သတ္တုတွင်းဦးစီးဌာန (အင်္ဂလိပ်: Department of Mines)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်သည်။

သတ္တုတွင်း ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁ ဒီဇင်ဘာ ၁၉၉၈
ယခင်အဖွဲ့အစည်းစီမံကိန်းနှင့်လုပ်ငန်းစစ်ဆေးရေးဦးစီးဌာန
ဌာနချုပ်ရုံးအမှတ် (၁၉)၊ နေပြည်တော်
ဝန်ကြီးများဦးခင်မောင်ရီ
ဌာနအကြီးအမှူးများ​ဦးခင်လတ်ကြီး၊ ညွှန်ကြား​ရေးမှူးချုပ်
မိခင်အဖွဲ့အစည်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mining.gov.mm

သမိုင်း​ကြောင်း ပြင်ဆင်ရန်

၁၁.၂.၁၉၇၄ရက်နေ့တွင် စီမံကိန်းနှင့်လုပ်ငန်းစစ်ဆေးရေးဦးစီးဌာန အမည်ဖြင့် စတင်ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။၁.၁၂.၁၉၉၈ရက်နေ့မှစ၍ သတ္တုတွင်းဦးစီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းကာ လုပ်ငန်းများဆောင်ရွက်လျှက် ရှိသည်။

သတ္တုတွင်းဦးစီးဌာနသည် မြန်မာ့သတ္တုတွင်းဥပဒေအရ သတ္တုတွင်းများအားစစ်ဆေးခြင်း၊ ဓာတ်သတ္တုထိန်းသိမ်းခြင်း၊ ဓာတ်သတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင်ထိခိုက် မှုများအား ထိန်းသိမ်းခြင်း၊ သတ္တုတွင်းများ၌ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သက်သာ ချောင်ချိမှုရရှိစေရေးတို့ကို စီမံခန့်ခွဲရန်တာဝန်ရှိသည်။ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာ့သတ္တုတွင်းဥပဒေအရ သတ္တုတွင်း စစ်ဆေးရေးအရာရှိချုပ်ဖြစ်ပြီး မြန်မာ့သတ္တုတွင်း ဥပဒေအရ လျှောက်ထားလာမှုများကို စိစစ်ရန်နှင့် ခွင့်ပြုပေးနိုင်ရန် တာဝန်ရှိသည်။ ဦးစီးဌာနသည် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေး လျက်ရှိသည်။ နိုင်ငံပိုင်သတ္တုတွင်းများအား ပုဂ္ဂလိကကဏ္ဍတို့လွှဲပြောင်းလုပ်ကိုင်စေလျက်ရှိ သည့်အပြင် သတ္တုကဏ္ဍ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရင်းနှီးမြှပ်နှံထားရေးကိုလည်း အားပေးမြှင့်တင်လျက်ရှိသည်။ ဦးစီးဌာနသည် [[ဝန်ကြီးဌာနမှ ချမှတ်ထားသည့် ဓာတ်သတ္တုဆိုင်ရာ မူဝါဒများကို အကောင်အထည်ဖော်ရန်အတွက် အခြေခံအချက်အလက်များ စုစည်းခြင်းနှင့် စီမံချက်များကို ရေးဆွဲခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိသည်။[၁]

ဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ ပြင်ဆင်ရန်

ဓာတ်သတ္တုဖွံ့ဖြိုးရေးဌာန ပြင်ဆင်ရန်

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာ့ သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ လျှောက်ထား လာသည့် ခွင့်ပြုမိန့်များအား စနစ်တကျစိစစ်ထုတ်ပေးရန်၊ မြန်မာ့သတ္တုတွင်းဥပဒေနှင့် နည်းဥပဒေများ အမြဲခေတ်မှီတိုးတက်နေစေရန် လိုအပ်သည့် ပြင်ဆင် ဖြည့်စွက်ချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များအား အခါအား လျော်စွာ ထုတ်ပြန် ရေးဆောင်ရွက်ရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံ တကာမှ သတ္တုကဏ္ဍနှင့် စပ်လျဉ်း၍ ဆက်သွယ် ဆောင် ရွက်လာပါက လိုအပ်သလို အရေးယူဆောင်ရွက်ရန်၊ သတ္တုတွင်း များ၌ ဆောင်ရွက်နေကြသည့် မန်နေဂျာများ/ အင်ဂျင်နီယာများ/ လုပ်သားများ အရည်အချင်းပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ထုတ်ကုန်များ၊ တိုးတက်ထုတ်လုပ် လာစေရန် ပြည်တွင်း၌ သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ပြည်ပသင်တန်းများသို့ စေလွှတ်ခြင်း၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးကို ဆောင်ရွက်ရန်အတွက် သက်သာချောင်ချိရေး လုပ်ငန်းများကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက် ပေးရန်တို့ ဖြစ်သည်။

စစ်ဆေးရေးဌာနခွဲ ပြင်ဆင်ရန်

တည်ဆဲရေနံဥပဒေနှင့် ပေါက်ကွဲစေတက်သော ဥပဒေအရ လိုအပ်သလို စစ်ဆေးကြပ် မတ်ခြင်း၊ မြန်မာ့သတ္တုတွင်းဥပဒေနှင့် မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ၊ ဤဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် သည် စစ်ဆေးရေးအရာရှိချုပ်ဖြစ်သည့်အလျှောက်ဥပဒေများအရ ခွင့်ပြုမိန့်ရထားသူများ/ အဖွဲ့အစည်း များ/ ကုမ္ပဏီများ/ အသင်း အဖွဲ့များအား သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ခြင်း ရှိ/ မရှိ စစ်ဆေး ကြပ်မတ်ခြင်းနှင့် သတ္တုတွင်းဝန်ကြီး ဌာန မှ အခါအားလျော်စွာ ညွှန်ကြားထားသည့် စစ်ဆေးရေး လုပ် ငန်းများ စစ်ဆေးတင်ပြရန် အစီရင်ခံခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန်ဖြစ်သည်။

ဓာတ်သတ္တုထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ ပြင်ဆင်ရန်

ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရာတွင် တူးဖော်နည်းစနစ်နှင့် ဆင့်တက်ပြုပြင်မှုနည်းစဉ်တို့၏ အားနည်း ချက်ကြောင့် ဓာတ်သတ္တုများ လေလွင့်ပြုန်းတီးမှုများ ဖြစ်ပွားလေ့ရှိရာ ခွင့်ပြုမိန့်ရရှိသူများမှ ခွင့်ပြုမိန့်ပါ တူးဖော်နည်းစနစ်နှင့် ဆင့်တက်ပြုပြင်မှုနည်းစဉ်အတိုင်း ဆောင်ရွက်ခြင်း ရှိ/ မရှိ ကြပ်မတ်ဆောင်ရွက်ရန် ဖြစ်သည်။သတ္တုတွင်းများနှင့် သတ္တုစက်ရုံများ၏ ပတ်ဝန်းကျင်တွင် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်မှု ကြောင့် ညစ်ညမ်းမှုများ၊ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားလေ့ရှိရာ အကြီးစားတူးဖော်ထုတ် လုပ်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ခွင့်ပြုမိန့် မထုတ်ပေးမှီကပင်၊ ပတ်ဝန်းကျင်ထိခိုက်မှုကို ထိန်းသိမ်း ကာကွယ်မည့် စီမံချက်များ တင်ပြစေခြင်း၊ လိုအပ်သလို စိစစ်ခွင့်ပြုခြင်း၊ ခွင့်ပြုမိန့်ပေးပြီး နောက်စီမံချက် ပါအတိုင်း ထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ခြင်း ရှိ/ မရှိ စစ်ဆေးကြပ်မတ် ခြင်း၊ အသေးစားနှင့် လက်လုပ်လက်စား တူးဖော်ထုတ်လုပ်မှုများ၌ ခွင့်ပြုမိန့်စည်းကမ်းချက်ပါအတိုင်း ပတ်ဝန်းကျင်း ညစ်ညမ်းမှုမဖြစ်စေရန် ထိန်းသိမ်းကာကွယ်ခြင်း ရှိ/ မရှိ စစ်ဆေးကြပ် မတ်ဆောင်ရွက်ခြင်း၊ တူးဖော် ထုတ်လုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားမှုများရှိခဲ့လျှင် မူလ စီမံချက်ပါအတိုင်း ပြန်လည်ထူထောင်မှုနှင့် ပြန်လည်ပြင်ဆင်မှုများကို ဆောင်ရွက်ရန် စစ်ဆေး ကြပ်မတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်ဖြစ်သည်။ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ သတ္တုသန့်စင်ခြင်းလုပ်ငန်းများတွင် ဓာတ်သတ္တု အလေအလွင့် မရှိ စေရေးအတွက် စစ်ဆေးရန်။ဓာတ်သတ္တုတူး​ဖော်ထုတ်လုပ်ခြင်းနှင့် သတ္တုသန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန်အတွက် ကာကွယ်ထိန်းသိမ်းစစ်ဆေးရန်။

ဆားလုပ်ငန်းဌာနခွဲ ပြင်ဆင်ရန်

နှစ်စဉ်တိုးတက်လာမည့် ပြည်တွင်းစားသုံးမှု လိုအပ်ချက်/ စက်မှုလုပ်ငန်းများမှ လိုအပ်လာမည့် စက်မှုသုံးဆားများကို ဖြည့်တင်းပေးနိုင်ရန်နှင့် နေလှန်းဆားထုတ်လုပ်ခြင်း၊ အပိုဓာတ်ဆား ထုတ်လုပ် ခြင်း၊ ဆားချော ထုတ်လုပ်ခြင်းတို့အတွက် ခွင့်ပြုလိုင်စင်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ပါသည်၊ အိုင်အိုဒင်းချို့တဲ့ရောဂါကို အမျိုးသားကျန်းမာရေးပြဿနာအဖြစ်မှ ဖယ်ရှားနိုင်ရန်အတွက် စားသုံးသည့် ဆားမှန်သမျှ အိုင်အိုဒင်းဖြည့်စနစ် (UniversalSalt Iodization)အရ မြန်မာတစ်နိုင်ငံလုံး အိုင်အိုဒင်းဆားစားသုံးရေးအတွက် Unicef နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်၊ ထုတ်လုပ်သောဆားများအား စားသုံးရန် သင့်/မသင့်အတွက် ဆိုဒီယမ်ကလိုရိုဒ် ပါဝင်နှုန်းများ၊ စားသုံးမှုဆားများတွင် ပိုတက်ဆီယမ် အိုင်အိုဒိတ်(KIO3)ပါဝင်မှုမှာသတ်မှတ်ချက်ဖြင့် ကိုက်ညီမှုရှိစေရေးအတွက် ဓာတ်ခွဲစစ်ဆေးခြင်းတို့ ဆောင်ရွက်သည်၊ စားသုံးမှု နှင့်စက်မှုကုန်ကြမ်း နှစ်စဉ် လိုအပ်ချက်များအတွက် ပုဂ္ဂလိကဆားထုတ်လုပ်မှုအခန်း ကဏ္ဍကို ကြပ်မတ်ဆောင်ရွက်ပါ သည်၊ နေလှန်းဆားထုတ်လုပ်ခြင်း၊  အပိုဓာတ်ဆားအမျိုးမျိုးထုတ်လုပ်ခြင်း၊ အိုင်အိုဒင်း ဆားထုတ်လုပ် ခြင်းများအတွက် နည်းပညာများဖြန့်ဖြူခြင်း၊ ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်၊ ပြည်နယ်/တိုင်းဒေသကြီး ဆားလုပ်ငန်းရုံးများ အနေဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆားနှင့် ဆားထွက်ပစ္စည်း လိုင်စင်ခများကောက်ခံပေးသွင်းခြင်းကို ကြပ်မတ် ဆောင်ရွက်လျက် ရှိသည်။

စီမံခန့်ခွဲမှုဌာနခွဲ ပြင်ဆင်ရန်

ဤဦးစီးဌာနတစ်ခုလုံး၏ ဝန်ထမ်းရေးရာကိစ္စရပ်များ ပြင်ပဌာနများနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုကိစ္စရပ်များ၊ ဝန်ကြီးဌာနတစ်ခုလုံး၏ လုံခြုံရေးနှင့် အားကစား ကိစ္စရပ်များ အပါအဝင် အထွေထွေကိစ္စရပ်များ၊ ဤဦးစီးဌာန ဝန်ထမ်းများ၏ လစာနှင့် စရိတ် ကြေးငွေများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်