မော့စကော့ကျွန်းများ သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းကမ်းရိုးတန်း၏ လက်ယာဘက် ကပ္ပလီပင်လယ်ပြင်တွင် တည်ရှိသည့် ကျွန်းတစ်ခု ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ ကျွန်းသို့ ခရီးသွားများ သွားလာခြင်းကို ခွင့်မပြုပေ။

မော့စကော့ကျွန်းများ
ကျွန်းစု
ထားဝယ်မြစ်ဝ။ တောင်မော့စကော့ကျွန်းကို အပေါ်ဘယ်ဖက်တွင် တွေ့နိုင်သည်။ဓာတ်ပုံ နာဆာ
ထားဝယ်မြစ်ဝ။ တောင်မော့စကော့ကျွန်းကို အပေါ်ဘယ်ဖက်တွင် တွေ့နိုင်သည်။ဓာတ်ပုံ နာဆာ
မော့စကော့ကျွန်းများ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မော့စကော့ကျွန်းများ
မော့စကော့ကျွန်းများ
ကိုဩဒိနိတ်: 14°7′N 97°48′E / 14.117°N 97.800°E / 14.117; 97.800
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးတနင်္သာရီ
ဧရိယာ
 • စုစုပေါင်း၄၉.၁၉ စတုရန်းကီလိုမီတာ (၁၈.၉၉ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၅၂ မီတာ (၁၁၅၅ ပေ)
လူဦးရေ
 • စုစုပေါင်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပထဝီသွင်ပြင် ပြင်ဆင်ရန်

ကျွန်း၏ အရှည်သည် ၇၀ ကီလိုမီတာရှည်သည်။ ကျွန်းတစ်ခုလုံး၏ ခြေသွေ့နေရာဒေသသည် ၄၁.၁၉ စတုရန်းကီလိုမီတာ ရှိသည်။[၁]

ကျွန်းတွင် လူအခြေချနေထိုင်မှု မရှိပေ။ သို့သော် ကျွန်းအနီးရှိ ကမ်းရိုးတန်းများမှ ငါးဖမ်းသမားများမှာမူ ခြောက်သွေ့ရာသီ၌ ကျွန်းတွင် ယာယီအလို့ငှါ နေထိုင်ကြသည်များ ရှိသည်။ ပုံမှန်အားဖြင့် ထိုငါးဖမ်းသမားများသည် ငါးဖမ်းရန်အတွက်ဖြစ်သော်လည်း သစ်များ ခုတ်လှဲခြင်း၊ ပင်လယ်လိပ်ဥများ၊ ငှက်သိုက်များ (Swiftlet nests) ရယူခြင်းနှင့် သစ်တောထွက်ပစ္စည်းများရယူခြင်းများ လုပ်ဆောင်ကြသည်။[၂]

ဂေဟဗေဒ ပြင်ဆင်ရန်

ပုံမှန်အားဖြင့် ကျွန်းများအားလုံးသည် သစ်တောများထူထပ်ကြကာ ကျောက်ဆောင်များက နက်ရှိုင်းစွာ တည်ရှိသည်။ ကျွန်းများ၏ ကမ်းခြေသည် ပင်လယ်လိပ်မျိုးစုံ၏ ဥ ဥရာ ဒေသလည်းဖြစ်သည်။ ကိုလိုနီခေတ် ၁၉၂၄ ခုနှစ်တွင် ကျွန်းစုတစ်ခုလုံးအား ထိန်းသိမ်းရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ခဲ့သည်။

လက်ရှိတွင် ကျွန်းစုတစ်ခုလုံးအား မော့စ်ကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အဖြစ် သတ်မှတ်ထားသည်။ လိပ်ဥနှင့် ငှက်သိုက်များ စုဆောင်းခြင်းကို အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။[၃][၄]

ကျွန်းများ ပြင်ဆင်ရန်

မော့စ်ကော့ကျွန်းစုတွင် အဓိက ကျွန်းအုပ်စုလေးခု ပါဝင်သည်။

  • မြောက်မော့စ်ကော့
    • ဟိန်းဇံကျွန်းစု 14°24′N 97°46′E / 14.400°N 97.767°E / 14.400; 97.767 - ဟိန်းဇံမြစ်ဝ၏ ၂၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး ကျွန်းငယ်လေးခု ပါဝင်သော ကျွန်းအုပ်စုဖြစ်သည်။ ဟိန်းဇံဘုတ်ကျွန်းမှာ အကြီးဆုံးဖြစ်ကာ ၃.၂ ကီလိုမီတာ ရှည်လျားပြီး ၁.၄ ကီလိုမီတာ အကျယ်အဝန်းရှိကာ အမြင့်ဆုံးမှတ်မှာ ၃၁၂ မီတာ ဖြစ်သည်။
    • ဘုတ်ရဲဂံကျွန်းစု 14°18′N 97°47′E / 14.300°N 97.783°E / 14.300; 97.783 - ဘုတ်ရဲဂံကျွန်းသည် ဝိုင်းဝန်းသော သဏ္ဌာန်ရှိပြီး ၂ ကီလိုမီတာ အချင်းရှိကာ အကြီးဆုံးကျွန်းဖြစ်သည်။ အမြင့်ဆုံးအမှတ်မှာ ၃၅၉ မီတာရှိပြီး ကျန်ကျွန်းများမှာ ပြန့်ကျဲနေသော ကျွန်းငယ် ခြောက်ခု ဖြစ်သည်။
  • အလယ်မော့စ်ကော့ (မောင်းမကန်ကျွန်းစု) 14°9′N 97°47′E / 14.150°N 97.783°E / 14.150; 97.783 - ကျွန်းကြီးနှစ်ခုနှင့် ကျွန်းငယ်နှစ်ခု ပါဝင်သည်။ Sabyat ကျွန်းသည် မြောက်ဘက်အကျဆုံးဖြစ်ပြီး အမြင့်ဆုံးအမှတ်မှာ ၁၁၉ မီတာဖြစ်သည်။ မြောက်ကျွန်းမှာ အကြီးဆုံးကျွန်းဖြစ်ပြီး ၆.၈ ကီလိုမီတာအရှည်နှင့် ၃.၃ ကီလိုမီတာ ရှည်လျားကာ အမြင့်ဆုံးအမှတ်မှာ ၃၁၂ မီတာ ဖြစ်သည်။
  • တောင်မော့စ်ကော့ (လောင်းလုံဘုတ်ကျွန်းစု) 13°51′N 97°55′E / 13.850°N 97.917°E / 13.850; 97.917 - အဓိကကျွန်းနှစ်ခုဖြစ်သော ၆ ကီလိုမီတာရှည်သော အိတ်ဘုတ်ကျွန်းနှင့် ၁၀ ကီလိုမီတာရှည်သော အောက်ဘုတ်ကျွန်းတို့မှာ တောင်မြောက်တန်း၍ တည်ရှိသည်။ ၁.၅ ကီလိုမီတာအရှည်ရှိ ငှက်သိုက်ကျွန်းမှာ အနည်းငယ်သေးကာ ကျွန်းနှစ်ခုအကြားတွင်သည်။ အောက်ဘုတ်ကျွန်းမှာ မော့စ်ကော့ကျွန်းစုတွင် အကြီးဆုံးကျွန်း ဖြစ်သည်။ တောင်မော့စ်ကော့ကျွန်းအုပ်စုမှာ သန္တာကျောက်တန်းများဖြင့် ဝန်းရံထားပြီး တောင်မော့စကော့အား အမျိုးသား အဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်ရန် ၁၉၈၂ ခုနှစ်တွင် အဆိုပြုခဲ့သည်။[၅] တောင်မော့စ်ကော့ကျွန်းတွင် တပ်မတော် စခန်းတစ်ခု ရှိသည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုဩဒိနိတ်: 14°07′30″N 97°48′15″E / 14.12500°N 97.80417°E / 14.12500; 97.80417

ကိုးကား ပြင်ဆင်ရန်

  1. Prostar Sailing Directions 2005 India & Bay of Bengal Enroute By National Geospatial-intelligence Agency
  2. Moscos Islands Wildlife Sanctuary Archived 2008-12-01 at the Wayback Machine.
  3. Ramsar - Burma Archived 2011-08-25 at the Wayback Machine.
  4. Ramsar - Burma Archived 2011-08-25 at the Wayback Machine.
  5. Marine Protected Areas in Southeast Asia Archived 2011-12-13 at the Wayback Machine.