မွန်ညီညွတ်ရေးပါတီ
မွန်ညီညွတ်ရေးပါတီ (အင်္ဂလိပ်: Mon Unity Party) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Mon Unity Party- MUPဟု လူသိများသည်။ မွန်အင်အားကြီးနှစ်ပါတီ ပေါင်းစည်းထားသည့် မွန်ညီညွတ်ရေးပါတီသည် ပါတီဝင်အင်အား တစ်သိန်းနီးပါးရှိပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး စသည့်တိုင်းဒေသကြီးများ၌ ပါတီရုံးခွဲများ ရှိသည်။[၁]
မွန်ညီညွတ်ရေးပါတီ | |
---|---|
အင်္ဂလိပ် အမည် | Mon Unity Party |
တည်ထောင်ခြင်း | ၁၁ ဇူလိုင် ၂၀၁၉ |
နိုင်ငံရေး သဘောတရား | မွန်လူမျိုး အခွင့်အရေး |
အရောင် | အဝါ အနီ အပြာ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
မွန်ပြည်နယ် လွှတ်တော် အမတ်နေရာ | ၃ / ၃၁
|
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
သမိုင်းကြောင်း
ပြင်ဆင်ရန်၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည်။[၂] မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ နှင့် မွန်နိုင်ငံရေးစိတ်ဝင်စားသည့်သူများ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက လျှောက်ထားခဲ့ခြင်းဖြစ်သည်။[၃]
ပါတီ ဖွဲ့စည်းပုံ
ပြင်ဆင်ရန်မွန်ညီညွတ်ရေးပါတီတွင် ဗဟိုကော်မတီဝင် ၁၄၀ ဦးရှိပြီး ၎င်းတို့ထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၅၉ ဦး၊ ဥက္ကဋ္ဌအဖွဲ့လေးဦး၊ အတွင်းရေးမှူးအဖွဲ့ ခြောက်ဦးတို့ ဖြင့် ဖွဲ့စည်းထားသည်။[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ https://www.bbc.com/burmese/burma-53550199
- ↑ မွန်ညီညွတ်ရေးပါတီ ( Mon Unity Party ) ကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၂ ဇူလိုင် ၂၀၂၀)။ 8 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
- ↑ http://mizzimaburmese.com/article/56942
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2020 တွင် ပြန်စစ်ပြီး။
ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |