မောင်းမကန်ကမ်းခြေ
မောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်တွင် တည်ရှိသည်။ ထားဝယ်မြို့မှ အနောက်ဘက် (၁၀) မိုင်ကျော်ခန့်အကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားသည်။ ထားဝယ်မြို့မှ ကမြောကင်းတံတားအား ဖြတ်ကျော်ပြီး သွားရမည် ဖြစ်သည်။ မောင်းမကန်ကမ်းခြေမရောက်မီ သုံးထပ်လမ်းမကြီးတည်ရှိသော တောင်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။
မောင်းမကန်ကမ်းခြေ | |
---|---|
Maungmagan beach | |
ကိုဩဒိနိတ်: 14°08′41.12″N 98°06′27.75″E / 14.1447556°N 98.1077083°Eကိုဩဒိနိတ်: 14°08′41.12″N 98°06′27.75″E / 14.1447556°N 98.1077083°E | |
နိုင်ငံ | မြန်မာနိုင်ငံ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
မြို့နယ် | ထားဝယ်မြို့နယ် |
ကျေးရွာ | မောင်းမကန် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC6:30) |
သမိုင်းကြောင်း
ပြင်ဆင်ရန်မောင်းမကန်ဟု အမည်နာမ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာ ရှေးအခါမြန်မာမင်းများ (အလောင်းစည်သူမင်းဟုလည်း ဆို[၁]) မောင်းမကန်ကမ်းခြေ ကို ဖောင်တော်ဆိုက်ကပ်သော အခါ ကမ်းခြေမှာ အနားယူသည် ဆိုသည်။ ထိုအချိန်တွင် မောင်းမခြွေရံများက ရေကူးကစားပြီးသောအခါ ဆားငန်ရေများအား ရေချိုဖြင့်ပြန်ချိုးရန် ရေမရှိသည့်အတွင် ရေကန်တူးပေးရာ မှ ထိုနေရာကို မောင်းမ ကန် တဆင့် မောင်းမကန် ဟု ခေါ်တွင်ရခြင်း ဖြစ်၏။
အနေအထား
ပြင်ဆင်ရန်မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင် အဖြောင့်တန်းဆုံး ကမ်းခြေဟု ဆိုရမည်။ မြန်မာနိုင်ငံ မြောက်မှ တောင်ဘက်သို့ ဖြောင့်တန်းစွာ ကပ္ပလီ ပင်လယ်ပြင်အား မျက်နှာမူလျက်ရှိသည်။ ကမ်းခြေတွင် ကျောက်ဆောင်အနည်းငယ် ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၄။