မြန်မာ့ပုလဲ ထုတ်လုပ်​ရေးနှင့် ​ရောင်းဝယ်​ရေး လုပ်ငန်း

မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (အင်္ဂလိပ်: Myanma Pearl Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုရေးရာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

မြန်မာ့ပုလဲ ထုတ်လုပ်​ရေးနှင့် ​ရောင်းဝယ်​ရေး လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၆ ဩဂုတ် ၁၉၆၃
ယခင်အဖွဲ့အစည်း
  • ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း အဖွဲ့
  • ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း ကော်ပိုရေးရှင်း
  • ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်း ကော်ပိုရေးရှင်း
  • မြန်မာ့ပုလဲရတနာ ကော်ပိုရေးရှင်း
ဌာနချုပ်ရုံးအမှတ် (၁၉)၊ နေပြည်တော်
ဝန်ကြီးများဦးခင်မောင်ရီ
ဌာနအကြီးအမှူးများဦးစိန်လွင်၊ ဦးဆောင်ညွှန်ကြားရေးမှူး
မိခင်အဖွဲ့အစည်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mining.gov.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် မွေးပုလဲထုတ်လုပ်မှုလုပ်ငန်းကို ၁၉၅၄ ခုနှစ်၌ မြိတ်ကျွန်းစုတွင် စတင်ခဲ့ပြီး ဂျပန်နိုင်ငံ ကိုဘေးမြို့တွင် အခြေစိုက်သောSouth Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ရောင်းဝယ်ရေးဆင်ဒီကိတ်တို့ ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၃ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့မှစ၍ ပြည်သူပိုင်သိမ်းယူခဲ့ပြီး ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း ကော်ပိုရေးရှင်းဟူသော အမည်ဖြင့် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်း ကော်ပိုရေးရှင်း အမည်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၈၆ ခုနှစ် တွင် သတ္တုတွင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ခဲ့ရပြီး ပုလဲမွေးမြူရေးနှင့် ထုတ်လုပ်ရေး ဌာနခွဲ အမည်ဖြင့် ဆားလုပ်ငန်းကော်ပိုရေးရှင်းနှင့် ပူးပေါင်း ဖွဲ့စည်းခဲ့သည်။၁၉၈၉ ခုနှစ်တွင် မြန်မာ့ပုလဲရတနာ ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းပြီး သီးခြားရပ်တည်ခဲ့သည်။ (၁.၄.၈၉)ရက်နေ့တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပုလဲမွေးမြူရေးသာမက ရောင်းချရေးလုပ်ငန်းများကိုပါ ဆောင်ရွက် ခဲ့သည်။[၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

  • စီမံရေးရာဌာနခွဲ
  • ရောင်းချဖြန့်ဖြူးရေးဌာနခွဲ
  • ငွေစာရင်းဌာနခွဲ
  • ဖက်စပ်ဌာနခွဲ
  • အင်ဂျင်နီယာဌာနခွဲ
  • ပုလဲကျွန်း
  • မြတ်ကျွန်း
  • ရွှေကျွန်း
  • လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ

ပုလဲမွေးမြူထုတ်လုပ်လျက်ရှိသောကျွန်းစခန်းများ ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပိုင် ကျွန်းစခန်း(၁)ခု၊ ပြည်တွင်းဖက်စပ် ကုမ္ပဏီ(၆)ခု၏ ကျွန်းစခန်း(၇)ခုနှင့် ပြည်ပဖက်စပ်ကုမ္ပဏီ(၄)ခု၏ ကျွန်းစခန်း(၄)ခု စုစုပေါင်း ကျွန်းစခန်း(၁၂)ခုရှိသည်။

  • ပုလဲကျွန်းစခန်း(နိုင်ငံပိုင်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်

  • နီနိုပုလဲမွေးမြူရေးကုမ္ပဏီလီမိတက်၊ မကျည်းပင်ဆောင်ကျွန်း(ပြည်တွင်းဖက်စပ်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်

  • အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်၊ ဇင်ယော်ကျွန်း(ပြည်တွင်းဖက်စပ်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်

  • အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်၊ ဂျလန်းကျွန်း(ပြည်တွင်းဖက်စပ်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်

  • အဏ္ဏဝါပုလဲကုမ္ပဏီလီမိတက်၊ နတ်သမီးရေတွင်းကျွန်း(ပြည်တွင်းဖက်စပ်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်

  • အာကွာဂိုးလ်မြန်မာပုလဲကုမ္ပဏီလီမိတက်၊ မလိကျွန်း(ပြည်တွင်းဖက်စပ်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်

  • ပြည့်စုံထက်မြင့်ကုမ္ပဏီလီမိတက်၊ငလုံးလဖယ်ကျွန်း(ပြည်တွင်းဖက်စပ်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်

  • ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်၊ ပြင်စဘုကျွန်း(ပြည်တွင်းဖက်စပ်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်

  • မြန်မာတာဆာကီကုမ္ပဏီလီမိတက်၊ ဒိုမယ်ကျွန်း(ပြည်ပဖက်စပ်- ဂျပန်)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်

  • မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမိတက်၊ ဒုံးပုလဲအော်ကျွန်း(ပြည်ပဖက်စပ်-ဩစတြေးလျ)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်

  • မြန်မာအန်ဒါမန်ပါးလ်ကုမ္ပဏီလီမိတက်၊ စိန့်လုခ်ကျွန်း(ပြည်ပဖက်စပ်-ထိုင်း)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်

  • ဘဲပါးလ်မြန်မာကုမ္ပဏီလီမိတက်၊ ရွှေကျွန်း(ပြည်ပဖက်စပ်- စင်္ကာပူ)

တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ဝယ်ရေး လုပ်ငန်းမြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်