မေခမြစ် သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်တစ်စင်း ဖြစ်သည်။

မေခမြစ်
နိုင်ငံတရုတ်နိုင်ငံမြန်မာနိုင်ငံ
အချက်အလက်များ
မြစ်ဖျားခံရာဟိမဝန္တာ တောင်တန်း
စီးဝင်ရာနေရာမေလိခမြစ်နှင့် ပေါင်းဆုံ
၁၅၀ m (၄၉၀ ft)
25°42′37″N 97°30′10″E / 25.71028°N 97.50278°E / 25.71028; 97.50278ကိုဩဒိနိတ်: 25°42′37″N 97°30′10″E / 25.71028°N 97.50278°E / 25.71028; 97.50278
မြစ်ဝှမ်း အချက်အလက်များ
မြစ်စနစ်ဧရာဝတီမြစ်

လမ်းကြောင်း

ပြင်ဆင်ရန်

မေခမြစ်သည် မြောက်လတ္တီကျူ့ ၂၈ ဒီဂရီခန့်၊ တိဗက်အရှေ့ပိုင်း ဟိမဝန္တာ တောင်တန်း ရေခဲပြင်များမှ မြစ်ဖျားခံကာ မေလိခမြစ်နှင့် အပြိုင် စီးဆင်းသည်။[] မေခမြစ်သည် မေလိခမြစ်နှင့် ကချင်ပြည်နယ်အတွင်းတွင် ပေါင်းဆုံပြီး ဧရာဝတီမြစ် ဖြစ်ပေါ်သည်။

မြစ်နှစ်စင်းဆုံရာ မြစ်ဆုံသည် ကချင်လူမျိုးများအတွက် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် အရေးပါသလို မြန်မာနိုင်ငံ၏ အရေးပါသော အမှတ်သင်္ကေတစ်ခုလည်း ဖြစ်သည်။[] မြစ်ဆုံနေရာတွင် မြစ်ဆုံဆည်ကို တည်ဆောက်ရန် စတင်ခဲ့သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

ဗြိတိသျှ သစ်တောနှင့် သကုဏဗေဒ ပညာရှင်ဖြစ်သူ Bertram E. Smythies က ၁၉၄၀ ဆယ်စုနှစ်တွင် ယင်းဒေသကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။[] ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းတွင် မြစ်ကြီးနားတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ လက်ထောက်ကထိကဖြစ်သူ ကလျာလု က ရေဝေကုန်းတန်းဒေသရှိ အပင်အမျိုးအစားများနှင့် ပတ်သက်သော စာတမ်းတစ်စောင် ပြုစုခဲ့ရာ ယင်းဒေသတွင် အမြင့် မီတာ ၈၀၀ မှ မီတာ ၄၆၀၀ ကျော်အတွင်း များစွာသော ဂေဟစနစ်များ တည်ရှိနေသလို ကမ္ဘာပေါ်ရှိ တရုတ်-ဟိမဝန္တာ ပန်းမန်အမျိုးအစား အများဆုံးရှိသော ဒေသတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။[]

၂၀၀၇ ခုနှစ်တွင် ဧရာဝတီမြစ်၊ မေခနှင့် မေလိခမြစ်များတွင် ဆည်များ တည်ဆောက်ရန်အတွက် မြန်မာအစိုးရသည် တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ မေခမြစ်တွင် ဆည် ငါးခု၊ မေလိခမြစ်တွင် ဆည် ၁ ခုနှင့် မြစ်ဆုံဒေသတွင် ဆည် ၁ ခု တည်ဆောက်ရန် အဆိုပြုခဲ့သည်။ မြစ်ဆုံဒေသရှိ ဆည်မှာ ဆည်ခုနစ်ခုအနက် အကြီးဆုံးဖြစ်ကာ မြစ်ဆုံဒေသကို ပျက်စီးစေနိုင်သည်။[] တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး[] ချီဖွေမြို့ရှိ ကန့်ကွက်ဆန္ဒပြသူ ဒေသခံများသည် အစိုးရ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသည်။[]


  1. ၁.၀ ၁.၁ Kalaya Lu, "Abstract: Floradiversity of North-eastern Kachin Myanmar Section of Sino-himalaya (N'mai Hka-Than Lwin Water Division)" Archived 19 December 2008 at the Wayback Machine., Myitkyina University, Faculty of Botanics, 2006. Accessed June 27, 2009.
  2. ၂.၀ ၂.၁ Burma Rivers Network, "Irrawaddy/N'Mai/Mali Dams Archived 9 July 2009 at the Wayback Machine., 2009"
  3. B. E. Smythies, "A Reconnaissance of the N'Mai Hka Drainage, Northern Burma" Archived 19 September 2012 at Archive.is, Ibis, Volume 91 Issue 4, Pages 627-648, Wiley.
  4. Shyamal Sarkar, Kachin hydropower projects to spell doom Archived 12 June 2011 at the Wayback Machine.,Kachin News, January 31, 2008
  5. Burma News Network, "Christian leaders questioned over anti-dam campaign", July 29, 2008.

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်