အခြား ဆင်တူအမည်ရှိသော လူပုဂ္ဂိုလ်များ အတွက်၊ ရတနာပုံ ကို ကြည့်ပါ။

ရတနာပုံ သည် ပင်းယနေဘုရင် တစ်စီးရှင် သီဟသူ၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။ သူမသည် စစ်ကိုင်းဘုရင်များဖြစ်သော အသင်္ခယာ စောယွန်းနှင့် တရဖျားကြီးတို့၏ မယ်တော် ဖြစ်သည်။

ရတနာပုံ
ပင်းယ မြောက်နန်းမတော် မိဖုရား
နန်းသက်၇ ဖေဖော်ဝါရီ ၁၃၁၃ – c. ဖေဖော်ဝါရီ ၁၃၂၅
ရှေ့မင်းဆက်နေရာအသစ်
ဆက်ခံသူမသိရှိရ
ပင်လယ် မြောက်နန်းမတော် မိဖုရား
နန်းသက်၁၃၀၀ ဆယ်စုနှစ် – ၇ ဖေဖော်ဝါရီ ၁၃၁၃
ရှေ့မင်းဆက်နေရာအသစ်
နောက်မင်းဆက်ပျက်သုန်း
မွေးဖွားc. ၁၂၈၀ ဆယ်စုနှစ်
လင်းယဉ်
ကွယ်လွန်ပင်းယ
အိမ်ထောင်ဖက်အမည်မဖော်ပြထား
တစ်စီးရှင် သီဟသူ
သားသမီးများတရဖျားကြီး
အသင်္ခယာ စောယွန်း
စောပုလဲ
စံအိမ်ပင်းယနေပြည်တော်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရတနာပုံ မိဖုရားသည် မြောက်ပိုင်းဒေသတစ်နေရာရှိ လင်းယဉ်ရွာမှ သာမန်အရပ်သူတစ်ဦး ဖြစ်သည်။ သူမသည် ရှမ်းလူမျိုးတစ်ဦး ဖြစ်ဟန်တူသည်။[note ၁] ၁၂၉၈ ခုနှစ်တွင် သူမသည် ၁ နှစ်အရွယ်ကလေးငယ်နှင့် မုဆိုးမတစ်ဦးဖြစ်ကာ တောင်အရပ်သို့ ခရီးထွက်စဉ် အမဲလိုက်ထွက်လာသော သီဟသူနှင့် တွေ့ခဲ့သည်။ အစ်ကိုနှစ်ဦးနှင့်အတူ မြင်စိုင်းနေပြည်တော်ကို တည်ထောင်ခဲ့သူ သီဟသူက ရတနာပုံအား ကိုယ်လုပ်တော်အဖြစ် ကောက်ယူခဲ့သည်။ တစ်နှစ်ခန့်အကြာတွင် ပထမဆုံးသားတော် စောယွန်းကို မွေးဖွားခဲ့သည်။ သမီးတော် စောပုလဲအား မမွေးဖွားမီအထိ သူမသည် ကိုယ်လုပ်တော်အဖြစ်သာ ရှိနေခဲ့သည်။ ယင်းနောက် သူမအား မြောက်နန်းမတော် မိဖုရားအဖြစ် မြှောက်စားခဲ့သည်။[၁]

မိဖုရားမှ ဆင်းသက်လာသူများတွင် စစ်ကိုင်းဘုရင်များဖြစ်သော အသင်္ခယာ စောယွန်းမှ တရဖျားငယ်တို့အထိ ပါဝင်သလို အင်းဝနေပြည်တော်အား တည်ထောင်ခဲ့သူ သတိုးမင်းဖျားဘုရင်လည်း ပါဝင်သည်။[note ၂] ထို့အပြင် မိဖုရားခေါင်များဖြစ်သော အင်းဝ ရှင်ဘို့မယ်နှင့် ရှင်မြတ်လှ တို့သည်လည်း ရတနာပုံမိဖုရား၏ အဆက်အနွယ်များ ဖြစ်ကြသည်။[၁]

မှတ်စု ပြင်ဆင်ရန်

  1. ရာဇဝင်ကျမ်းများ (မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၁–၃၇၂)က သူမ၏ မျိုးရိုးကို ဖော်ပြထားခြင်းမရှိဘဲ မြောက်ပိုင်းမှ ဖြစ်သည်ဟုသာ ဖော်ပြထားသည်။ သို့သော် ဗြိတိသျှကိုလိုနီ ပညာရှင်များက သူမအား ရှမ်းတိုင်းရင်းသားအဖြစ် ရည်ညွှန်းဖော်ပြကြသည်။ ဥပမာအနေဖြင့် (Phayre 1967: 59–60) နှင့် (Harvey 1925: 75–81) တို့တွင် ကြည့်နိုင်သည်။
  2. See the regnal list of Sagaing in (Harvey 1925: 366).

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၇၁–၃၇၂

ကျမ်းပြုစာရင်း ပြင်ဆင်ရန်

  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Phayre၊ Lt. Gen. Sir Arthur P. (1883)။ History of Burma (1967 ed.)။ London: Susil Gupta။
  • မြန်မာနိုင်ငံတော်ဝင်သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်းရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။


ရတနာပုံမိဖုရား (ပင်းယ)
မွေးဖွား c. ၁၂၈၀ ဆယ်စုနှစ် ကွယ်လွန်  ?
Royal titles
ဘွဲ့အသစ် ပင်းယ မြောက်နန်းမတော် မိဖုရား
၁၃၁၃–၁၃၂၅
ဆက်ခံသူ
မသိရှိရ
ဘွဲ့အသစ် ပင်လယ် မြောက်နန်းမတော် မိဖုရား
၁၃၀၀ ဆယ်စုနှစ်–၁၃၁၃
မရှိ
မြင်စိုင်းနေပြည်တော်အား ပင်းယနေပြည်တော်ဟု
ပြောင်းလဲခေါ်ဆို