မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

မောစ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ထားဝယ်ခရိုင်တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိသည်။ တောင်၊ မြောက်၊ အလယ် မော့စ်ကော့ကျွန်းများကို ပေါင်းစည်း၍ ဘေးမဲ့တောအဖြစ် တည်ထောင်ထားခြင်း ဖြစ်ပြီး အက်ဒမန်ပင်လယ်၏ မြောက်ဘက်တွင်တည်ရှိသည်။

မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
IUCN category IV (habitat/species management area)
မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ တည်နေရာပြ မြေပုံ
မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ တည်နေရာပြ မြေပုံ
မြန်မာနိုင်ငံတွင်း တည်နေရာ
တည်နေရာရေဖြူ နှင့် လောင်းလုံမြို့နယ်တနင်္သာရီတိုင်းဒေသကြီး  မြန်မာ
ကိုဩဒိနိတ်14°04′30″N 97°50′15″E / 14.07500°N 97.83750°E / 14.07500; 97.83750ကိုဩဒိနိတ်: 14°04′30″N 97°50′15″E / 14.07500°N 97.83750°E / 14.07500; 97.83750
ဧရိယာ၄၉.၂၁ km2 (၁၉.၀၀ sq mi)[]
ဖွဲ့စည်း၁၉၂၇
အုပ်ချုပ်ရေးသစ်တောဦးစီးဌာန

မြောက်လတ္တီတွဒ်၁၄°၀၄'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၅၀'၊ ရေဖြူမြို့နှင့် လောင်းလုံမြို့နယ်များအတွင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် တည်ရှိသည်။ ၁၉၂၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၄၉.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။

သဘာဝအရင်းအမြစ်များ

ပြင်ဆင်ရန်

ကျောက်ဆောင်၊ ကျောက်တုံးများပေါများသော ကျွန်းများမှတပါး ကျန်ဒေသများကို အမြဲစိမ်းတော ၇၅ ရာခိုင်းနှုန်းဖုံးလွှမ်းထားသည်။ ကျောက်ဆောင် ကျောက်ဂူများပေါများသော ကျွန်းများတွင် ဇီဝဇိုးငှက်(Collocalia fuciphaga) အသိုက်များပြုလုပ်ကြပြီး ငှက်သိုက်များသည် စီပွားရေးဈေးကွက်အရ ဝယ်ယူလိုမှု အလွန်မြင့်မားသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

ပြင်ဆင်ရန်

မောင်းမကန်ကျွန်း(အလယ်ကျွန်း)တွင် တပ်မတော် (ရေ)၏ ကာကွယ်မှုအောက်တွင်ရှိနေသော်လည်း ဇီဝဇိုးငှက်သိုက်များကို အလွန်အမင်း ခွာယူ(ထုတ်ယူ)မှုများ မြင့်မားနေသည်။ ထို့ပြင် ရေပြင်သယံဇာတများ သုံးစွဲမှုများကလည်း မြင့်မားနေသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ပြင်ဆင်ရန်

ခရီးသွားလာရေးလုပ်ငန်းများ

ပြင်ဆင်ရန်

ခရီးသွားများကို ကျွန်းထိ လာရောက်ခြင်းကို ကန့်သတ်ထားသည်။ အလယ်မောစ်ကော့ကျွန်း၏ ရှေ့မျက်နှာတွင်ရှိသော ကမ်းရိုးတန်းတွင် တည်ရှိသည့် မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင်ရှိသော လည်ပတ်သွားလာမှုများသော ကမ်းခြေထဲမှ တစ်ခုဖြစ်ကာ ခရီးသွားများကြားတွင် ရေပန်းစားလှသည်။ ထားဝယ်မြို့တောင်ဘက် ၁၅ကီလိုမီတာအကွာတွင် တည်ရှိသည်။

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန 23 October 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
  2. Report: Myanmar Protected Area (2011)


  1. World Database on Protected Areas (2019)။ Moscos Islands Wildlife Sanctuary