုန် မြန်မာ)
  98. ၂၀၁၃, ဖေဖော်ဝါရီ, Out and About Painting Show (Gallery 65 ရန်ကုန် မြန်မာ)
  99. ၂၀၁၄ ဖေဖော်ဝါရီ ၁၄ မှ ၁၆ Water Color Art Show 2014 (Gallery 65 ယောမင်းကြီးလမ်း ရန်ကုန် မြန်မာ) ပန်းချီမြင့်နိုင်၊ ပန်းချီ ခင်မောင်ဇော် တို့နှင့်အတူ (၂၁ ကား)
  100. ၂၀၁၄, မတ်, The 3rd GNWP Shanghai Exhibition (Shanghai Hongqiao Contemporary Art Museum တရုတ်)
  101. ၂၀၁၄ Burma / Vietnam / Cambodia: Leading Lights ,Group Exhibition, (တိုရွန်တို ကနေဒါ)
  102. ၂၀၁၄, အောက်တိုဘာ, Asian Water Color Expression 2, 2014 (Bentara Budaya Bali- အင်ဒိုနီးရှား)
  103. ၂၀၁၅ ဧပြီ Masters of Myanmar Art, Group Show, (The Edge Galeries, ကွာလာလမ်ပူ မလေးရှား)
  104. ၂၀၁၅ Save and Save Art Exhibition, (The Yangon Gallery, ရန်ကုန် မြန်မာ)
  105. ၂၀၁၅, Affordable Art Fair, Sixth Autumn Edition in Singapore (စင်္ကာပူ)
  106. ၂၀၁၅, ဒီဇင်ဘာ, Moe Nyo, 8th Solo Art Show (Sayannahumi Art Gallery, ချင်းမိုင်, ထိုင်း)
  107. ၂၀၁၆, မေ, The Group Exhibition ASEAN-CHINA Academies of Fine Arts (Tianjin Academy, တရုတ်)
  108. ၂၀၁၆, ဇွန်, Asian Watercolor Art Exhibition (Krabi, ထိုင်း)
  109. ၂၀၁၆, အောက်တိုဘာ, LOVE UNITED.1, International Watercolor Biennale Hong Kong (Leung Fong Oi Wan Art Gallery, Lingnan University, ဟောင်ကောင်)
  110. ၂၀၁၇, အောက်တိုဘာ, The 2nd International Water Color Biennale (Hanoi Museum, ဗီယက်နမ်)
  111. ၂၀၁၇, အောက်တိုဘာ, Incheon Global Cities Arts Exchange Grand Festival (Incheon Culture and Arts Centre, Incheon, တောင်ကိုရီးယား)
  112. ၂၀၁၇ နိုဝင်ဘာ 9th Solo Exhibition, (The Yangon Gallery, ရန်ကုန်) [၇]
  113. ၂၀၁၈, စက်တင်ဘာ, An Aspect of Myanmar Art Exhibition (Insa Art Center, ဆိုးလ် တောင်ကိုရီးယား)
  114. ၂၀၁၈, အောက်တိုဘာ, The International Watercolor League Exhibition (Incheon Culture and Arts Centre, Incheon, တောင်ကိုရီးယား)

ကိုးကား ပြင်ဆင်ရန်

  1. Zon Pann Pwint (29 April 2016)။ Painter captures sights, atmosphere of Myanmar landscapes (in en)။ The Myanmar Times။ 20 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 May 2023 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ 9th Solo Exhibition by Artist Moe Nyo @ The Yangon Gallery (in en)။ Yangon Life။ 20 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 May 2023 တွင် ပြန်စစ်ပြီး။
  3. Nyein Ei Ei Htwe (11 July 2011)။ Textbooks for art students introduced (in en)။ The Myanmar Times။ 20 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 May 2023 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Artist Moe Nyo’s Journey in Art (12 ဧပြီ 2019)။ ၂၀ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. Artist Portfolio Biography Moe Nyo, River Gallery River Gallery
  6. Moe Nyo - KZL ART Studio and Gallery
  7. https://www.youtube.com/watch?v=pz-ID9BmgnM ခေတ်ပြိုင်ယာဉ်ကျေးမှု : Artist moe nyo by jetty 201 media