မွန်အမျိုးသားပါတီ
မွန်အမျိုးသားပါတီ (အင်္ဂလိပ်: Mon National Party; အတိုကောက် MNP; မွန်: ဗော် ကောန်ဂကူ မန်) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ နိုင်ငံရေးအဖွဲ့ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် Mon National Party- MNPဟု လူသိများသည်။ မွန် ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ပါတီနှစ်ခုကို ပူးပေါင်း၍ ၂၀၁၄ ဇန်နဝါရီ ၂၆ ရက်တွင် မွန်အမျိုးသား ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းသည်။[၃] ပါတီ၏ နိုင်ငံရေး သဘောတရားမှာ မွန်လူမျိုး အခွင့်အရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။
မွန်အမျိုးသားပါတီ ဗော် ကောန်ဂကူ မန် | |
---|---|
အင်္ဂလိပ် အမည် | Mon National Partyv |
နာယက | ဦးနိုင်ငွေသိန်း |
အထွေထွေ အတွင်းရေးမှူး | ဒေါက်တာမင်းစိုးလင်း |
တည်ထောင်ခြင်း | ၁၉၉၀ ၂၆ ဧပြီ ၂၀၁၂[၁](ပြန်လည် မှတ်ပုံတင်) |
ဖျက်သိမ်းခြင်း | ၁၁ ဇူလိုင် ၂၀၁၉ |
ဆက်ခံ | မွန်ညီညွတ်ရေးပါတီ |
ဌာနချုပ် | မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ် |
အဖွဲ့ဝင် | ၅၀,၀၀၀+[၂] |
နိုင်ငံရေး သဘောတရား | မွန်လူမျိုး အခွင့်အရေး ဖက်ဒရယ်ပြည်ထောင်စုစနစ် |
အရောင် | အနီ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၁ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၀ / ၄၄၀
|
မွန်ပြည်နယ် လွှတ်တော် အမတ်နေရာ | ၂ / ၃၁
|
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (Mon National Democratic Front) ကို စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါရှိသည့် ပြဋ္ဌာန်းချက်အချို့ကို မွန်အမျိုးသားဒီမိုကရေစီအဖွဲ့မှ သဘောမတူသည့်အတွက် မှတ်ပုံတင်ပြန်လည်ပြုလုပ်ခြင်းမရှိခဲ့ပေ။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး[၁] ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။
၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာပါတီနှစ်ခုကို ပူးပေါင်း၍ မွန်အမျိုးသားပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သည်။[၂] ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် နိုင်သက်လွင် သည် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
မွန်အမျိုးသားပါတီအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာသာ အနိုင်ရရှိခဲ့သည်။[၄]
ဖျက်သိမ်းခြင်း
ပြင်ဆင်ရန်၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် မွန်အမျိုးသားပါတီကို ပါတီမှတ်ပုံတင် ဖျက်သိမ်းခဲ့သည်။[၅]
ပါတီမူဝါဒ
ပြင်ဆင်ရန်- အမျိုးသား တန်းတူညီမျှမှုနှင့် တိုင်းရင်သားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး၊
- စစ်မှန်သည့် ဒီမိုကရက်တစ် ပြည်ထာင်စု ထူထောင်ရေး၊
- ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေး။
ဆက်စပ်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Mon National Party။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်။ ၂၁ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ မွန်အမျိုးသားပါတီ။ ၇ ရက်သတင်းဂျာနယ် (၂၉ ဩဂုတ် ၂၀၁၅)။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- ↑ https://www.bbc.com/burmese/burma/2015/10/151014_2015_election_party_49
- ↑ https://elevenmyanmar.com/news/30193
- ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (၁၂ ဇူလိုင် ၂၀၂၀)။ 17 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။
ဤ မြန်မာ့နိုင်ငံရေးပါတီအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |