မျိုးမြင့်မောင် သည် တပ်မတော်(ရေ)တွင် စစ်မှုထမ်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန သို့ ကူးပြောင်းလာကာ ဆယ်စုနှစ်တစ်ခုကြာ အမှုထမ်းခဲ့သူဖြစ်သည်။သူသည် ထိုမှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ သံအမတ်ကြီးရာထူး ဖြင့် ထပ်ရွေ့၍ နီပေါနိုင်ငံ ဆိုင်ရာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသည်။[]

H.E

မျိုးမြင့်မောင်
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၄ ဇူလိုင် ၂၀၂၄
အမြဲတမ်းအတွင်းဝန် ပြန်ကြားရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၃၀ ဇန်နဝါရီ ၂၀၁၆ – ဇွန် ၂၀၂၄
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ရေ)
ရာထူးဒုတိယဗိုလ်မှူးကြီး

စစ်မှုထမ်းနှင့်ဝန်ထမ်းဘဝ

ပြင်ဆင်ရန်

သူသည် တပ်မတော် (ရေ) တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် ၂၀၁၀ပြည့်နှစ် အထိ တာဝန်ထမ်းသည်။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန သို့ အရပ်သားအနေဖြင့် ရောက်ရှိလာပြီး ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးချိန်ကစ၍ သတင်းများ စိစစ်တည်းဖြတ်ရန် တင်းကြပ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော ရန်ကုန် ဗဟန်းမြို့နယ် ရှိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲ [] တွင် စာစစ်အဖွဲ့ဝင်တစ်ဦး အဖြစ် ၂၀၁၀ပြည့်နှစ် ဇွန်လကစပြီး အမှုထမ်းသည်။သူတာဝန်ထမ်းချိန် ဒုတိယညွန်မှူးရာထူး နှင့် ဖြစ်သည်။၎င်းသည် ပြည်တွင်းထုတ် ဂျာနယ်များ၏ သတင်းများကို ဦးစီးစိစစ်ကာ နိုင်ငံရေးသတင်းများ ဖော်ပြမှုအား ယခင်ကထက် ပိုမိုတင်းကြပ်ခဲ့သည်။ထိုခေတ်ကာလက စာပေကင်ပေတိုင်ရုံး ဟု အမည်ပြောင်ပေးခံရသော စာပေစိစစ်ရေးရုံးတွင် သူသည် အမည်ဆိုးဖြင့် သတင်းမီဒီယာများကြား ထင်ရှားခဲ့သည်။[] ဦးသိန်းစိန် အစိုးရ လက်ထက် အရောက် စာနယ်ဇင်းလွတ်လပ်ခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ကျင့်သုံးနိုင်ရန် ၂၀၁၂ ခုနှစ် သြဂုတ် ၂၀ ရက် ကစ၍ ထုတ်ဝေစာများအား ကြုတင်စိစစ်သည့်စနစ် အားဖျက်သိမ်းပြီး ၂၀၁၃ခုနှစ် ဇန်နဝါရီ ၂၄ ရက်တွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနခွဲ ကိုပါ ဖျက်သိမ်းစဥ် သူသည် ယင်းဌာနခွဲ၏ အကြီးအကဲအဖြစ် ရှိနေခဲ့သည်။[] ထို့နောက် ရာထူးအဆင့်ဆင့်တိုးကာ ပြန်ကြားရေးဝန်ကြီးရုံး တွင် ဒုတိယညွန်ကြားရေးမှူးချုပ်၊ဒုတိယအမြဲတမ်းအတွင်းဝန် အထိဖြစ်လာပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြန်ကြားရေးဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် အဖြစ်ခန့်အပ်ခံရသည်။[]ထို့အပြင် သူသည် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ရာထူးအား ၈နှစ်ကြာ တစ်ဆက်တည်းတာဝန်ထမ်းဆောင်သူဖြစ်ခဲ့သည်။သူတာဝန်ထမ်းဆောင်စဥ်ကာလ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်က ပြည်ထောင်စုလွှတ်တော် အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ပတ်သက်သည့် အရေးကြီး အဆိုတခုကို တပ်မတော် က အပြင်းအထန် ကန့်ကွက်နေစဉ် တိုက်ရိုက် ထုတ်လွှင့် ပြသလျက် ရှိသည့် မြန်မာအသံနှင့် ရုပ်မြင်သံကြား လိုင်းမှာ အချိန်ပိုင်း ပြတ်တောက်ခဲ့ပြီး ထို ပြတ်တောက်နေသည့် အချိန်အတွင်း အဆိုတော် ဟေမာနေဝင်း အပါအဝင် တေး သီချင်းများ ထုတ်လွှင့်ပေးခဲ့သည့် ဖြစ်စဥ်နှင့်စပ်လျဥ်း၍ သူနှင့် တပ်မတော် တို့အကြား အပြန်အလှန် အငြင်းပွားမှုမှာ ထင်ရှားခဲ့သည်။ []သူသည် စစ်တပ်က ၂၀၂၁ စစ်အာဏာသိမ်းချိန် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အဖြစ် ရှိခဲ့သည်။

သံအမတ်ကြီးဘဝ

ပြင်ဆင်ရန်

၂၀၂၄ ခုနှစ် ဇွန်လ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ သံအမတ်ကြီး အဖြစ် ပြောင်းရွေ့သည်။၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက် တွင် နီပေါနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ်ခံရသည်။သူသည် အရပ်ဘက် ဝန်ကြီးဌာန တစ်ခု ၏ အမြဲတမ်းအတွင်းဝန် အဖြစ်မှ သံအမတ်ကြီး အဖြစ် သို့ ကူးပြောင်းရောက်ရှိလာသူ အဖြစ် ရှားပါး မှတ်တမ်းဝင်ခဲ့သည်။

ရရှိသောဆု

ပြင်ဆင်ရန်

သူသည် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်တွင် စီမံထူးချွန် (ပထမအဆင့်) ချီးမြှင့်ခံရသည်။[]

  1. ဦးမျိုးမြင့်မောင်အား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်MOI Myanmar (၂၄ ဇူလိုင် ၂၀၂၄)။ ၃ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. စစ်အာဏာသိမ်းမှုနောက် စာပေအမှောင်ခေတ်ကို ပြန်ရောက်တော့မှာလားBBC Burmese (၁၀ ဇွန် ၂၀၂၂)။ ၃ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ဦးတင်အောင်မြင့်ဦး သတင်း ဖော်ပြလျှင် အရေးယူမည်The Irrawaddy (၈ မေ ၂၀၁၂)။ ၃ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. စာပေစိစစ်ရေးဌာန ဖျက်သိမ်းDVB (၂၅ ဇန်နဝါရီ ၂၀၁၃)။ ၃ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ ၁၀၁ /၂၀၁၆ ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူးများခန့်ထားခြင်းမြန်မာနိုင်ငံတော်ပြန်တမ်း ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၇ရက်နေ့ထုတ်စာစောင် (၃၀ ဒီဇင်ဘာ ၂၀၁၆)။ ၃ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. လွှတ်တော် ရုပ်သံလိုင်း ပြတ်တောက်ခဲ့မှု စုံစမ်းစစ်ဆေးနေThe Irrawaddy (၁၃ ဖေဖော်ဝါရီ ၂၀၁၉)။ ၃ စက်တင်ဘာ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၂)