ယုဇနစောမြင့် (ကလေးအထူးကုဆရာဝန်)
ဤဆောင်းပါး၏ အကြောင်းအရာသည် ဝီကီပီးဒီးယား၏ အတ္ထုပ္ပတ္တိများအတွက် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နှင့် မကိုက်ညီခြင်း ဖြစ်နေနိုင်သည်။ |
တမ်းပလိတ်:Orphan ဒေါက်တာယုဇနစောမြင့်သည် မြန်မာကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ စာရေးဆရာ မှူးသမိန် ခေါ် ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း) (တော်လှန်ရေးကောင်စီဝင်) နှင့် ဒေါ်တင်တင်မြင့် တို့၏ သမီးကြီးဖြစ်သည်။ ယုယ (ဆေး ၁) ကလောင်အမည်ဖြင့် ရသစာပေများရေးသားလျက်ရှိပြီး မဟေသီမဂ္ဂဇင်း၏ အယ်ဒီတာချုပ်လည်း ဖြစ်သည်။
ပညာရေး
ပြင်ဆင်ရန်ဆေးပညာဘွဲ့၊ ကလေးကျန်းမာပညာဒီပလိုမာဘွဲ့နှင့် ဆေးပညာမဟာသိပ္ပံဘွဲ့(ကလေးကျန်းမာပညာ)တို့ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ရရှိခဲ့သည်။[၁]
ဝန်ထမ်းဘဝ
ပြင်ဆင်ရန်တွဲဖက်ပါမောက္ခ၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ကလေးအထူးကုဆရာဝန်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။[၂][၃][၄]
လက်ရှိတာဝန်များ
ပြင်ဆင်ရန်ကလေးကျန်းမာရေးပညာပေးခြင်း
ပြင်ဆင်ရန်ကလေးကျန်းမာရေးပညာပေးခြင်းကို အစဉ်တစိုက်လုပ်ဆောင်လျက်ရှိသည်။ ပညာပေးဆောင်းပါးနှင့် တွေ့ဆုံမေးမြန်းခန်းအချို့မှာ -
- ဒေါက်တာယုဇနစောမြင့် ပြောပြတဲ့ ကျန်းမာစွာနေထိုင်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက်[၈]
- ကလေးနှင့် မျက်စိနာခြင်း[၉]
- ကလေးနှင့် ဆောင်းရာသီမှာအဖြစ်များတဲ့ ရောဂါများ[၁၀]
- ဆောင်းရာသီနှင့် ကလေးကျန်းမာရေး[၁၁]
- ကိုယ်ခံစွမ်းအားမြှင့် ဗိုက်တာမင် စီ အကြောင်းသိကောင်းစရာများ[၁၂]
- ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့[၁၃]
- ကလေးနှင့် တုပ်ကွေးရောဂါ[၁၄]
- မပေါ့ဆသင့်တဲ့ ကလေးချောင်းဆိုးပြဿနာ[၁၅]
- ကလေးငယ်တွေမှာ အဖြစ်များလာတဲ့ အဝလွန်ရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ[၁၆]
- ကလေးငယ်လေးတွေမှာ အဖြစ်များတတ်တဲ့ ရောဂါများအကြောင်း[၁၇]
- ဖြည့်စွက်စာတွေ မှန်မှန်ကန်ကန်ကျွေးတတ်စေဖို့အတွက်[၁၈]
- ခြောက်လှန့်သမှု မပြုစေလို[၁၉]
- ကလေးနှင့် အဆိပ်[၂၀]
စာပေခရီး
ပြင်ဆင်ရန်ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်မှစ၍ မဟေသီမဂ္ဂဇင်း၏ အယ်ဒီတာချုပ်အဖြစ်ဆောင်ရွက်လျက်ရှိသည်။ ယုယ (ဆေး ၁) ကလောင်အမည်ဖြင့် ရေးသားသော ရသစာပေများအနက် နွေနှောင်းအတိတ် လွမ်းရိပ်တွေဆင် နှင့် ပရဟိတပန်းပျိုးခင်းသို့ မေချီလှမ်းလျှောက်လျှက်နှင့် အခြားဝတ္ထုတိုများ တို့သည် လူသိများသော စာအုပ်များဖြစ်သည်။[၂၁][၂၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။
- ↑ မိခင်နို့ရည်နှင့် ဘဝအစခြေလှမ်း ကြေးမုံသတင်းစာ ၂-၈-၂၀၀၈
- ↑ For Children of AIDS, New Hope in Newark The New York Times July 11 1993
- ↑ Free medical treatment given in Shwepyitha Township The New Light of Myanmar 2 January 2013
- ↑ https://www.mmacentral.org/central-level/central-executive-committee/
- ↑ Parami General Hospital Paediatrician။ 17 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2021 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ Standard Nation Media ၁၉ အောက်တိုဘာ ၂၀၁၉
- ↑ YouTube ပေါ်ရှိ ဒေါက်တာယုဇနစောမြင့် ပြောပြတဲ့ ကျန်းမာစွာနေထိုင်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက် Sound Impact
- ↑ ကလေးနှင့် မျက်စိနာခြင်း
- ↑ ကလေးနှင့် ဆောင်းရာသီမှာအဖြစ်များတဲ့ ရောဂါများ
- ↑ ဆောင်းရာသီနှင့် ကလေးကျန်းမာရေး
- ↑ ကိုယ်ခံစွမ်းအားမြှင့် ဗိုက်တာမင် စီ အကြောင်းသိကောင်းစရာများ
- ↑ ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့
- ↑ ကလေးနှင့် တုပ်ကွေးရောဂါ
- ↑ မပေါ့ဆသင့်တဲ့ ကလေးချောင်းဆိုးပြဿနာ
- ↑ ကလေးငယ်တွေမှာ အဖြစ်များလာတဲ့ အဝလွန်ရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါ Archived 19 February 2021 at the Wayback Machine. မြန်မာတိုင်းမ် ၇ ဖေဖော်ဝါရီ ၂၀၁၉
- ↑ မေ့ရင်သွေး မဂ္ဂဇင်း March 2019
- ↑ မေ့ရင်သွေး မဂ္ဂဇင်း March 2019
- ↑ မေ့ရင်သွေး မဂ္ဂဇင်း Aug 2017
- ↑ [၁] လိုတရ MPT ၁ ဒီဇင်ဘာ ၂၀၂၀
- ↑ YouTube ပေါ်ရှိ ကလေးဆရာဝန်ကြီးတွေရဲ့ စာအုပ်မိတ်ဆက်ပွဲ Shape Entertainment
- ↑ MMA PUBLICATION HOUSE