ချီဖွေမြို့
ချီဖွေမြို့သည် ကချင်ပြည်နယ်၊ ချီဖွေခရိုင်တွင် ပါဝင်သော မြို့နယ်အဆင့်မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့မှအရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ အရှေ့တောင်ဖက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နှင့် ၄၀ မိုင်ခန့်ကွာဝေးသည်။ မြောက်ဖက်တွင် လောခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။
ချီဖွေမြို့ | |
---|---|
မြို့ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 25°51′N 98°06′E / 25.850°N 98.100°E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ကချင် |
ခရိုင် | ချီဖွေ |
မြို့နယ် | ချီဖွေ |
လတ္တီကျု | (၂၅)ဒီဂရီ၊ (၅၁)မိနစ် |
လောင်ဂျီကျု | (၉၈)ဒီဂရီ၊ (၆)မိနစ် |
လူဦးရေ (၂၀၁၄) | ၁,၅၆၇[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ထောင်ဖက်တွင် မြစ်ကြီးနားမြို့နှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။ ချီဖွေမြို့ တောင်ဖက် ၆ မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီးတွင် တရုတ်စီပီအိုင်ကုမ္ပဏီပိုင် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ (စက်တပ်ဆင်အင်အား -၉၉ မဂ္ဂါဝပ်)နှင့် ချီဖွေမြို့မြောက်ဖက် မေခမြစ်ပေါ်တွင် ချီဖွေရေအားလျှပ်စစ်စီမံကိန်း (၃၄၀၀မဂ္ဂါဝပ်)တို့ တည်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။