မြန်မာနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော အတည်ပြုလူနာများ
အောက်ပါတို့သည် မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုတွင် ရောဂါပိုးကူးစက်ခံရသော အတည်ပြုလူနာများ စာရင်းဖြစ်သည်။
တီးတိန်မြို့နယ်မှလူနာ၏ ဆက်စပ်လူနာများ
ပြင်ဆင်ရန်ရင်းမြစ် | ဆက်လက်ကူးစက်သူ |
C1 | C21 |
31 | |
74 | |
78 | |
88 |
C1 - တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှလူနာ (၂၃ မတ် ၂၀၂၀)
ပြင်ဆင်ရန်ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ရောဂါပိုးတွေ့ရှိခဲ့သော အသက် (၃၆)နှစ်အရွယ်အမျိုးသားမှာ မတ်လ(၁၃)ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှ အမေရိကန်လေကြောင်းလိုင်း (AA3269)ဖြင့် အမေရိကန်နိုင်ငံ ချီကာဂို (Chicago)သို့၎င်း၊ ထိုမှတစ်ဆင့် ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ကာတာလေကြောင်းလိုင်း (Qatar 726)ဖြင့်လည်းကောင်း၎င်း ထွက်ခွာခဲ့သည်။ မတ်လ (၁၄)ရက်နေ့တွင် ဒိုဟာမြို့မှ ကာတာလေကြောင်းလိုင်း (Qatar 916)ဖြင့် ထွက်ခွာလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ်လ(၁၅)ရက်နေ့ နံနက် (၅:၃၅)တွင်ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (UB 503)ဖြင့် ထွက်ခွာရာ မတ်လ(၁၅)ရက်နေ့ နေ့လယ် ၂:၃၀တွင် ကလေးမြို့သို့ ရောက်ရှိခဲ့သည်။
ကလေးမြို့တွင် မတ်လ (၁၅)ရက်မှ မတ်လ (၁၇)ရက်နေ့အထိ တပ်ဦးသီတာ၊ ရတနာပုံလမ်း၌ တည်းခိုခဲ့သည်။ မတ်လ (၁၅)ရက်နေ့ ညနေတွင် လမ်းဆုံရှိ ရွှေဆိုင်သို့ သွားရောက်ခဲ့သည်။ မတ်လ (၁၆)ရက်နေ့တွင် ချယ်ရီဓာတ်ပုံစတူဒီယိုတွင် pre wedding ရိုက်ကူးခဲ့သည်။ မတ်လ (၁၇)ရက်နေ့တွင် ကလေးမြို့မှ ခရီးသည်(၁၂)ဦးပါဝင်သော ပြည်ချစ်သား အဝေးပြေးယာဉ်ဖြင့် တီးတိန်မြို့သို့ ထွက်ခွာခဲ့သည်။ ထိုညတွင် တီးတိန်မြို့နယ် လွယ်ဘွားရပ်ကွက်တွင် တစ်ညအိပ် တည်းခိုခဲ့သည်။ မတ်လ (၁၈)ရက်နေ့တွင် ဘာသာရေးအသင်းကားဖြင့် ကယ်တဲလ်ကျေးရွာသို့ထွက်ခွာခဲ့သည်။ မတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် စတင်ဖျားနာခဲ့ပြီး ထိုကျေးရွာရှိ PSIဆေးခန်းသို့ နံနက် (၈:၀၀)တွင် ပြသခဲ့သည်။ ထို့နောက် တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်သံသယလူနာအဖြစ် ထားရှိခဲ့ကာ မတ်လ(၂၂)ရက်နေ့တွင် ဓာတ်ခွဲနမူနာအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ မတ်လ (၂၃)ရက်နေ့တွင် စစ်ဆေးခဲ့သည့်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့သည်။[၁]
C23 - တီးတိန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလူနာ (၉ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် နေထိုင်သော ထိုအမျိုးသမီးသည် C1လူနာ၏ မိခင်ဖြစ်သည်။ လွန်ခဲ့သော ၁၄-ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း မတ်လ(၁၃)ရက်နေ့တွင် သားဖြစ်သူနှင့်အတူ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှ ထွက်ခွာခဲ့ပြီး ကာတာနိုင်ငံ ဒိုဟာမြို့မှတစ်ဆင့် မတ်လ၁၅ရက် နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ရောက်ခဲ့သည်။ ရန်ကုန်လေဆိပ်မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ ထိုနေ့တွင်ပင်ထွက်ခွာခဲ့ပြီး မတ်လ၁၇ရက်နေ့တွင် တီးတိန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။ မတ်လ(၁၈)ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ရောက်ခဲ့သည်။ မတ်လ(၁၉)ရက်နေ့တွင် C1လူနာသည် စတင်ဖျားခဲ့ပြီး အိမ်တွင်စောင့်ကြည့်ရာတွင် ဤအမျိုးသမီးကိုပါ စောင့်ကြည့်ခဲ့သည်။ C1လူနာအား ရောဂါအတည်ပြုပြီးနောက် ဤအမျိုးသမီးအား ရွာရှိ သီးခြားအိမ်တစ်လုံးတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပြီး စောင့်ကြည့်မှုပြီးမြောက်ခါနီး၍ ဧပြီလ(၇)ရက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ(၉)ရက်နေ့ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ ဤအမျိုးသမီးသည် ရောဂါလက္ခဏာ ပြသခြင်းမရှိခဲ့ပေ။
C31 - တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံမှလူနာ (၁၁ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်အတည်ပြုလူနာC1သည် ကလေးမြို့မှ တီးတိန်မြို့သို့ သွားစဉ် ယခုလူနာ၏ နေအိမ်တွင် တည်းခိုခဲ့သည်။ လူနာC1အား အတည်ပြုလူနာအဖြစ် သတ်မှတ်ပြီးနောက် ဤလူနာအား မတ်လ(၂၅)ရက်နေ့မှစတင်ကာ နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ(၁၁)ရက်နေ့ ည (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။
ဤလူနာမှာ အတည်ပြုလူနာ C1နှင့် C23တို့နှင့် ထိတွေ့ခဲ့သည်။ ထိုလူနာများ ရန်ကုန်မြို့မှ ကလေးမြို့၊ ထိုမှတစ်ဆင့် တီးတိန်မြို့သို့ လာရောက်စဉ် မတ်လ(၁၈)ရက်နေ့က ဤလူနာ၏ နေအိမ်တွင် တစ်ညအိပ်တည်းခိုသွားခဲ့သည်။
C74 - (၁၄ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ဤလူနာသည် အတည်ပြုလူနာ C1နှင့်အတူ မတ်လ (၁၇)ရက်နေ့က ပြည်ချစ်သားလိုင်းကားဖြင့် ကလေးမြို့မှ တီးတိန်မြို့သို့ ထွက်ခွာခဲ့သူဖြစ်သည်။ ထို့ကြောင့် မတ်လ (၂၄)ရက်နေ့တွင် ကလေးမြို့ နေအိမ်တွင် အသွားအလာကန့်သတ်ခဲ့သည်။ ဤလူနာသည် မတ်လ(၂၃)ရက်နေ့နှင့် ဧပြီလ (၄)ရက်နေ့တွင် ကလေးမြို့ တပ်ဦးသီတာရပ်ကွက်ရှိ သွားဆေးခန်းတွင် သွားပုံစံယူခြင်း၊ သွားစိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်။
C2 - ရန်ကုန်မြို့ ဝေဘာဂီဆေးရုံမှလူနာ (၂၃ မတ် ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံတွင် တွေ့ရှိခဲ့သော အသက်(၂၆)နှစ်အရွယ် အမျိုးသားမှာ မတ်လ (၂၂)ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ အမ်းမရိတ်လေကြောင်းလိုင်းဖြင့် ဒူဘိုင်းမြို့သို့၎င်း၊ ထိုမှတစ်ဆင့် လေယာဉ်အမှတ် FZ 1585ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့သည်။ ထို့နောက် ညပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ပြောင်းရွှေ့ပြီး အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ကိုဆောင်ရွက်ခဲ့သည်။ ထိုသူသည် ရောက်ရှိစဉ်မှစ၍ ကိုယ်ပူဖျားနာခြင်းများနှင့် ရောဂါလက္ခဏာများမရှိသော်လည်း ဓာတ်ခွဲနမူနာအား မတ်လ၂၃ရက်နေ့တွင် ပေးပို့စစ်ဆေးရာ ထိုနေ့ညတွင် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။[၁]
C3 - ရန်ကုန်မြို့ အင်းစိန်ပြည်သူ့ဆေးရုံမှလူနာ (၂၅ မတ် ၂၀၂၀)
ပြင်ဆင်ရန်ဤလူနာသည် မတ်လ ၂၀ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ကာတာလေကြောင်းလိုင်း (0010 H)ဖြင့်လည်းကောင်း၊ ဒိုဟာမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကာတာလေကြောင်းလိုင်း (0830 H)ဖြင့်လည်းကောင်း ထွက်ခွာခဲ့သည်။ မတ်လ ၂၁ရက်နေ့တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ PG701လေယာဉ်ဖြင့် လိုက်ပါလာရာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်သို့ ထိုနေ့နံနက် (၉:၄၅)တွင် ရောက်ရှိခဲ့သည်။
လေဆိပ်မှ အင်းစိန်မြို့နယ်ရှိ ၎င်းနေထိုင်ရာအိမ်သို့ အငှားယာဉ်ဖြင့် သွားရောက်ခဲ့ကာ မိသားစု၇ဦးနှင့် နေထိုင်ခဲ့သည်။ မတ်လ၂၂ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ Hair Saloonသို့သွားရောက်ခဲ့သည်။ မတ်လ၂၃ရက်နေ့တွင် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းလက္ခဏာများကြောင့် အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့သည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ်လ ၂၄ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ပြီး မတ်လ၂၅ရက် နံနက် (၁:၀၀)အချိန်ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။[၂]
ဆက်စပ်လူနာများ
ပြင်ဆင်ရန်C6
C4 - မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှလူနာ (၂၇ မတ် ၂၀၂၀)
ပြင်ဆင်ရန်မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွင်နေထိုင်သော အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာလူမျိုးအသက် (၃၃)နှစ်အရွယ်အမျိုးသားသည် အမေရိကန်နိုင်ငံ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ကာတာလေကြောင်းလိုင်းဖြင့်၎င်း၊ ဒိုဟာမှ ရန်ကုန်မြို့သို့ မတ်လ၁၉ရက်နေ့ ညနေ၆နာရီတွင် Qatar Airline (QR 916)ဖြင့်၎င်း ပြန်လည် ရောက်ရှိလာခဲ့သည်။ တောင်ဥက္ကလာပမြို့နယ်တွင် တစ်ညတည်းခိုခဲ့ကာ မတ်လ၂၀ရက်နေ့ည ၁၀နာရီအချိန်တွင် ခိုင်မန္တလေးအဝေးပြေးကားဖြင့် မန္တလေးမြို့သို့ ထွက်ခွာခဲ့ကာ ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိနေအိမ်သို့ သုံးဘီးအငှားယာဉ်ဖြင့် ပြန်လည် ရောက်ရှိခဲ့သည်။ မတ်လ ၂၂ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းလက္ခဏာများကြောင့် မတ်လ(၂၅)ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပြသရာမှ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်းခဲ့သည်။ မတ်လ ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး မတ်လ ၂၇ရက်နေ့ နံနက် ၁:၄၅အချိန်ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။[၃]ထိုလူနာမှာ ဧပြီလ (၃)ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီလ (၆)ရက်နေ့တွင် တစ်ကြိမ် ရောဂါNegativeပြ၍ ဧပြီလ(၈)ရက်နေ့တွင် ကန်တော်နဒီဆေးရုံတွင် သီးခြားထား၍ စောင့်ကြည့်ခဲ့ပြီး ဧပြီလ (၁၁)ရက်နေ့တွင် မန္တလေးမြို့ရှိ နဒီမြန်မာဟိုတယ်သို့ ပြောင်း၍ စောင့်ကြည့်ခဲ့သည်။
C5 - ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးမှလူနာ (၂၇ မတ် ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင်နေထိုင်သော အသက်၆၉နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျနိုင်ငံတွင် တစ်လခန့် သွားရောက်ကုသခဲ့သည်။ အပြန်တွင် စင်ကာပူနိုင်ငံ၌ ၄ရက်ခန့်နေထိုင်ခဲ့ကာ မတ်လ ၁၄ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထိုလူနာသည် မတ်လ ၁၀ရက်နေ့တွင် ဩစတြေးလျနိုင်ငံမှ စ်ကာပူနိုင်ငံသို့ Emarte Airline SG EK-45ဖြင့်လည်းကောင်း၊မတ်လ ၁၄ရက်နေ့တွင် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ Airline 8M 232ဖြင့်လည်းကောင်း စီးနင်းခဲ့သည်။ မတ်လ ၁၈ရက်နေ့မှစ၍ ဖျားခြင်း၊ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းလက္ခဏာများကြောင့် မတ်လ၂၅ရက်နေ့မှစတင်ကာ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် စောင့်ကြည့်ကုသခဲ့ပြီး ၂၆ရက်နေ့စစ်ဆေးချက်အရ ရောဂါပိုးတွေ့ရှိကြောင်း မတ်လ ၂၇ရက်နေ့ နံနက် ၁:၄၅အချိန်တွင်ထုတ်ပြန် အတည်ပြုခဲ့သည်။[၃]မတ်လ ၂၇ရက်နေ့ နံနက်မှစ၍ ဝေဘာဂီအထူးကုဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင်ထား၍ ကုသပေးခဲ့သော်လည်း အသက်အရွယ်ကြီးခြင်း၊ကင်ဆာရောဂါအခံရှိခြင်းနှင့် ဓာတ်ရောင်ခြည်ကုသမှုခံယူနေရသဖြင့် ခုခံအား ကျဆင်းနေခြင်းတို့ကြောင့် လူနာ၏ အခြေအနေမှာ ဆိုးရွားလာပြီး မတ်လ၃၁ရက်နေ့ နံနက် ၇:၂၅အချိန်တွင် ကွယ်လွန်ခဲ့သည်။
ကွယ်လွန်ရသည့် အကြောင်းအရင်း
ပြင်ဆင်ရန်- လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း။
- COVID - 19ကြောင့်ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ။
- နှာခေါင်းကင်ဆာရောဂါအား ဓာတ်ရောင်ခြည်ဖြင့် ဆေးကုသမှုခံယူနေခြင်း။
ဆက်စပ်လူနာများ
ပြင်ဆင်ရန်C10
C6 - ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၂၈ မတ် ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှ အသက်၂၉နှစ်အရွယ် အမျိုးသားမှာ မတ်လ၂၅ရက်နေ့ကအတည်ပြုခဲ့သော C3လူနာနှင့်အတူ မတ်လ၂၀ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ကာတာဘလေကြောင်းလိုင်း (0010 H)ဖြင့်လည်းကောင်း၊ဒိုဟာမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ကာတာလေကြောင်းလိုင်း (0830 H)ဖြင့်လည်းကောင်း။ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ PG 701လေယာဉ်ဖြင့်လည်းကောင်း ပြန်လည်ရောက်ရှိခဲ့သည်။ မတ်လ ၂၁ရက်နေ့ နံနက် (၉:၄၅)တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိကာ နေအိမ်တွင် Self quarantineဖြင့် နေထိုင်ခဲ့ပြီး C3လူနာအား အတည်ပြုပြီးနောက် မတ်လ ၂၆ရက်နေ့မှစကာ ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာပိတ်ပင် စောင့်ကြည့်ခဲ့သည်။ ထို့နောက် ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး၂၇ရက်နေ့ညတွင် စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ပြီး မတ်လ ၂၈ရက်နေ့ နံနက် ၁၂:၁၅မိနစ်ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။ဤလူနာမှာ မတ်လ၂၉ရက်နေ့ညပိုင်းအထိ ဖျားခြင်း၊ချောင်းဆိုးခြင်းစသည့် ရောဂါလက္ခဏာများ မပြသခဲ့ပေ။[၄]
C7 - နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံမှလူနာ (၂၈ မတ် ၂၀၂၀)
ပြင်ဆင်ရန်ဆွစ်ဇာလန်နိုင်ငံသူဖြစ်သော ဤလူနာမှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ထိုမှတစ်ဆင့် မတ်လ ၁၈ရက်နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်ပြီး အစစ်အဆေးခံယူနေစဉ် မတ်လ ၂၂ရက်နေ့တွင် ဖျားခြင်း၊ချောင်းဆိုးခြင်း ဝမ်းသွားခြင်းတို့ကြောင့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံတွင် တက်ရောက်ကုသခဲ့သည်။ ထို့နောက် ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး၂၇ရက်နေ့ညတွင် စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ပြီး မတ်လ ၂၈ရက်နေ့ နံနက် ၁၂:၁၅မိနစ်ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။ ထိုသူသည် မတ်လ၁၃ရက်နေ့က ဆွစ်ဇာလန်နိုင်ငံတွင် အတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့်အတူ ၂နာရီကြာ အနီးကပ်ထိတွေ့ခဲ့သူဖြစ်သည်။[၄]ဤလူနာမှာ ဧပြီလ ၆ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီလ ၈ရက်နေ့တွင် တစ်ကြိမ် ရောဂါNegativeပြ၍ ဧပြီလ၈ရက်နေ့တွင် ဟိုတယ်တစ်ခုသို့ ပြောင်း၍ စောင့်ကြည့်ခဲ့သည်။
ပြင်သစ်ဧည့်လမ်းညွှန်၏ ဆက်စပ်လူနာများ
ပြင်ဆင်ရန်C8 | မိသားစု (C28၊ C40၊ C71) |
ခရီးသွားအဖွဲ့ (C11၊ C12၊ C13) | |
ပြန်လည်ကောင်းမွန်သူ | |
C11၊ C12 |
C8 - ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှလူနာ (၂၈ မတ် ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ အသက်၆၀အရွယ် အမျိုးသမီးမှာ ဧည့်လမ်းညွှန်ဖြစ်ကာ မတ်လ ၂၅ရက်နေ့မှစတင်ပြီး ချောင်းဆိုးခြင်း၊ အန်ခြင်းတို့ကြောင့် မတ်လ ၂၆ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြသခဲ့သည်။ ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်ခရီးသွား ၁၁ဦးနှင့်အတူ မတ်လ ၁၄ရက်မှ ၂၂ရက်နေ့အထိ ခရီးသွားခဲ့သည်။ ထို့နောက် ၂၆ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး၂၇ရက်နေ့ညတွင် စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ပြီး မတ်လ ၂၈ရက်နေ့ နံနက် ၁၂:၁၅မိနစ်ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။[၄]ဤလူနာမှာ ရောဂါလက္ခဏာမပေါ်ပေါက်မီ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ဈေး၊တရုတ်တန်း၊ပန်းဆိုးတန်းနှင့် ရွှေတိဂုံဘုရားတို့အား သွားရောက်ခဲ့သည်။
C28 - ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၁၀ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ ဤလူနာမှာ လူနာC8နှင့် ထိတွေ့ခဲ့သော မိသားစုဝင် (C8၏အကို)ဖြစ်သဖြင့် မတ်လ၂၈ရက်နေ့တွင် နေအိမ်၌ အသွားအလာကန့်သတ်ထားရှိခဲ့သည်။ဧပြီလ ၇ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း ချောင်းဆိုးခြင်းတို့ကြောင့် ဧပြီလ ၉ရက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ ည (၁၀:၁၅)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ လူနာတွင် ဆီးချို၊သွေးတိုးရောဂါအခံကြောင့် ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဤလူနာမှာ C8လူနာ ရန်ကုန်ဆေးရုံကြီးသို့တက်ရောက်စဉ် ပြုစုခဲ့သူဖြစ်ပြီး ဝေဘာဂီဆေးရုံသို့ သွားရောက်ရာတွင် တွဲ၍ ကားပေါ်သို့ တင်ပေးခဲ့သည်။
မတ်လ ၂၈ရက်နေ့မှစတင်ကာ နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပြီး ဧပြီလ ၇ရက်နေ့တွင် ဖျားခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်းတို့ကြောင့် ၉ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့သည်။
C40 - မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှလူနာ (၁၃ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင်နေထိုင်သော ဤအမျိုးသမီးသည် အတည်ပြုလူနာ C8နှင့် C28တို့၏ အတူနေမိသားစုဝင်ဖြစ်သည်။C8လူနာအား အတည်ပြုပြီးနောက် မတ်လ၂၈ရက်နေ့တွင် C28လူနာနှင့်အတူ အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပြီး ဧပြီ၉ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ရောဂါပိုးNegativeဖြစ်သည်။ သို့သော် လူနာမှာ မောခြင်း၊ချောင်းဆိုးခြင်းကြောင့် ဧပြီ ၁၂ရက်နေ့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်ထားပြီး ဓာတ်ခွဲနမူနာထပ်မံရယူစစ်ဆေးခဲ့သည်။ဧပြီလ ၁၃ရက်နေ့ နံနက် (၁၂:၃၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့သည်။၎င်းတွင် သွေးတိုးနှင့် ကျောက်ကပ်ရောဂါအခံရှိနေသည်။
C71 (၁၄ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင်နေထိုင်သော ဤအမျိုးသမီးသည် အတည်ပြုလူနာ C8၊ C28နှင့် C40တို့၏ အတူနေမိသားစုဝင်ဖြစ်သည်။ မတ်လ ၂၈ရက်နေ့မှစ၍ နေအိမ်တွင် အသွားအလာ ကန့်သတ်ခဲ့သည်။ဤလူနာသည် မတ်လ ၂၆ရက်နေ့အထိ ဆူးလေရှိ AGDဘဏ်သို့ အကြို/အပို့ယာဉ်ဖြင့် ရုံးတက်ခဲ့သည်။
C11၊ C12၊ C13 - ရန်ကုန်မြို့ ဟိုတယ်တစ်ခုမှလူနာများ (၃၀ မတ် ၂၀၂၀)
ပြင်ဆင်ရန်C8လူနာ၏ ခရီးသွားရာဇဝင်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ၄ဦးအား ရန်ကုန်မြိုရှိ ဟိုတယ်တစ်ခုတွင် မတ်လ ၂၈ရက်နေ့မှစ၍ အသွားအလာ ကန့်သတ်စောင့်ကြပ်စစ်ဆေးခဲ့ပြီး ၂၉ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၃ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မတ်လ၃၀ရက်နေ့ ည၇:၃၀အချိန် ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။
ဤလူနာများသည် မတ်လ ၁၄ရက်နေ့ နေ့လယ် (၁:၃၀)တွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ အဲကမ္ဘောဇလေကြောင်းလိုင်း (K76221)ဖြင့် ထွက်ခွာခဲ့သည်။ မန္တလေးမြို့တွင် မတ်လ ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိ နေထိုင်ခဲ့ကြပြီး ၁၆ရက်နေ့တွင် မုံရွာမြို့သို့လည်းကောင်း၊ ၁၇ရက်နေ့တွင် ပခုက္ကူမြို့သို့လည်းကောင်း၊၁၈ရက်နေ့တွင် မုံရွာမြို့မှ ပုဂံမြို့သို့လည်းကောင်း၊ ၂၀ရက်နေ့တွင် ပုဂံမြို့မှ အင်းလေး၊ပင်းတယမြို့များသို့လည်းကောင်း ကားဖြင့်သွားရောက်ခဲ့သည်။ မတ်လ ၂၂ရက်နေ့တွင် ငပလီသို့ 7Y-161လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။၂၅ရက်နေ့တွင် ရန်ကုန်သို့ လေကြောင်းဖြင့် ပြန်လည်ရောက်ရှိခဲ့ကာ တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုခဲ့သည်။ မတ်လ ၂၆ရက်နေ့တွင် ရန်ကုန်မြို့တွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာနသို့ သွားရောက်ခဲ့သည်။ မတ်လ ၂၈ရက်နေ့တွင် C8လူနာအား အတည်ပြုပြီးနောက် ၎င်းတို့အား တည်းခိုနေသည့်ဟိုတယ်ဆွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ခဲ့သည်။[၅]
C9 - ပုလဲမြို့သစ်ပြည်သူ့ဆေးရုံမှလူနာ(၂၉ မတ် ၂၀၂၀)
ပြင်ဆင်ရန်ဤလူနာမှာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ သင်္ဃန်းကျွန်းကြီးတွင်နေထိုင်သော အသက် (၄၄)နှစ်အရွယ် အအမျိုးသားဖြစ်သည်။ မတ်လ၂၅ရက်နေ့ ညနေပိုင်းတွင် ဇနီးဖြစ်သူနှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိကာ မြန်မာနိုင်ငံ မြဝတီမြို့သို့ ည ၇နာရီခန့်တွင် ရောက်ရှိသည်။ ထို့နောက် လူ (၅၇)ဦးပါဝင်သော ရွှေနန်းထိုက် အဝေးပြေးယာဉ်ဖြင့် ထွက်ခွာလာရာ မတ်လ၂၆ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့သည်။ ထို့နေ့တွင်ပင် ဖျားခြင်း၊ချောင်းဆိုးခြင်းတို့ကြောင့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပုလဲမြို့သစ်ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ်ကုသခဲ့သည်။ ထို့နောက် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး မတ်လ၂၉ရက်နေ့ ည၁၀:၃၀ အချိန်ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။[၆]ဧပြီလ (၁၇)ရက်နေ့ ည(၈:၀၀)ထုတ်ပြန်ချက်အရ နှစ်ကြိမ်ဆက် ရောဂါNegativeပြကာ ပြန်လည် ကောင်းမွန်လာခဲ့သည်။
C10 - ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၂၉ မတ် ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော ဤအမျိုးသားမှာ မတ်လ၂၇ရက်နေ့က အတည်ပြုလူနာ C5နှင့် အနီးကပ်ထိတွေ့ခဲ့၍ မတ်လ၂၈ရက်နေ့တွင် ဝေဘာဂီဆေးရုံ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ မတ်လ၂၉ရက်နေ့ ည၁၀:၃၀ အချိန်ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။ဤလူနာမှာ ဖခင်ဖြစ်သူ လူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လိုက်ပါပြုစုခဲ့ခြင်းဖြစ်သည်။[၆]
ဆက်စပ်လူနာများ
ပြင်ဆင်ရန်C5
C14- ကျောက်မဲပြည်သူ့ဆေးရုံမှလူနာ (၃၀ မတ် ၂၀၂၀)
ပြင်ဆင်ရန်ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက်၂၄နှစ်အရွယ် အမျိုးသားမှာ ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကပင် ဗိုက်အောင့်ခြင်း၊ အန်ခြင်းတို့ကြောင့် မတ်လ ၂၅ရက်နေ့တွင် ဘန်ကောက်မြို့မှ အငှားယာဉ်ဖြင့် ပြန်လာပြီး တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် နေထိုင်ခဲ့သည်။ မတ်လ ၂၇ရက်နေ့ နေ့လယ် (၁:၃၀)တွင် အဲကမ္ဘောဇလေကြောင်းလိုင်းဖြင့် မန္တလေးသို့ထွက်ခွာခဲ့သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သူငယ်ချင်းဖြစ်သူများမှ လာရောက်ကြိုခဲ့ပြီး ကျောက်မဲမြို့သို့ တိုက်ရိုက်ထွက်ခွာခဲ့သည်။ကျောက်မဲသို့ ရောက်ရှိသောအခါ ကျောက်မဲဆေးရုံ ပြင်ပလူနာဌာနသို့ သွားရောက်ပြသခဲ့ပြီး နေအိမ်တွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ခဲ့ပြီး မတ်လ၂၈ရက်နေ့ ည(၉:၄၅)အချိန်တွင် အလွန်အမင်း အန်ခြင်း၊ချောင်းဆိုးခြင်းများကြောင့် ညနေပိုင်းတွင် ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံအား အကြောင်းကြားရာ ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ မတ်လ၃၀ရက်နေ့ ည၇:၃၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။ မတ်လ ၃၁ရက်နေ့တွင် ကျောက်မဲမြို့မှ လားရှိုးပြည်သူ့ဆေးရုံသို့ ပြောင်းကာ ကုသပေးခဲ့သည်။[၅]
သူနာပြုအမျိုးသမီးနှင့် ဆက်စပ်လူနာများ
ပြင်ဆင်ရန်C15 | မိသားစု | C17 | ဆရာဝန် (C30) | သူနာပြု (C118၊C119) |
C18 | ||||
C19 | ||||
C20 | ||||
သေဆုံးသူ | ||||
C17 |
C15 - ရန်ကုန်အနောက်ပိုင်းပြည်သူ့ဆေးရုံမှလူနာ (၃၁ မတ် ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်တိုင်း၊ နိုင်ငံခြားသားများအား ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် လုပ်ကိုင်နေသော ဗဟန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးမှာ မတ်လ ၂၇ရက်နေ့တွင် ဖျားခြင်း၊လည်ချောင်းနာခြင်း၊ချောင်းဆိုးခြင်းတို့ကြောင့် မတ်လ၃၀ရက်နေ့တွင် ဗဟန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ပြသခဲ့သဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့သည်။ ထို့နောက် စောင့်ကြည့်ကြပ်မတ်ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ မတ်လ၃၁ရက်နေ့ ည၈:၀၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။[၇]ဤလူနာမှာ အတည်ပြုလူနာ C8 (သို့မဟုတ်) C11၊C12၊C13တို့ဖြင့် ထိတွေ့ခဲ့သည်ဟု အချို့သော ပုဂ္ဂလိကသတင်းစာများမှဖော်ပြကြသော်လည်း အစိုးရမှ တရားဝင်ပြောကြားထားခြင်းမရှိပေ။
C17 - ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလူနာများ (၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်အတည်ပြုလူနာ C15၏ အမျိုးသားဖြစ်ကာ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သည်။ အတည်ပြုလူနာဖြစ်သူ ဇနီးသည်မှာ မတ်လ၂၆ရက်နေ့တွင် ဖျားခြင်း၊လည်ချောင်းနာခြင်းတို့ကြောင့် အတူနေ သား၊သမီးနှင့် တူမတို့အား လာရောက်ခေါ်ဆောင်ရန် ပြောသဖြင့် မတ်လ ၂၆ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိနေအိမ်သို့ လာရောက်ခေါ်ဆောင်ကာ မတ်လ၂၇ရက်နေ့တွင် တာဝန်ကျရာ ပေါက်ခေါင်းမြို့ရှိ နေအိမ်သို့ ထွက်ခွာခဲ့သည်။ ထိုနေ့ နေ့လယ်ပိုင်း၌ ပြည်မြို့ရှိ စတိုးဆိုင်တစ်ခုတွင် လိုအပ်သော ပစ္စည်းများ ဝယ်ယူခဲ့သည်။ မတ်လ ၃၀ရက်နေ့တွင် ဇနီးဖြစ်သူအား အတည်ပြုလူနာအဖြစ် သတ်မှတ်ပြီးနောက် ၎င်းတို့ ၄ဦးအားပေါက်ခေါင်းမြို့ နေအိမ်တွင် အသွားအလာကန့်သတ်ခဲ့သည်။ဧပြီလ ၂ရက်နေ့ ည(၈:၀၀)ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ်ပါဝင်ခဲ့ပြီး ပေါက်ခေါင်းမြို့မှ ပြည်မြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းကာ ကုသပေးခဲ့သည်။
ဤလူနာမှာ ဧပြီလ၈ရက် နံနက်(၃:၄၀)တွင် ပြည်မြို့၌ ကွယ်လွန်သွားခဲ့သည်။
သေဆုံးရသည့်အကြောင်းအရင်းများ
ပြင်ဆင်ရန်- ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း
- သွေးတိုးရောဂါအခံ
C18၊C19၊C20 - ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလူနာများ (၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်အတည်ပြုလူနာ C15နှင့် အနီးကပ်ထိတွေ့ခဲ့သော မိသားစုဝင်၄ဦးအား ပဲခူးတိုင်း ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၄၇နှစ်အရွယ်ခင်ပွန်းဖြစ်သူ၊၁၀နှစ်အရွယ် သားဖြစ်သူ၊ ၈နှစ်အရွယ် သမီးဖြစ်သူနှင့် ၁၈နှစ်အရွယ် တူမဖြစ်သူတို့တွင် ရောဂါပိုးတွေ့ရှိကြောင်း ဧပြီလ၂ရက်နေ့ ည၈:၀၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။ အတည်ပြုလူနာC17ကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူ C15လူနာ၏ မေတ္တာရပ်ခံချက်အရ ၎င်းတို့ ၃ဦးအား ပြည်မြို့မှ မိခင်ရှိရာ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံသို့ ပြောင်းကာ ကုသပေးခဲ့သည်။[၈]
C30 - ဝေဘာဂီဆေးရုံမှလူနာ (၁၁ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ပြည်မြို့ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော မေ့ဆေးဆရာဝန်တစ်ဦးသည် အတည်ပြု (သေဆုံး)လူနာ C17အား ကုသရာတွင် အခြေအနေအရ ထိတွေ့ခဲ့ရသူဖြစ်သည်။၎င်းအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၁ရက်နေ့ ည (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ ထို့ကြောင့် အဖြေထွက်ပြီးလျှင် ချက်ချင်း ပြည်မြို့မှ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံသို့ ခေါ်ဆောင် ကုသပေးခဲ့သည်။ဤ ဆရာဝန်မှာ ပထမဆုံးသော ကုသပေးရင်း ရောဂါကူးစက်ခံရသည့် ဆေးဝန်ထမ်းဖြစ်သည်။
C118၊C119 - ပြည်မြို့ပြည်သူ့ဆေးရုံမှလူနာများ (၂၀ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ပြည်မြို့ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမ ၂ဦးဖြစ်သည်။အတည်ပြုလူနာ C17၊C30တို့နှင့် ထိတွေ့မှုရှိခဲ့သည်။၎င်းတို့၂ဦးမှာ ဒုတိယမြောက်နှင့် တတိယမြောက် ကူးစက်ခံရသော ဆေးဝန်ထမ်းများဖြစ်သည်။
C16 - မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှလူနာ (၁ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ဧရာဝတီတိုင်း ရေကြည်မြို့တွင်နေထိုင်သော အသက်၆၃နှစ်အရွယ် အမျိုးသမီးမှာ မတ်လ၁၅ရက်နေ့တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှ ပြန်လည်ရောက်ရှိလာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုပြီး မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက်၊ နီလာ (၁)လမ်းတွင် တည်းခိုနေထိုင်ခဲ့သည်။ ထိုအချိန်အတွင်း ၂ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပြင်ပဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့ကာ ရောဂါမသက်သာဘဲ ကိုယ်အပူချိန်မြင့်တက်သဖြင့် မတ်လ၃၀ရက်နေ့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ဆိုက်ကားဖြင့် သွားရောက်ပြသခဲ့ပြီး အရေးပေါ်ဌာနတွင် ပြသခဲ့သည်။ ထိုစဉ် ခရီးသွားရာဇဝင်နှင့် ခရီးသွားပြန်လာသူများနှင့် ထိတွေ့မှုရာဇဝင်အား လိမ်လည်ဖြည့်စွက်ခဲ့သဖြင့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း (၁၇)ဦးမှာ အနီးကပ်ထိတွေ့ခဲ့သူများ ဖြစ်သွားကာ စောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့ရသည်။ ဒူဘိုင်းမှပြန်လာသောသားဖြစ်သူနှင့် ထိတွေ့မှုကို သိရှိပြီးနောက် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ သီးခြားထားရှိခဲ့ပြီးမတ်လ၃၁ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဧပြီလ၁ရက်နေ့ ည၈:၀၀အချိန် ထုတ်ပြန်ချက်တွင် အတည်ပြုပါဝင်ခဲ့သည်။
ဤအမျိုးသမီးကြီးသည် မတ်လ၁၅ရက်နေ့တွင် ရန်ကုန်မြို့ သမိုင်းလမ်းဆုံသို့ ဘတ်စ်ကားဖြင့်တစ်ကြိမ်သွားရောက်ခဲ့သည်။ဤလူနာမှာ လူပေါင်း ၈၉ဦးနှင့် ထိတွေ့မိခဲ့ပြီး လူပေါင်း (၅၈)ဦးအား အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ရသည်။
ဧပြီလ ၈ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လူမှုကွန်ယက် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောကြားချက်အရ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့သည်။[၉]
ကွယ်လွန်ရသည့်အကြောင်းအရင်း
ပြင်ဆင်ရန်- နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပိတ်သွားခြင်း
- ပြင်းထန်အဆုတ်ရောင်ရောဂါ
- အမျိုးအစား (၂)ဆီးချိုရောဂါ
- နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံးသွေးကြောကျဉ်း ရောဂါအခံ
C21 - ရန်ကုန်အရှေ့ပိုင်းဆေးရုံမှလူနာ (၄ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သော ထိုအမျိုးသမီးသည် မတ်လ၂၄ရက်နေ့တွင် KE-082လေယာဉ်ဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့သို့ထွက်ခွာခဲ့ရာ မတ်လ၂၅ရက်နေ့ ညနေ (၄:၀၀)တွင် ရောက်ရှိခဲ့သည်။ ထိုနေ့ည (၈:၀၀)တွင် ဆိုလ်းမြို့မှ KE-659ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ထွက်ခွာခဲ့သည်။ ထိုမှတစ်ဆင့် မတ်လ ၂၆ရက်နေ့တွင် MAIလေကြောင်းလိုင်း (8M-336)လေယာဉ်ဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သည်။၎င်းနှင့်အတူ မိခင်နှင့်မောင်ဖြစ်သူတို့ပါ အတူပါရှိသည်။ ထို့နောက် ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတ်မှတ်ထားသောဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြည့်ခဲ့သည်။လေဆိပ်မှ ဟိုတယ်သို့ သတ်မှတ်ထားသော ဘတ်စ်ကားဖြင့် လူ(၁၈)ဦးနှင့်အတူ သွားရောက်ခဲ့သည်။ သိုတယ်တွင် အမေဖြစ်သူနှင့် တစ်ခန်းတည်းနေထိုင်ခဲ့ပြီး မောင်ဖြစ်သူမှာ အခြားအခန်းတွင် နေထိုင်ခဲ့သည်။
ဧပြီလ၂ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း မောပန်းခြင်းတို့ကြောင့် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဧပြီလ၄ရက်နေ့ ည၈:၀၀အချိန်ထုတ်ပြန်ချက်တွင် ရောဂါပိုးတွေ့ရှိကြောင်း ကြေညာခဲ့သည်။[၁၀]
ဆက်စပ်လူနာများ
ပြင်ဆင်ရန်C22
C22 - ဝေဘာဂီအထူးကုဆေးရုံမှလူနာ (၆ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်အတည်ပြုလူနာ C21၏ မိခင်ဖြစ်သည်။ သမီးဖြစ်သူအား အတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ၎င်းနှင့် သားဖြစ်သူအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ဧပြီလ၆ရက်နေ့ ည၈:၀၀အချိန်ထုတ်ပြန်ချက်တွင် ရောဂါပိုးတွေ့ရှိကြောင်း ကြေညာခဲ့သည်။[၁၁]
ဆက်စပ်လူနာများ
ပြင်ဆင်ရန်C21
အင်းစိန်ဘာသာရေးပွဲမှ ဆက်စပ်လူနာများ
ပြင်ဆင်ရန်C24 - မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှလူနာ (၁၀ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော ထိုအမျိုးသားသည် စင်ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မတ်လ၁၉ရက်နေ့တွင် Silk Airလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ရန်ကုန်ရောက်ပြီးနောက် ၆မိုင်ခွဲ စီးတီးမတ်သို့ ၅ကြိမ်ခန့်သွားရောက်ခဲ့သည်။
ဧပြီလ ၁ရက်နေ့တွင် ဖျားခြင်း၊မောပန်းခြင်းခံစားခဲ့ရသော်လည်း ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသခြင်းမရှိဘဲ ပျောက်ကင်းသွားသည်။ဧပြီလ၆ရက်နေ့တွင် လည်ချောင်းနာခြင်း ချောင်းဆိုးခြင်းများကြောင့် ၈ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ပြသရာ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ညွှန်းပိုးခဲ့ပြီးဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက် ၃နာရီအချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။
ဤလူနာမှာ လွန်ခဲ့သော ၁၄ရက်အတွင်း ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိခဲ့ပေ။ ရန်ကုန်မြို့ရှိ အတူနေထိုင်သည့် မိသားစုဝင် ၄ဦး၊ အလုပ်သမား ၃ဦးတို့အား စောင့်ကြပ်ကြည့်ရှုခဲ့သည်။ဤလူနာမှာ အတည်ပြုလူနာ ၅၀ကျော် ကူးစက်ခံခဲ့ရသည့် အင်းစိန်ဘာသာရေးပွဲနှင့် ဆက်စပ်မှုရှိခဲ့ပြီး ထိုကူးစက်မှု၏ အဓိကရင်းမြစ်သဖွယ်ဖြစ်ခဲ့သည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၏ ဧပြီလ ၁၇ရက်နေ့အထိမှတ်တမ်းအရ ဤဘာသာရေးပွဲနှင့် ဆက်စပ်၍ ထိတွေ့ခဲ့သူ ၂၇၄ဦးရှိကာ ဧပြီလ ၁၈ရက်နေ့အထိ အတည်ပြုလူနာ ၄၄ဦးရှိပြီး သေဆုံးသူ ၁ဦးရှိသည်။
ဆက်စပ်လူနာများ
ပြင်ဆင်ရန်- 26
- 34 35 36 37
- 41 42 43 44 45 46 47 48 49
- 50 51 52 54 55 56 57 58 59
- 60 61 62 63 64 69
- 70 72 73 74 75 76 77
- 80 81 84 86 89
- 90 91 94
C26 - ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှလူနာ (၁၀ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နေ ဤအမျိုးသမီးသည် ခရီးသွားရာဇဝင် မရှိသော်လည်း ဧပြီလ၁ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊လည်းချောင်းနာခြင်းတို့ကြောင့် ဧပြီလ ၈ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက် ၃နာရီထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ဤလူနာသည် လေဖြတ်ထားသူတစ်ဦးဖြစ်ကာ သွေးတိုးနှင့် ဆီးချိုရောဂါအခံရှိသည်။
လွန်ခဲ့သော ၁၄ရက်အတွင်း ရောဂါဖြစ်ပွားနေသောနေရာများသို့ ခရီးသွားရာဇဝင်၊အတည်ပြုလူနာများနှင့် ထိတွေ့ခြင်းတို့ မရှိခဲ့ပေ။ သို့သော် ခင်ပွန်းဖြစ်သူမှာ မတ်လ၂၀ရက်နေ့တွင် စင်ကာပူနိုင်ငံမှပြန်လာသူတစ်ဦး (C24)နှင့် ၃နာရီခန့် အနီးကပ်ထိတွေ့ခဲ့ကာ ၂၉ရက်နေ့တွင် ဖျားခဲ့ပြီးနောက် ပြန်လည်သက်သာသွားသည်။ ခင်ပွန်းဖြစ်သူမှာ အတည်ပြုလူနာ C63ဖြစ်သည်။
ဆက်စပ်လူနာများ
ပြင်ဆင်ရန်C63
C25 - ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှလူနာ (၁၀ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေ ဤအမျိုးသားမှာ လွန်ခဲ့သော ၁၄ရက်အတွင်း ရောဂါဖြစ်ပွားနေသောနေရာများသို့ ခရီးသွားရာဇဝင် မရှိသော်လည်း ဧပြီလ၂ရက်နေ့မှစ၍ ဖျားခြင်း၊ချောင်းဆိုးခြင်းတို့ကြောင့် ဧပြီလ ၉ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက် ၃နာရီထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။ဤလူနာတွင် သွေးတိုးနှင့် ဆီးချိုရောဂါအခံများရှိသည်။
ဤလူနာမှာ မတ်လ ၂၃ရက်နေ့တွင် တနင်္သာရီတိုင်း မြိတ်မြို့သို့ ရန်ကုန်လေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း (UB-303)ဖြင့် လိုက်ပါခဲ့ကာ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ခဲ့သည်။ ထို့နောက် မြိတ်မြို့တွင် ကျင်းပသော မင်္ဂလာပွဲတစ်ခုသို့ တက်ရောက်ခဲ့သည်။ မတ်လ ၂၅ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (UB-386)ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ဤလူနာတည်းခိုခဲ့သည့် ဟိုတယ်အား Lockdownချခဲ့ပြီး မင်္ဂလာပွဲစီစဉ်သူများအားလည်း ဒေသန္တရအမိန့်ဖောက်ဖျက်သဖြင့် အရေးယူရန် တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားခဲ့သည်။
C27 - ကျိုက်မရောပြည်သူ့ဆေးရုံမှလူနာ (၁၀ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ ဤအမျိုးသမီးမှာ ထိုင်းနိုင်ငံ လျပူရီခရိုင်သို့ အလုပ်အကိုင်ရှာဖွေရန် တစ်လခန့် သွားရောက်ခဲ့စဉ်က ဗိုက်အောင့်ဝေဒနာခံစားခဲ့ရပြီး တစ်လခန့် ဆေးရုံတက်ခဲ့ရသည်။ မတ်လ ၂၀ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ၎င်းနေထိုင်ရာ ကျေးရွာသို့ ပြန်လည်ရောက်ရှိပြီး နေအိမ်တွင်အသွားအလာကန့်သတ်စောင့်ကြည့်မှုခံနေရာမှ မတ်လ၂၉ရက်တွင် သတ်မှတ်နေရာသို့ ပြောင်း၍ အသွားအလာကန့်သတ်မှု ခံယူခဲ့သည်။ မတ်လ၃၀ရက်နေ့တွင် ထပ်မံဗိုက်အောင့်သဖြင့် ကျိုက်မရောပြည်သူ့ဆေးရုံသို့ ပြောင်းကာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ခံယူခဲ့ပြီး ဧပြီလ၈ရက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၀ရက်နေ့ နံနက်၃နာရီထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။
C29 - (၁၁ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရှမ်းပြည်နယ် တောင်ကြီးမြို့နေ ဤအမျိုးသားမှာ မတ်လ ၂၇ရက်နေ့ ည(၁၁:၃၀)တွင် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာတာနိုင်ငံ ဒိုဟာမြို့မှတစ်ဆင့် QR-916လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။ မတ်လ၂၈ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ရန်ကုန်လေဆိပ်မှတစ်ဆင့် မင်္ဂလာဒုံမြို့နယ်ရှိ သတ်မှတ်နေရာတွင် အသွားအလာကန့်သတ်စောင့်ကြည့်ရန် ညွှန်းပို့ခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၁ရက်နေ့ ည (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။
ဤလူနာမှာ အသွားအလာကန့်သတ်ခြင်း ၁၄ရက်ပြည့်၍ ဧပြီလ ၁၁ရက်နေ့တွင် ရန်ကုန်မြို့မှ ကလောမြို့သို့ ထွက်ခွာခဲ့ရာ ညနေ (၅:၁၅)တွင် ရောက်ရှိခဲ့သည်။ ထို့နောက် တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာစဉ် အတည်ပြုလူနာအဖြစ် သတ်မှတ်ခံခဲ့ရသဖြင့် ထိုလူနာအား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးသို့ ညွှန်းပို့၍ကုသပေးခဲ့သည်။
C32 - လှည်းကူးပြည်သူ့ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ လှည်းကူးမြို့နယ်နေ အမျိုးသားတစ်ဦးသည် မတ်လ၂၃ရက်နေ့မှစ၍ ဖျားခြင်း၊ချောင်းဆိုးခြင်းကြောင့် မတ်လ၁၈ရက်နေ့တွင် လှည်းကူးပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့သည်။၎င်းသည် လွန်ခဲ့သော ၃လခန့်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။
ဤလူနာသည် မတ်လ ၂၄ရက်နေ့တွင် တရုတ်လိုင်စင်အငှားယာဉ်ဖြင့် လောက်ကိုင်မြို့နယ် မက်မုံရူးရွာမှ နန့်ဆန်မြို့သို့လည်းကောင်း၊ မတ်လ ၂၅ရက်နေ့တွင် လားရှိုးမြို့သို့သွားရောက်ကာ တည်းခိုခန်းတွင် တစ်ညအိပ်တည်းခိုခဲ့သည်။ မတ်လ ၂၆ရက်နေ့တွင် ရွှေမန္တလာ(လားရှိုး-ရန်ကုန်)အဝေးပြေးယာဉ်ဖြင့် ပြန်လာခဲ့ကာ ရန်ကုန်-မန္တလေးအမြန်လမ်း ၁၄မိုင် ၅ဖာလုံတွင်ဆင်းကာ ဆိုင်ကယ်ကယ်ရီဖြင့်နေအိမ်သို့ ပြန်လာခဲ့သည်။
C33 - အင်းစိန်ပြည်သူ့ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ဧပြီလ ၇ရက်နေ့မှစတင်ကာ ဖျားခြင်း၊ချောင်းဆိုးခြင်း နှာရည်ယိုခြင်းတို့ကြောင့် ဧပြီလ ၁၀ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။၎င်းသည် လွန်ခဲ့သော ၁၄ရက်အတွင်း ခရီးသွားရာဇဝင် မရှိပေ။
C34၊ C35၊ C36၊ C37 - အင်းစိန်ပြည်သူ့ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေ ဤလူနာများသည် နိုင်ငံခြားသားများပါဝင်သော ဘာသာရေးအခမ်းအနားတစ်ခုသို့ တက်ရောက်ခဲ့ကြသည့် သင်းအုပ်ဆရာတော်နှင့် ဓမ္မတေးအဖွဲ့ဖြစ်သည်။ဧပြီလ ၈ရက်နေ့မှစ၍ C34လူနာမှာ ဖျားခြင်း၊ လည်ချောင်းနာခြင်းကိုလည်းကောင်း၊ C35လူနာမှာ အသက်ရှူကြပ်ခြင်းနှင့် လည်ချောင်းနာခြင်းကိုလည်းကောင်း၊ C36လူနာသည် ဖျားခြင်း၊လည်ချောင်းနာခြင်း၊နှာရည်ယိုခြင်းကိုလည်းကောင်း ၊ C37လူနာသည် ဖျားခြင်း၊ချောင်းဆိုးခြင်းကိုလည်းကောင်း ခံစားခဲ့ကြရ၍ ဧပြီ ၁၀ရက်နေ့တွင် အင်းစိန်ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့သည်။၎င်းတို့အား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာများအဖြစ် ပါဝင်လာခဲ့သည်။
C38 - အင်းစိန်ပြည်သူ့ဆေးရုံမှလူနာ (၁၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေ ဤအမျိုးသမီးသည် မတ်လ ၂၆ရက်နေ့မှစကာ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ဝမ်းသွားခြင်းတို့ကြောင့် ဧပြီလ ၁၀ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးရာ ဧပြီလ၁၂ရက်နေ့ နံနက် (၂:၀၀)အချိန်ထုတ်ပြန်ချက်တွင် ရောဂါအတည်ပြုလူနာအဖြစ် ပါဝင်လာခဲ့သည်။
C39 - ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှလူနာ (၁၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်နေ အသက်၈၅နှစ်အရွယ် အမျိုးသားမှာ ဧပြီလ ၄ရက်နေ့တွင် ဖျားခြင်း၊ချောင်းဆိုးခြင်းကို ခံစားခဲ့ရသည်။ ထို့ကြောင့် ဧပြီလ ၁၁ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် ကုသခဲ့သည်။ လူနာသည် ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ခြင်းမရှိသော်လည်း ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရသူဖြစ်သည်။ဆေးရုံစတက်စဉ်ကပင် အလွန်မောပန်းလျက်ရှိကာ သွေးအတွင်းအောက်ဆီဂျင် လျော့ကျခြင်းတို့ကြောင့် လိုအပ်သော ကုသမှုများပေးခဲ့သော်လည်း ဧပြီလ ၁၂ရက်နေ့ နံနက် (၆:၀၀)တွင် ကွယ်လွန်သွားခဲ့သည်။ဧပြီလ ၁၂ရက် ည(၆:၃၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ည(၈:၀၀)ထုတ်ပြန်ချက်တွင် သေဆုံးခဲ့ပြီဖြစ်ကြောင်း အသေးစိတ် ထုတ်ပြန်ခဲ့သည်။
C41 - အင်းစိန်ပြည်သူ့ဆေးရုံမှလူနာ (၁၃ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ အင်းစိန်မြို့နယ်တွင် နေထိုင်သော ဤအမျိုးသားမှာ ဧပြီလ ၆ရက်နေ့မှစတင်ကာ ဖျားခြင်း၊ချောင်းဆိုးခြင်း၊ကိုယ်လက်ကိုက်ခဲခြင်းနှင့် နုံးချိခြင်းတို့ ခံစားခဲ့ရသော်လည်း ရောဂါလက္ခဏာမပြင်းထန်၍ ဆေးရုံမပြခဲ့ပေ။ဤလူနာသည် အတည်ပြုလူနာများဖြစ်သော C24၊ C34၊ C35၊ C36၊ C37တို့နှင့် ဘာသာရေးအခမ်းအနား အတူတက်ခဲ့ဖူးသည်။ လူနာသည် ဧပြီ ၁၂ရက်နေ့တွင် ဖျားခြင်း၊ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းတို့ကြောင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သည်။၎င်းအား စောင့်ကြည့်လူနာအဖြစ်ထားပြီး ဓာတ်ခွဲနမူနာထပ်မံရယူစစ်ဆေးခဲ့ပြီး ဧပြီလ ၁၃ရက်နေ့ နံနက် (၁၂:၃၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့သည်။
C120 - (၂၁ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်နေထိုင်သော ဤအမျိုးသမီးမှာ ရန်ကုန်မြို့ မြန်မာပလာဇာတွင်ရှိသော MPTအရောင်းဆိုင်မှ ဝန်ထမ်းဖြစ်သည်။ အတည်ပြုလူနာအဖြစ်ကေကကညာအပြီး အတူနေမိသားစုဝင် ၄ဦးကိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ပြီး နေထိုင်ရာ ရပ်ကွက်အား အသွားအလာကန့်သတ်ခဲ့သည်။
C121 - တောင်ကြီးမြို့မှလူနာ (၂၁ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရှမ်းပြည်နယ် တောင်ကြီးမြို့နေ အသက်၂၁နှစ်အရွယ် အမျိုးသမီးမှာ မတ်လ ၂၂ရက်နေ့တွင် အင်္ဂလန်မှ ရန်ကုန်မြို့သို့ ရောက်ရှိ၍ ထိုနေ့မှစ၍ ဧပြီလ၅ရက်နေ့အထိ သတ်မှတ်ထားသော Yangon Airport Hotelတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူခဲ့သည်။၁၄ရက်ပြည့်၍ ရန်ကုန်မြို့မှ ဟဲဟိုးလေဆိပ်သို့ Golden Myanmarလေကြောင်းလိုင်းဖြင့် ပြန်လာခဲ့သည်။ ထိုမှတစ်ဆင့် တောင်ကြီးမြို့ရှိ နေအိမ်သို့ ဖခင်ဖြစ်သူမှ ကားဖြင့် ခေါ်ဆောင်ခဲ့သည်။
လူနာသည် ရန်ကုန်မြို့တွင် နေစဉ်ကပင် အနံ့အရသာကောင်းစွာ မခံစားခဲ့ရ၍ စစ်ဆေးပေးရန်တောင်းဆိုခဲ့သော်လည်း တာဝန်ရှိသူများက အံသွားပေါက်နေ၍ ပိုးသတ်ဆေးစားထားသောကြောင့်သာဖြစ်ကြောင်းပြော၍ စစ်ဆေးမှုမပြုလုပ်ခဲ့ပေ။ဧပြီ ၁၅ရက်နေ့တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ထပ်မံသွားရောက်ခဲ့ပြန်ရာ ရန်ကုန်တွင် တာဝန်ရှိသူများက စစ်ဆေးပေးရန်အဆင်မပြေကြောင်းပြောကာ သာမန်လူနာအဖြစ် ပြန်လွှတ်ခဲ့သည်။ ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အထက်သို့ အဆင့်ဆင့်တင်ပြခဲ့ပြီးကာမှ ဧပြီလ၁၉ရက်နေ့တွင် ဓာတ်ခွဲနမူနာထပ်မံရယူစစ်ဆေးခဲ့ပြီး ဧပြီလ ၂၁ရက်နေ့ နံနက် (၈:၀၀)အချိန်ထုတ်ပြန်ချက်တွင် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့သည်။
ဤလူနာသည် တောင်ကြီးမြို့မဈေး၊တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်ဘုရား၊တောင်ကြီးမြို့ရှိ ဟိုတယ်တစ်ခုမှ bar၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီးရှိ ရှမ်းပြည်နယ်၊ ဖယ်ခုံတောင်ပေါ်ပရဟိတကျောင်းများသို့ သွားလာခဲ့သည်။ ထိုတောင်ပေါ်ကျောင်းသို့ သွားရောက်ရန် လမ်းပြပေးမည့်သူအား လွိုင်ကော်မြို့သို့ သွားရောက်ခေါ်ဆောင်ကာ ပြန်လည် ပို့ပေးခဲ့သေးသည်။
C122 - ရန်ကုန်မြို့၊ သာကေတမှလူနာ (၂၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အသက် ၂၈-နှစ်၊ ကျား၊ C 84 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C123 - ရန်ကုန်မြို့၊ အင်းစိန်မှလူနာ (၂၂ ဧပြီ ၂၀၂၀)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၁၈-နှစ်၊ မ၊ C108 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C124 - ရန်ကုန်မြို့၊ မင်္ဂလာဒုံလူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အသက် ၄၅-နှစ်၊ ကျား၊ C 89 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C125 - ရန်ကုန်မြို့၊ ဗိုလ်တထောင်လူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ အသက် ၁၈-နှစ်၊ ကျား၊ C 110 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C126 - ရန်ကုန်မြို့၊ တာမွေ လူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အသက် ၄၇-နှစ်၊ ကျား၊ C 87 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C127 - ရန်ကုန်မြို့၊ အင်းစိန် လူနာ (၂၃ ဧပြီ ၂၀၂၀၊ မနက် ၇-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၂၄-နှစ်၊ မ၊ C 94 နှင့် ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C128 - ရန်ကုန်မြို့၊ တောင်ဥက္ကလာပ လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်၊ အသက် ၅၄-နှစ်၊ ကျား၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C129 - ရန်ကုန်မြို့၊ သာကေတ လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အသက် ၃၁-နှစ်၊ မ၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C130 - ရန်ကုန်မြို့၊ အင်းစိန် လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၆၅-နှစ်၊ မ၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C131 - ရန်ကုန်မြို့၊ အင်းစိန် လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)
ပြင်ဆင်ရန်ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အသက် ၂၈-နှစ်၊ မ၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။
C132 - မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ လူနာ (၂၃ ဧပြီ ၂၀၂၀၊ ည ၈-နာရီ)
ပြင်ဆင်ရန်မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အသက် ၈၀-နှစ်၊ ကျား၊ ဆက်နွယ်မှုရှိ၊ ပြည်ပခရီးသွားခြင်းမရှိ၊ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အသွားအလာကန့်သတ်ထားသူ ဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူဖြစ်သည်။ ကန်တော်နဒီဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedmohs23
- ↑ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (25-3-2020, 01:00 AM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- ↑ ၃.၀ ၃.၁ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (27-3-2020, 1:45 AM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- ↑ ၄.၀ ၄.၁ ၄.၂ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (28-3-2020, 00:15 AM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ၅.၀ ၅.၁ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (30-3-2020, 7:30 PM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- ↑ ၆.၀ ၆.၁ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (29-3-2020, 10:30 PM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။ 13 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (31-3-2020, 8:00 PM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- ↑ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (2-4-2020, 8:00PM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- ↑ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (1-4-2020, 8:00PM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- ↑ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (4-4-2020, 8:00 PM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။
- ↑ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (6-4-2020, 8:00PM)။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန။ 13 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။