ရောက်ကြီး
ဦးရောက်ကြီး (၁၁၃၆ - ၁၁၉၇) သည် ကုန်းဘောင်ခေတ်တွင် မြင်းဝန်မဟာသီဟသူရဘွဲ့ဖြင့် ထင်ရှားခဲ့သည့် စာဆိုတော်တစ်ဦး ဖြစ်သည်။ [၁]
ဘဝ
ပြင်ဆင်ရန်ဦးရောက်ကြီးကို သက္ကရာဇ် ၁၁၃၆ ခုနှစ်တွင် မုတ္တမမင်းကြီးအစ်ကို မောင်ရနှင့် မယ်နုတို့မှ ဖွားမြင်ခဲ့သည်။ မိခင်ဖြစ်သူ မယ်နုမှာ နောင်တော်ကြီးမင်း၏ ယောက်ဖ (ဖောင်ကားစားမောင်မောင်၏ မရီး) မင်းရဲဘွဲ့ခံ မောင်ဝနှင့် ဟန်ဟင်းမြို့စား ကျောင်းဒကာသမီးရ ရှင်ရောင်တို့၏ သမီး ဖြစ်သည်။
ဦးရောက်၏ ငယ်မည်မှာ မောင်ရေး ဖြစ်သည်။ အရွယ်ရောက်သည့်အခါ စဉ့်ကူးမင်းထံတွင် ကွမ်းရေတော်အရာနှင့် ထမ်းရွက်၍ စဉ့်ကူးမင်းမရှိသည့်အခါ ဘိုးတော်မင်းတရားထံတွင် ကွမ်းရေတော်အရာနှင့် ထမ်းရွက်ခဲ့၍ စည်သူသီရိရွှေတောင်ဘွဲ့၊ နေမျိုးဇေယျသူဘွဲ့များကို ရရှိခဲ့သည်။
ထို့နောက်တွင် မြို့ဝန်၊ ဆင်ဝန်၊ မြောက်ဘက်တိုက်ဝန်၊ ယွန်းစုဝန်အရာများကို ရခဲ့သည်။ ဘကြီးတော်လက်ထက်တွင် မဟာသီဟသူရဘွဲ့နှင့် မြို့ဝန်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ထို့နောက် မြင်းစုဝန်အရာရ၍ မြင်းစုဝန်ဟု ထင်ရှားခဲ့သည်။ [၁]
ကွယ်လွန်ခြင်း
ပြင်ဆင်ရန်ဦးရောက်ကြီးသည် ၁၁၉၇ ခုနှစ်၊ အသက် ၆၁ နှစ်တွင် ကွယ်လွန်ခဲ့သည်။ [၁]
စာပေများ ရေးသားခြင်း
ပြင်ဆင်ရန်ဦးရောက်ကြီးသည် ပျို့ကဗျာလင်္ကာရတုဧချင်းများကို ရေးသားပြုစုခဲ့သည်။ ပြုစုခဲ့သသည့် စာပေများတွင် အောက်ပါတို့ ပါဝင်သည်။
- နေပြည်တော်ဝင်ပျို့
- စန္ဒကိန္နရီပျို့
- ဣသိသိင်္ဂပျို့
- ဥဒေါင်းမင်းပျို့
- နှမတော်ပုဂံမင်းသမီးဧချင်း
- ရတနာပူရမြို့မော်ကွန်း
- အမရပူရမြို့မော်ကွန်း
- ရတုများ[၁]