အမှတ် (၁) သတ္တုတွင်း လုပ်ငန်း

အမှတ် (၁) သတ္တုတွင်း လုပ်ငန်း (အင်္ဂလိပ်: No (1) Mining Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တု​ရေးရာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

အမှတ် (၁) သတ္တုတွင်း လုပ်ငန်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၈၈
ယခင်အဖွဲ့အစည်း
  • ပြည်သူ့  ဘော်တွင်းလုပ်ငန်း
  • မြန်မာ ဘော်တွင်းကော်ပိုရေးရှင်း
  • အမှတ်(၁) သတ္တုတွင်း ထုတ်လုပ်ရေးကော်ပိုရေးရှင်း
ဌာနချုပ်ရုံးအမှတ် (၁၉)၊ နေပြည်တော်
ဝန်ကြီးများဦးခင်မောင်ရီ
ဌာနအကြီးအမှူးများ၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူး
မိခင်အဖွဲ့အစည်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်mining.gov.mm

သမိုင်း​ကြောင်း ပြင်ဆင်ရန်

ဘားမားကော်ပိုရေးရှင်းလီမိတက် (၁၉၅၁) အား (၁၈.၁.၁၉၆၅) ရက်နေ့တွင် ပြည်သူပိုင်ပြုလုပ်ပြီး ပြည်သူ့  ဘော်တွင်းလုပ်ငန်း သို့ ပြောင်းလဲခဲ့သည်။ ဆက်လက်၍(၂.၃.၁၉၇၀) ရက်နေ့တွင် ပြည်သူ့ဘော်တွင်း လုပ်ငန်းမှ မြန်မာ ဘော်တွင်းကော်ပိုရေးရှင်း အမည်သို့လည်းကောင်း၊ (၁.၄.၁၉၇၆)ရက်နေ့တွင် အမှတ်(၁) သတ္တုတွင်း ထုတ်လုပ်ရေးကော်ပိုရေးရှင်း အမည်သို့လည်းကောင်း အဆင့်ဆင့်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှစ၍ အမှတ်(၁)သတ္တုတွင်း လုပ်ငန်း အဖြစ် သတ်မှတ်လုပ်ကိုင်ခဲ့ရာယနေ့အထိ ဖြစ်သည်။

၁၉၇၂ ခုနှစ်မှစ၍ စက်မှုတွင်းထွက်ကုန်ကြမ်းကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး၊  (၁.၄.၁၉၇၆) ရက်နေ့တွင် အမှတ်(၄)သတ္တုတူးဖော်ရေးကော်ပိုရေးရှင်းဟုအမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။(၂၈.၄.၁၉၇၉) ရက်နေ့တွင် အမှတ်(၃)သတ္တုတူးဖော် ထုတ်လုပ်ရေးကော်ပိုရေးရှင်းဟု အမည် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး၊ (၁.၄.၁၉၈၉)ရက်နေ့မှစ၍ အမှတ်(၃)သတ္တုတွင်းလုပ်ငန်းအဖြစ် ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ (၃၁.၃.၂၀၁၅) ရက်နေ့တွင် အမှတ်(၃) သတ္တုတွင်းလုပ်ငန်းကို  ဖျက်သိမ်းပြီးဖြစ်၍  လုပ်ငန်းများနှင့် ဝန်ထမ်းများကို (၁.၄.၂၀၁၅) ရက်နေ့တွင်  အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသို့ ပြောင်းရွှေ့ သွတ်သွင်းခဲ့သည်။[၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ဌာနခွဲများ ပြင်ဆင်ရန်

  • အုပ်ချုပ်ရေးဌာနခွဲ
  • ငွေစာရင်းဌာနခွဲ
  • ထုတ်လုပ်ရေး(၁)ဌာနခွဲ
  • ထုတ်လုပ်ရေး(၂)ဌာနခွဲ
  • စီမံကိန်းဌာနခွဲ
  • ဖြည့်တင်းထိန်းသိမ်းရေးနှင့်ဝယ်ယူရောင်းချရေးဌာနခွဲ

တာဝန်ယူဆောင်ရွက်နေသောသတ္တုအမျိုးအစားများ ပြင်ဆင်ရန်

  • ကက်ဒမီယမ်
  • ကိုဘော့
  • ကြေးနီ
  • ခနောက်စိမ်း
  • ခရိုမီယမ်
  • ခဲ
  • ငွေ
  • တယ်လူရီယမ်
  • နီကယ်
  • ပြဒါး
  • သံ
  • သွပ်
  • အလူမီနီယမ်
  • အဆင်းနစ်

တာဝန်ယူဆောင်ရွက်နေသောစက်မှုတွင်းထွက်ကုန်ကြမ်းများ ပြင်ဆင်ရန်

  • ကျောက်မီးသွေး
  • ထုံးကျောက်
  • ဂေါဒန်ကျောက်
  • မင်းဂနီးစ်ဒိုင်အောက်ဆိုဒ်
  • သံကြွယ်ဘောက်ဆိုဒ်
  • သလင်းကျောက်
  • အလှဆင်ကျောက်အမျိုးမျိုး(မာဘယ်ကျောက်၊ဂရက်နိုက်ကျောက်၊ထုံးကျောက်)
  • ကြွေကျောက်
  • မြေဖြူ+ရွှံစေးဖြူ
  • မြေဖယောင်း
  • ဘရိုက်တီးကျောက်
  • ဒိုလိုမိုက်ကျောက်
  • ဂရက်ဖိုက်
  • ဖလိုရိုက်
  • လကြေးဖြူ+လကြေးညို
  • ဖော့စဖိတ်

လုပ်ငန်းများ ပြင်ဆင်ရန်

နမ္မတူ-ဘော်တွင်း ပြင်ဆင်ရန်

ခဲ၊သွပ်သတ္တုတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ရှိပြီး ခဲစင်၊ ငွေစင်၊ နီကယ်စပိုက်၊ ကြေးနီမက်နှင့် ခနောက်စိမ်းတို့ ထုတ်လုပ်ခဲ့သည့် သတ္တုတွင်းကြီးဖြစ်သည်။ မျက်မှောက် ကာလတွင်   ဝင်းမြင်းမိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်သို့ (၅.၁.၂၀၁၀)ရက်နေ့မှ စတင်၍ လွှဲပြောင်း ခဲ့ကာ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသောလုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။  သတ္တုသိုက် ပမာဏမှာ ခဲ၇.၆၇%၊ သွပ် ၃.၆%၊ ငွေ ၄.၇၇ ထရိုင် အောင်စ/တန် အရည်အသွေးရှိ မြေအောက် ခဲဆာလဖိုဒ်သတ္တုရိုင်း မက်ထရစ်တန် သန်းပေါင်း (၃.၅၅)နှင့် ခဲ၅.၂၁%၊ သွပ် ၃.၁၈%၊ ငွေ ၄.၁၉ ထရိုင် အောင်စ/တန် အရည်အသွေးရှိ မြေပေါ်သတ္တုရိုင်း မက်ထရစ်တန် သန်းပေါင်း (၈.၆)ဖြစ်သည်။

စပယ်တောင်၊ ကြေးစင်တောင်စီမံကိန်း ပြင်ဆင်ရန်

အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၏ ပြည်ပဖက်စပ်ကုမ္ပဏီဖြစ်သော မြန်မာအိုင်ဗင်ဟိုးကြေးနီ ကုမ္ပဏီ လီမိတက် MICCL မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် တည်ရှိပြီး ကြေးစင်တောင်၊ စပယ်တောင်၊ စပယ်တောင်တောင်ဘက် ကြေးနီသတ္တုသိုက်များမှ LME grade A အရည်အသွေးရှိ ကက်သုတ်ကြေးနီများ ထုတ်လုပ်သည်။ မျက်မှောက် ကာလတွင် ပြည်တွင်း ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းခဲ့ပြီး ၎င်းမှ ပြည်ပဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ကက်သုတ် ကြေးနီများ ဆက်လက်ထုတ်လုပ်လျက်ရှိသည်။ MICCL အနေဖြင့် လွှဲပြောင်းခဲ့သည့်နေ့အထိ ကက်သုတ်ကြေးနီ ၂၆၄၀၃၆ မက်ထရစ်တန် ထုတ်လုပ်ခဲ့သည်။ 

ရတနာသိင်္ဂီသတ္တုတွင်းစီမံကိန်း ပြင်ဆင်ရန်

တည်နေရာနှင့်အကျယ်အဝန်း ပြင်ဆင်ရန်

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု အတွင်း     မြောက်လတ္တီတွဒ် ၂၂ဒီဂရီ  ၃၅  မိနစ်  - အရှေ့လောင်ဂျီတွဒ်  ၉၆  ဒီဂရီ ၃၀ မိနစ်

သမိုင်းအကျဉ်း ပြင်ဆင်ရန်

၁၉၅၉ ခုနှစ် မှစတင်၍ ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု၊ ရှာဖွေ တိုင်းတာမှုများ ဆောင်ရွက် ခဲ့သည်။၁၉၆၇ ခုနှစ်တွင် ဘူမိဗေဒကွင်းဆင်းလေ့လာရှာဖွေတိုင်းတာမှု အရ အလားအလာ ကောင်းသောသတ္တုကြောများ ရှိမည်ဟု လေ့လာတွေ့ရှိခဲ့သည်။၁၉၆၈ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သတ္တုရိုင်းရှာဖွေခြင်း၊သတ္တုတွင်း ကြိုတင်ပြင်ဆင်မှုနှင့် ထူထောင်မှုလုပ်ငန်းများ ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။၁.၄.၂၀၁၀ ရက်နေ့ရှိ သတ္တုသိုက်ပမာဏမှာ သ-၁၊ သ-၂၊ သ-၃ နှင့်သ-၄ အဆင့်ရှိ ခဲသတ္တုရိုင်း (၁.၂)သန်း မက်ထရစ်တန်ခန့်ရှိသည်။၁.၅.၂၀၁၀ ရက်နေ့တွင် ရတနာသိင်္ဂီသတ္တုတွင်းစီမံကိန်းအား ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲပြောင်းခဲ့သည်။

ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်း ပြင်ဆင်ရန်

တည်နေရာနှင့်အကျယ်အဝန်း ပြင်ဆင်ရန်

ရှမ်းပြည်နယ်၊တောင်ကြီးခရိုင်၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာအုပ်စုအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၅၇ မိနစ် - အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၆ မိနစ်

သမိုင်းအကျဉ်း ပြင်ဆင်ရန်

၁၉၂၀ ခုနှစ်မှ ၁၉၃၀ ခုနှစ်အတွင်း  စတီးဘရားသားကော်ပိုရေးရှင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များစမ်းသပ်လုပ်ကိုင်ခဲ့သည်။ သိမ်ကုန်းနှင့်ရွာဟောင်းတို့တွင်မြေအောက်လုပ်ကွက်များ ဖော်ထုတ်ခဲ့သည်။၁၉၆၅ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့မှစ၍  ကြီးကြပ်ညှိနှိင်းရေးကော်မီတီ ဖွဲ့စည်းပြီး ဓာတ်သတ္တုတူးဖော်ရေးဆောင်ရွက်ခဲ့သည်။၁၉၆၉ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ပြည်သူပိုင်လုပ်ငန်း၊ ပြည်သူ့ဘော်တွင်းလုပ်ငန်းအနေဖြင့် လုပ်ကိုင်ခဲ့သည်။၁၉၇၆  ခုနှစ်တွင်   အမှတ် (၁) သတ္တုတူးဖော်ရေးထုတ်လုပ်ရေး ကော်ပိုရေးရှင်း၊ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်း အနေဖြင့်လုပ်ကိုင်ခဲ့သည်။၁၉၉၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍  အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်း အမည်ဖြင့်ဆောင်ရွက်ခဲ့သည်။၂၀၁၀ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ရှိ  သတ္တုသိုက်ပမာဏမှာ သ-၃ အဆင့်ရှိ ခဲသတ္တုရိုင်း (၂.၇)သန်းမက်ထရစ်တန်ခန့်ဖြစ်သည်။၂၀၁၀ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် ဘော်ဆိုင်းသတ္တုတွင်းစီမံကိန်းအား ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲပြောင်းခဲ့သည်။

ဆက်စပ်ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်