မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း
မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (အင်္ဂလိပ်: Myanma Gems Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုရေးရာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဌာနချုပ် | ရုံးအမှတ် (၁၉)၊ နေပြည်တော် |
ဝန်ကြီးများ | ဦးခင်မောင်ရီ |
ဌာနအကြီးအမှူးများ | ဦးအောင်ညွန့်သိန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး |
မိခင်အဖွဲ့အစည်း | သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | mge.gov.mm |
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- ဦးဆောင်ညွှန်ကြားရေးမှူး
- အထွေထွေမန်နေဂျာ (စီမံ)
- အထွေထွေမန်နေဂျာ (စီမံကိန်း)
- အထွေထွေမန်နေဂျာ (ကျောက်မျက်)
- အထွေထွေမန်နေဂျာ (ကျောက်စိမ်း)
- ဌာနများ -
- မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (ရုံးချုပ်)၊ နေပြည်တော် -
- စီမံဌာန၊
- ငွေစာရင်းဌာန၊
- နေပြည်တော်ပြတိုက်ဌာန၊
- မှတ်တမ်းနှင့်လိုင်စင်ဌာန၊
- ရတနာပြပွဲဆိုင်ရာနှင့်ဥပဒေရေးရာဌာန၊
- ရောင်းဝယ်ရေးဌာန (ကျောက်မျက်)၊
- ရောင်းဝယ်ရေးဌာန (ကျောက်စိမ်း)၊
- ရန်ကုန်ပြတိုက်ဌာန။
- မိုးကုတ်တူးဖော်ရေးဌာန
- မိုင်းရှူးတူးဖော်ရေးဌာန
- မိုးကုတ်တူးဖော်ရေးဌာန (မန္တလေးစခန်းရုံး)
- လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန
- လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန (မြစ်ကြီးနားစခန်းရုံး)
- လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန (မိုးညှင်းစခန်းရုံး)
- လုံးခင်း/ဖားကန့်တူးဖော်ရေးဌာန (ခန္တီးစခန်းရုံး)
ရည်မှန်းချက်များ
ပြင်ဆင်ရန်- မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်မျက် ရတနာများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်း ကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်လာစေရန်။
- ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကျောက်မျက်ရတနာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း လုပ်ငန်းများကို နိုင်ငံသားကုမ္ပဏီနှင့် သမဝါယမအသင်းများအား လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန်။
- ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများကို အချိန်အခါမရွေး လွတ်လပ်စွာရောင်းဝယ် ဖောက်ကား နိုင်ရေးအတွက် ကျောက်မျက် ရတနာဈေးများ ဖွင့်လှစ်ထားရှိရန်။
- ကျောက်မျက်ရတနာအရိုင်းများကို ဆင့်တက်ပြုပြင်၍ တန်ဖိုးမြင့်ထုတ်ကုန် အချောထည်နှင့် လက်ဝတ် ရတနာများ ထုတ်လုပ်ပြီး အချောထည်ဈေးကွက် ပိုမိုဖြစ်ထွန်း တိုးတက်စေရေး ဆောင်ရွက်ရန်။[၁]
ဆက်စပ်ကြည့်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်http://www.mge.gov.mm/ Archived 25 February 2020 at the Wayback Machine.
- ↑ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန။ 2 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။