မိုးဟေကို သည် မြန်မာနိုင်ငံသား မော်ဒယ်နှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူမကို ၁၉၈၅-ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အဖ ဦးကျော်မင်းနှင့် အမိ ဒေါ် နုနုစိန်တို့မှ မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် မွေးဖွားသည်။ နာမည်ရင်းမှာ အေးအေးခိုင် ဖြစ်သည်။ ကိုးတန်းကျောင်းသူ ဘဝထဲက တင်မိုးလွင်၏ မော်ဒယ်လ်သင်တန်းတက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ကြော်ငြာတစ်ခု စတင်ရိုက်ကူးခဲ့ပြီး အနုပညာလောကထဲသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ မော်ဒယ်လ်လောကမှ သရုပ်ဆောင်ဖက် ကူးလာသူဖြစ်သည်။[၁]

မိုးဟေကို
မိုးဟေကို
မွေးဖွားအေးအေးခိုင်
(၁၉၈၅-0၆-၂၆) ဇွန် ၂၆၊ ၁၉၈၅ (အသက် ၃၈)
မန္တလေး၊ စိန်ပန်းရပ်ကွက်
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်မော်ဒယ်လ်

သူမသည် ၂၀၁၄-၂၀၁၅ အကယ်ဒမီ ပေးပွဲအတွက် ဒါရိုက်တာ ဝိုင်း ရိုက်သော နှလုံးသားဖြင့်ပြုလုပ်သည် (Made in Heart ) ဇာတ်ကားဖြင့် တစ်ကြိုပေးခြင်းခံခဲ့ရသည်။

ငယ်ဘဝ ပြင်ဆင်ရန်

မိုးဟေကို ကို ၁၉၈၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဖခင်ဦးကျော်မင်း၊ မိခင် ဒေါ်နုနုစိန် တို့၏ သမီးလတ်ဖြစ်သည်။ မွေးချင်း အစ်ကိုတစ်ယောက်၊ မောင်တစ်ယောက်ရှိကာ အထက (၁) တောင်ဥက္ကလာပမြို့နယ်မှ အထက်တန်းကို ဖြေဆိုအောင်မြင်ခဲ့သည်။

မော်ဒယ်အဖြစ်စတင်ခဲ့ပုံ ပြင်ဆင်ရန်

မိုးဟေကိုသည် ၉ တန်းကျောင်းသူဘဝတွင် တင်မိုးလွင်၏ မော်ဒယ်သင်တန်းကို တက်ရောက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဂျွန်လွင်မော်ဒယ်အကယ်ဒမီ၏ ပွဲများတွင် ပါဝင်ကာ မော်ဒယ်ဘဝကို စတင်ခဲ့သည်။

သရုပ်ဆောင်ဘဝ ပြင်ဆင်ရန်

မိုးဟေကိုသည် ၂၀၀၅ ခုနှစ်တွင် ထွက်ရှိခဲ့သော အိပ်မက်အလွန် ဆိုတဲ့ ဇာတ်ကားတွင် လူမင်းနှင့်တွဲဖက်ကာ ခေါင်းဆောင်မင်းသမီးအဖြစ်က စတင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်မှာပင် ပြေတီဦး၊ ခိုင်နှင်းဝေတို့နှင့် အတူ ကျွန်မ မဟေသီ ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး လူမင်း၊ ရဲတိုက်၊ တင့်တင်ထွန်းတို့အတူ ပါဝင်ရိုက်ကူးခဲ့သော အမျှင် ဇာတ်ကားသည် ပြည်တွင်းတွင် အောင်မြင်မှုရရှိခဲ့သည်။

ရုပ်ရှင်လောကနှင့် အောင်မြင်မှုများ ပြင်ဆင်ရန်

၂၀၀၈ ခုနှစ်တွင် သူမ၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော မိုးည အိပ်မက်မြူ ရုပ်ရှင်ဇာတ်ကားကြီးတွင် နေတိုးစိုးပြည့်သဇင်သင်ဇာဝင့်ကျော် တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်ရှင်ကို ဒါရိုက်တာ ကြည်ဖြူသျှင်က ရိုက်ကူးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ရုံတင်ခဲ့သည်။ ထိုရုပ်ရှင်လည်း အောင်မြင်မှုရခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတစ်ခုဖြစ်သော အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။

၂၀၁၃-ခုနှစ်တွင် ဒါရိုက်တာဝိုင်းရိုက်ကူးပြီး သရုပ်ဆောင်ပြေတီဦးဝတ်မှုံရွှေရည်တို့ပါဝင်သော နှလုံးသားဖြင့် ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ခဲ့ပြီး အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုအတွက် စကာတင်စာရင်းတွင် ပါဝင်ခဲ့ပြန်သည်။ ၂၀၀၅-ခုနှစ်မှ လက်ရှိအချိန်ထိ မိုးဟေကိုသည် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

ရုပ်ရှင်ထုတ်လုပ်ရေး နှင့်စီးပွားရေးလုပ်ငန်းများ ပြင်ဆင်ရန်

၂၀၁၄-ခုနှစ်မှာ မိုး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်ခဲ့ပြီး"ရုံးပတီသီးလေးများ"၊ "ခိုးဆိုးလုနှိုက်" စသော ရုပ်ရှင်ဇာတ်ကားကြီးများအပါဝင် လက်ရှိအချိန်ထိ ဇာတ်ကား ၁၀ ကားခန့် ရိုက်ကူးထုတ်လုပ်ခဲ့သည်။ သူမသည် ၂၀၁၄-၂၀၁၅ အကယ်ဒမီ ပေးပွဲအတွက် ဒါရိုက်တာ ဝိုင်း ရိုက်သော နှလုံးသားဖြင့်ပြုလုပ်သည် (Made in Heart ) ဇာတ်ကားဖြင့် တစ်ကြိုပေးခြင်းခံခဲ့ရသည်။

၂၀၁၅-ခုနှစ်၊ မတ်လ (၂၇)ရက်နေ့မှာ မိုး ပိုးထည်တိုက် ကို စတင်ဖွင့်လှစ်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များ ပြင်ဆင်ရန်

၂၀၁၆-ခုနှစ်မှာ ကျွန်မချစ်သော အမည်ရှိခရီးသွားမှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်ထဲတွင် သူမ သွားရောက်လည်ပတ်ခဲ့သော နေရာဒေသများနှင့် သူမ၏အလှဓာတ်ပုံများ ပါဝင်ပြသထားသည်။ အဆိုပါစာအုပ်ကို ထိုင်းနိုင်ငံတွင် ပုံနှိပ်ရိုက်ကူးခဲ့ပြီး ပထမအကြိမ်အဖြစ် အုပ်ရေ (၂၀၀၀) ဖြန့်ချိခဲ့သည်။

ရိုက်ခဲ့သော ဇာတ်ကားများ ပြင်ဆင်ရန်

  • အိပ်မက်အလွန်
  • မိုးညအိပ်မက်မြူ
  • လူစိမ်း
  • အမျှင်
  • ရှော့ရှိတဲ့အချစ်များ
  • နှလုံးသားဖြင့် ပြုလုပ်သည်
  • ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်
  • အချိန်တိုင်း နေရာတိုင်း
  • တိုက်ဆိုင်မှု ရှိလျှင်
  • တောကျီးကန်း
  • အမုန်းတွေ ခေါက်ထားလိုက်
  • ပပဝတီ စီရင်ခန်း"
  • အမုန်း

ကိုးကား ပြင်ဆင်ရန်

  1. မောင်ယဉ်ကျော်၊ ထင်ပေါ်ကျော်ကြား အနုပညာရှင်များ၏ ရုပ်ရှင်ဒိုင်ယာရီ
  2. http://www.planet.com.mm/models/model.cfm?m=mhk