ဗီယက်နမ်-မြန်မာ ဆက်ဆံရေး
မြန်မာ–ဗီယက်နမ် ဆက်ဆံရေး သည် ဗီယက်နမ်နိုင်ငံ နှင့် မြန်မာနိုင်ငံ အကြား ထားရှိသည့် နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်သည်။ နှစ်နိုင်ငံသံတမန်ဆက်သွယ်မှုအား ၁၉၇၅ ခုနှစ် မေလ ၂၈ရက်နေ့တွင်ပြုလုပ်သည်။ ဟနွိုင်းမြို့ တွင် မြန်မာသံရုံး ရှိပြီး ရန်ကုန်မြို့တွင် ဗီယက်နမ်သံရုံး ဖွင့်ထားသည်။၂၀၁၇ခုနှစ်တွင် ဗီယက်နမ် နှင့် မြန်မာအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မည့်နိုင်ငံများအဖြစ် တိုးမြင့်သတ်မှတ်ထားသည်။
မြန်မာ |
ဗီယက်နမ် |
---|
သမိုင်းကြောင်း
ပြင်ဆင်ရန်မြန်မာ-ဗီယက်နမ် ဆက်ဆံရေး သည် ရှေးမြန်မာမင်းများလက်ထက် ကတည်းက အခြေတည်ခဲ့သည်။ခရစ်နှစ် ၁၄၆၂ ခုနှစ်တွင် ဗီယက်နမ်ဧကရာဇ် (Lê Thánh Tông) သည် ယနေ့ လာအို-မြန်မာနယ်စပ်တွင် စခန်းချနေစဉ် မြန်မာနိုင်ငံအလယ်ပိုင်း အင်းဝဘုရင် ထံသို့ မိတ်ဖွဲ့ စာတစ်စောင် ပေးပို့ခဲ့သည်။[၁]အလားတူ ဘကြီးတော် သည်လည်း ဗီယက်နမ်ပြည် (ထိုခေတ်အခေါ် ယွန်းပြည်) ဧကရာဇ် မင်းမက်(Minh Mang) နှင့် မဟာမိတ်ဖွဲ့လိုသည့်အတွက် မြန်မာသံအဖွဲ့ကို ဗီယက်နမ်နိုင်ငံ (Vietnam) သို့ ပထမဦးဆုံးအကြိမ် အဖြစ် ၁၈၂၂-၂၃ ခုနှစ်တွင်စေလွှတ်ခဲ့ဖူးသည်။ သံအဖွဲ့သည် ၁၈၂၂ ခုနှစ် ဇူလိုင်လတွင် အင်းဝမြို့မှ ထွက်ခွာကာ ရန်ကုန်မြို့တွင် လအနည်းငယ် နားပြီး ပင်လယ်ခရီးဖြင့် ပီနန်မြို့ (Penang)၊ မလ္လကာမြို့ (Malacca) နှင့် စင်ကာပူမြို့ (Singapore) တို့ကို ဖြတ်ကျော်၍ ၁၈၂၃ ခုနှစ် ဇွန်လတွင် ဆိုင်ဂုံမြို့ (Saigon) သို့ ရောက်ရှိသည်။[၂] ထိုမတိုင်မီ ၁၉ရာစု အစောပိုင်းကာလကတည်းက ငှက်သိုက်ကုန်သွယ်ရေးလုပ်ကိုင်လိုသည့် ဗီယက်နမ်ပြည်မှ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်သို့ လာရောက်ခဲ့ဖူးသည့် မှတ်တမ်းရှိသည်။
နှစ်နိုင်ငံဆက်ဆံရေး
ပြင်ဆင်ရန်၂၀၂၀ပြည့်နှစ်သည် ဗီယက်နမ်နှင့် မြန်မာနိုင်ငံကြား သံတမန်ထူထောင်နှစ် ၄၅နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ ၁၉၇၅ ခုနှစ် မေလ ၂၈ရက်နေ့တွင် တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သော်လည်း ယင်းအစောပိုင်းကာလ သူ့ကျွန်ဘဝမှ ရုန်းထွက်ကြချိန် နှစ်နိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် ဗီယက်နမ်ခေါင်းဆောင် ဟိုချီမင်း နှင့် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့သည် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ထူထောင်ရန် စိတ်ဝင်စားခဲ့ကြသည်။ ဗီယက်နမ်သည် မြန်မာ့လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်အစောပိုင်းကတည်းက ရန်ကုန်မြို့၌ သံတမန်ရေးရာ ထားရှိခဲ့ပြီးဖြစ်သည်။တရားဝင်သံအဆက်အသွယ်မပြုမီ ၁၉၅၄ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနုသည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သမ္မတဟိုချီမင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ယင်းနောက်ပိုင်းကစပြီး မြန်မာ-ဗီယက်နမ် အကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပြုခဲ့ကြသည်။[၃]
စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု
ပြင်ဆင်ရန်မြန်မာ နှင့် ဗီယက်နမ် နိုင်ငံ တို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (CLMV) အဖွဲ့ဝင်နိုင်ငံ[၄] နှင့် GMS ဟုဆိုသည့် The Greater Mekong Sub-region မဟာမဲခေါင်ဒေသခွဲ ဧရာဝတီ-ကျောက်ဖယား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ACMECS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အတွက် လုံခြုံရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ယဉ်ကျေးမှုစသည်ဖြင့် မြောက်များစွာသော ပူးပေါင်းဆောင်ရွက်မှုရှိသည်။ဗီယက်နမ်သည် မြန်မာနိုင်ငံ၏ ၁၀ ခုမြောက် ကုန်သွယ်မှု အကြီးမားဆုံး မိတ်ဖက်နိုင်ငံဖြစ်ကာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ၂၀၂၀ ပြည့်နှစ် တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ရှိခဲ့သည်။ယင်းအပြင် ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် ၇ ခုမြောက် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်ရပ်တည်နေပြီး စီမံကိန်း ၁၈ ခုကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံနီးပါး ရင်းနှီးမြှပ်နှံထားသည်။၂၀၁၈ခုနှစ် တွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသည့် သိသာထင်ရှားသည့် လုပ်ငန်းတစ်ခုမှာ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာတစ်ခုဖြစ်သော မိုင်တဲလ် မြန်မာ ဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည့် Viettel ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း၊ ဦးပိုင်စီးပွားရေးကုမ္ပဏီ လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ရာခိုင်နှုန်း နှင့် ကျန် ၂၃ရာခိုင်နှုန်းအား မြန်မာအမျိုးသား တယ်လီကွန် ဦးပိုင်ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။[၅][၆]မြန်မာ-ဗီယက်နမ်ကြား နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့်အား ရက်ပေါင်း ၃၀ ထားရှိထားသည်။ [၇]
နိုင်ငံအကြီးအကဲများ၏ခရီးစဉ်များ
ပြင်ဆင်ရန်မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံခေါင်းဆောင်များသည် ချစ်ကြည်ရေးခိုင်မာစေရန် နှစ်ဖက်အပြန်အလှန်သွားလာမှုများရှိခဲ့ကြသည်။၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ၁၉၉၅ ခုနှစ် ဗီယက်နမ်ခရီးစဉ်၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် ၏ ခရီးစဉ်၊၂၀၁၀ပြည့်နှစ် ဧပြီလ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်စွန်း ၏ မြန်မာပြည်ခရီးစဉ်[၈] အပါအဝင်၊မြန်မာသမ္မတများဖြစ်ကြသည့် ဦးသိန်းစိန်၊ဦးထင်ကျော်[၉] ၊ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဗီယက်နမ်ခရီးစဉ်များ၊ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု စသည်တို့၏ မြန်မာပြည်ခရီးစဉ်များက နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုခိုင်မာမှုဖြစ်ပေါ်စေခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Coedès၊ George (1968)။ Walter F. Vella (ed.)။ The Indianized States of Southeast Asia။ trans.Susan Brown Cowing။ University of Hawaii Press။ ISBN 978-0-8248-0368-1။
- ↑ July 1822 - June 1833, Diplomatic relations between Burma and Vietnam။ lostfootsteps။ 18 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 June 2024 တွင် ပြန်စစ်ပြီး။
- ↑ VN-Myanmar relations have been close, faithful and increasingly strong, DPM Minh says။ SOCIALIST REPUBLIC OF VIET NAM (28 May 2020)။ 15 June 2024 တွင် ပြန်စစ်ပြီး။
- ↑ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (၄) နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု Cambodia- Laos- Myanmar-Vietnan (CLMV)။ Ministry of Commerce,Myanmar။ 15 June 2024 တွင် ပြန်စစ်ပြီး။
- ↑ ဗီယက်နမ်ဝန်ကြီးချုပ် မြန်မာခရီးစဉ် စတင်။ VOA Burmese (၁၇ ဒီဇင်ဘာ၊ ၂၀၁၉)။ ၁၅ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ MYTEL ၏ ထူးခြားကောင်းမွန် ပြည့်စုံသော ဝန်ဆောင်မှုများနှင့် အဆင့်မြင့် နည်းပညာများ မိတ်ဆက်ပွဲကျင်းပ။ Myanmar Digital News (၁၀ ဇွန် ၂၀၁၈)။ ၁၅ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ-ဗီယက်နမ် တို့ကြား ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၃၀ အထိ တိုးမြှင့်။ The Irrawaddy (၂ ဇန်နဝါရီ ၂၀၂၀)။ ၁၅ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဗီယက်နမ် မြန်မာ နှစ်နိုင်ငံ ဘာကြောင့် ပိုပေါင်းလာသလဲ။ BBC Burmese (၂ ဧပြီ ၂၀၁၀)။ ၁၅ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Vietnam, Myanmar expand defense relationship။ SOCIALIST REPUBLIC OF VIETNAM MINISTRY OF NATIONAL DEFENCE (4 Oct 2017)။ 15 June 2024 တွင် ပြန်စစ်ပြီး။