ရတနာပုံ တယ်လီပို့
Yatanarpon Teleport Public Co., Ltd.
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းTelecommunication
တည်ထောင်သည့်နှစ်ဒီဇင်ဘာ ၂၀ဝ၁
ဌာနချုပ်ရန်ကုန်
တည်နေရာလှိုင်တက္ကသိုလ်များနယ်မြေ၊ လှိုင်မြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အလုပ်သမားဦးရေ၅၀၀+
ဝက်ဘ်ဆိုက်yatanarpon.net.mm

ရတနာပုံ တယ်လီပို့ ပြင်ဆင်ရန်

ရတနာပုံတယ်လီပို့သည် ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ အခန်းကဏ္ဍကို ဖြည့်ဆည်းပေးရန် အတွက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်တွင်း ကုမ္ပဏီများ၏ကြားတွင် အဓိက ထောက်တိုင်အဖြစ် မ,တည်ငွေ ကျပ်ပေါင်း ၅၀ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ ရတနာပုံတယ်လီပို့သည် အိုင်တီလောက၏ အထင်ကရ နေရာတစ်ခုဖြစ်သော ရတနာပုံဆိုက်ဘာစီးတီး - ရတနာပုံ နည်းပညာ မြို့သစ်တွင် ဗဟိုပြုအခြေစိုက်ကာ ပြည်သူလူထုအကြား ထိုးဖောက်ဝင်ရောက်ခဲ့သည်။

ရတနာပုံတယ်လီပို့ ပင်မကွန်ယက်အင်ဖရာမှာ ကမ္ဘာ့အဆင့်မီ မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဒေတာစင်တာဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ကိုလိုကေးရှင်း ဝန်ဆောင်မှုများကို ပေးလျက်ရှိသည်။ ရေရှည်လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရတနာပုံတယ်လီပို့သည် သုံးစွဲသူ မိဘပြည်သူများအား ကုန်ကျစရိတ်နှင့် ထိုက်တန်သော အရည်အသွေးမြင့်မားသော ဝန်ဆောင်မှု၊ သုံးစွဲသူ၏ လိုအပ်ချက်များအား အလေးပေး ဆောင်ရွက်ထားသော နောက်ဆုံးပေါ် နည်းပညာများ၏ ပံ့ပိုးကူညီမှုများကို အတတ်နိုင်ဆုံး ရှေးရှုကာ သုံးစွဲသူများ စိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ရတနာပုံတယ်လီပို့သည် မြန်မာနိုင်ငံတွင်းရှိ အားလုံးသော လူနေမှုဘဝမျိုးစုံအတွင်း အရှိန်အဟုန်ပြင်းသော ဒစ်ဂျစ်တယ် နည်းပညာ ယဉ်ကျေးမှုသစ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် အဓိကထား ဆောင်ရွက်လျက်ရှိပြီး အသစ်အသစ်သော နည်းပညာများ၊ ပြည့်ဝသော ဝန်ဆောင်မှုများနှင့်အတူ တိုင်းပြည်၏ နည်းပညာကွန်ယက်အတွက် အပြည့်အဝ တာဝန်ယူပေးလျက်ရှိသည်။

မြန်မာနိုင်ငံ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း၏ မူလပထမဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီလိမိတက်သည် မြန်မာနိုင်ငံအစိုးရမှ အကျိုးအမြတ်၏ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါတွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲကာ သီးခြားရပ်တည်နေပြီ ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယခုအခါတွင် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီမှသည် တယ်လီကွန်း အော်ပရေတာအဖြစ် ပြောင်းလဲ ရပ်တည်နေသော ကာလလည်းဖြစ်သည်။ ယခု လက်ချိန်အချိန်တွင် ရတနာပုံတယ်လီပို့သည် မြန်မာနိုင်ငံမှ များစွာ အလှမ်းမဝေးကွာသော နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး မည်သူမည်ဝါနှင့် ပူးပေါင်းမည်ကို လက်ရှိလိုင်စင်ရ အော်ပရေတာများ၏ လုပ်ထုံးလုပ်နည်းများနှင့် လျော်ညီစွာ တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်