မြို့သစ်မြို့နယ်
မကွေးတိုင်းရှိ မြို့နယ်
မြို့သစ်မြို့နယ် သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မြို့သစ်မြို့ဖြစ်သည်။ မြို့သစ်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇ ခုနှင့် ကျေးရွာပေါင်း ၁၇၀ ပါဝင်သည်။ လူဦးရေမှာ ၂၀၁၄ ခုနှစ်တွင် ခန့်မှန်းခြေ ၁၅၉,၅၁၁ ယောက်[၁]ဖြစ်၏။ အထင်ကရရွာများ အများအပြားရှိသည်။ မြို့လုလင်အုပ်စု၊ မြို့လုလင်ရွာသည် ရာဇဝင်ထဲက ရွာတစ်ခုဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဗိုလ်မင်းရောင်ခေါ် (မင်းကြီးရွှေလရောင်) ၏အုပ်ချုပ်ခဲ့သောရွာဖြစ်သည်။ ပုတီးကုန်း၊ လေးတိုင်စင် အစရှိသောရွာများသည်လည်း နာမည်ကျော်ကြားသည်။ ပုတီးကုန်းရွာတွင် အတုလဆရာတော် (မတစ်လုံးကျေဆရာတော်)ခင်ကြီ:ဖျော် မွေးဖွားခဲ့သည်။
မြို့သစ်မြို့နယ် | |
---|---|
မြို့နယ် | |
မကွေးခရိုင်အတွင်းတည်နေရာ | |
မကွေးခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 20°12′N 95°27′E / 20.200°N 95.450°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မကွေး |
ခရိုင် | မကွေး |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ကိုးကား
ပြင်ဆင်ရန်- ↑ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ၊ အတွဲ(၂)၊ ပြည်သူ့အင်အားဦးစီးဌာန၊ May 2015၊ p. ၅၆
ဤ မကွေးတိုင်းဒေသကြီး ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |