ရမ်းဗြဲမြို့

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မြို့

ရမ်းဗြဲမြို့ သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ကမ်းအနီးတွင် တည်ရှိသည်။ ရခိုင်တိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသောအခါတွင် ရမ်းဗြဲမြို့သည် ရမ်းဗြဲခရိုင်၏ မြို့တော်ဖြစ်ခဲ့၏။ ၁၈၅၂ ခုနှစ်တွင် ရမ်းဗြဲနှင့် အမ်းခရိုင်ကို ပေါင်း၍ ကျောက်ဖြူခရိုင် ဟု ဖွဲ့စည်းသောအခါ ခရိုင်ဌာနချုပ်ရုံးကို ကျောက်ဖြူမြို့ သို့ ရွေ့လိုက်သဖြင့် ရမ်းဗြဲမြို့သည် မြို့နယ်ရုံးစိုက်ရာ မြို့အဖြစ်သာ ကျန်ရစ်တော့သည်။ ထိုအခါ၌ လူဦးရေ ၃၈၉၂ ယောက်သာ ရှိတော့သည်။

ရမ်းဗြဲမြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ရမ်းဗြဲမြို့
ရမ်းဗြဲမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရမ်းဗြဲမြို့
ရမ်းဗြဲမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 19°05′N 93°52′E / 19.083°N 93.867°E / 19.083; 93.867ကိုဩဒိနိတ်: 19°05′N 93°52′E / 19.083°N 93.867°E / 19.083; 93.867
နိုင်ငံအမည် မြန်မာ
ပြည်နယ် ရခိုင်
ခရိုင်ကျောက်ဖြူ
လတ္တီကျု(၁၉)ဒီဂရီ၊ (၅)မိနစ်
လောင်ဂျီကျု(၉၃)ဒီဂရီ၊ (၅၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့ရမ်းဗြဲမြို့
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ရမ်းဗြဲမြို့သည် ကျောက်ဖြူမြို့မှ မိုင် ၅ဝ ခန့်ဝေး၍ ရေကြောင်းမှ သွားလာနိုင်သည်။ ရမ်းဗြဲမြို့နယ်မှ ဆန်မဲနယ်သကြားထုံးနှင့် ရေနံထွက်သည်။[၁]

'အင်း၊ ဗန်း၊ မျက်၊ ညောင်၊ ကိုရံတောင်၊ တောင်ရံငါးလုံး၊ ပိတ်ဖုံးကွယ်ကာ၊ မြို့ရမ္မာ' ဟူသော စာဆိုနှင့်အညီ ရမ္မာဝတီ ခေါ်သော ရမ်းဗြဲမြို့ကို အင်းတောင်ဗဟန်းတောင်၊ ရေမျက်တောင်၊ ညောင်တောင်နှင့် ကိုရံတောင်တို့က ပြင်ပမှ မမြင်ရအောင် ပတ်ပတ်လည်၌ ဝိုင်းရံထားသည်။[၂]

မြန်မာ့ပြည်တွင်းစစ်ကာလအတွင်း ၂၀၂၄ ခုနှစ် မတ်လတွင် ရမ်းဗြဲမြို့အား အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

မြန်မာ့ပြည်တွင်းစစ်ကာလတွင် ရမ်းဗြဲမြို့သည် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေရာ ဖြစ်သည်။[၃]၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ရမ်းဗြဲမြို့နှင့် မြို့ပတ်ဝန်းကျင်အား အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပြီး[၄] မတ်လ ၁၁ ရက်နေ့တွင် အာရက္ခတပ်တော်က တရားဝင်ထုတ်ပြန်ခဲ့သည်။[၅][၆]

ရမ်းဗြဲမြို့တွင် အခြေခံပညာ အထက်တန်ကျောင်း ၂ ကျောင်း(ခန့်မှန်း) ရှိပြီး။ အလယ်တန်း၊ မူလတန်းကျောင်းများ လည်းတည်ရှိသည်။

ကျန်းမာရေး

ပြင်ဆင်ရန်
  • မြို့နယ်ပြည်သူဆေးရုံ၊ရမ်းဗြဲ

ရမ်းဗြဲမြို့တွင် ရမ္မာဝတီအားကစားကွင်း ရှိပြီး နှစ်စဉ် အားကစားပြိုင်ပွဲများ ကျင်းပ‌လေ့ရှိသည်။

အထင်ကရနေရာများ

ပြင်ဆင်ရန်
  • ရခိုင်ဘုရင် မဟာသမ္မတရာဇာ မိဖုရားမြတ်သန္တာအုတ်ဂူ
  • ကိုယ်ရံတောင်စေတီ
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
  2. မင်းဣဒ္ဓိ(ဂမ္ဘီရတောင်တန်း) (ဇူလိုင်၊ ၂၀၀၀)။ ရမ္မာဝတီမှ စိတ်ဝင်စားဖွယ်ရာများ(၁)။ နက္ခတ္တရောင်ခြည်။ p. ၁၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. Arakan Army Fighting to Seize Rakhine Coast Town (January 31, 2024)။
  4. AA captures Ramree in southern Rakhine State (March 7, 2024)။
  5. Yaung Ni။ "Arakan Army captures Ramree after months of fighting"၊ Myanmar Now၊ Myanmar Now Ltd၊ 12 March 2024။ 
  6. The Irrawaddy။ "AA Seizes Rakhine Town Near Key Chinese Port Project"၊ The Irrawaddy၊ Irrawaddy Publishing Group၊ 12 March 2024။ 

ပြင်ပလင့်များ

ပြင်ဆင်ရန်