မြတောင်ရွာ၊ ထီးချိုင့်မြို့နယ်

မြတောင်ရွာ (အင်္ဂလိပ်: Myataung)သည် စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်ထီးချိုင့်မြို့နယ်မြတောင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ မြတောင်ကျေးရွာ အုပ်စုတွင် မြတောင်ရွာ၊ ကက္ကုရွာ၊ တောရရွာ၊ သပြေလှရွာနှင့် ဖုန်းကုန်းလေးရွာတို့ ပါဝင်ကြသည်။ ရွာနေရာကုတ်မှာ ၁၇၄၆၁၉ ဖြစ်သည်။ [၁]

မြတောင်
ရွာ
မြတောင်ရွာ
မြတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြတောင်
မြတောင်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 23°43′48″N 96°09′20″E / 23.7300300598145°N 96.1555862426758°E / 23.7300300598145; 96.1555862426758ကိုဩဒိနိတ်: 23°43′48″N 96°09′20″E / 23.7300300598145°N 96.1555862426758°E / 23.7300300598145; 96.1555862426758
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ကသာခရိုင်
မြို့နယ်ထီးချိုင့်မြို့နယ်
ကျေးရွာအုပ်စုမြတောင်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ဧရာဝတီမြစ်၏ အရှေ့ခြမ်းတွင် တည်ရှိပြီး အိမ်ခြေတစ်ထောင်ကျော်ခန့်ရှိသည်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကျသည်။ ပဲအမျိုးမျိုး၊ စပါး နှင့် ကြံစိုက်ပျိုးကြသည်။

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် ဖြစ်ခဲ့သော သီပေါဘုရင်၏ မိဘုရားခေါင်ကြီး စုဖုရားလတ် အပျိုတော်ဘဝက အပိုင်စားရခဲ့သည့် ရွာဖြစ်သည်။ တကောင်းမြို့တော်၏ အထက်မိုင်(၂၀)ခန့်တွင် တည်ရှိသည်။ ရှေးယခင် မြန်မာဘုရင်များလက်ထက်တွင် မြို့အဖြစ်တည်ရှိသောလည်း အင်္ဂလိပ်အစိုးရလက်ထက်တွင် ထီးချိုင့်မြို့နယ်အတွင်း သွတ်သွင်းခံခဲ့ရသည်။[ကိုးကားချက်လိုသည်] မြတောင်ရွာ ရှေးယခင်ကပင် တည်ရှိခဲ့ပြီး အနော်ရထာမင်းကြီးလက်ထက် ဧရာဝတီ မြစ်အတွင်း တည်ခဲ့သည့် ကင်းမြို့ ၄၃ မြို့တွင် အပါဖြစ်သည်။

ဗမာ၊ ရှမ်းနှင့် လီဆူးလူမျိုးများနေထိုင်ကြသည်။


ကိုးကား ပြင်ဆင်ရန်

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။