[၁] လောကုတ္တရာကုသိုလ်ဈာန်သည်—[၂]

စတုက္က နည်းအားဖြင့် ပြင်ဆင်ရန်

  • (၁) ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော အင်္ဂါ ၅-ပါးရှိသော ပဌမဈာန်
  • (၂) ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော အင်္ဂါ ၃-ပါးရှိသော ဒုတိယဈာန်၊
  • (၃) သုခ, ဧကဂ္ဂတာ-ဟူသော အင်္ဂါ ၂-ပါးရှိသော တတိယဈာန်၊
  • (၄) ဥပေက္ခာ, ဧကဂ္ဂတာ ဟူသော အင်္ဂါ ၂-ပါးရှိသော စတုတ္ထဈာန်-ဟု ၄-ပါး ရှိသည်။

[၂]

ပဉ္စကနည်းအားဖြင့် ပြင်ဆင်ရန်

  • (၁) ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂကာ ဟူသော အင်္ဂါ ၅-ပါး ရှိသော ပဌမဈာန်၊
  • (၂) ဝိစာရ,ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော အင်္ဂါ ၄-ပါး ရှိသော ဒုတိယဈာန်၊
  • (၃) ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသောအင်္ဂါ ၃-ပါး ရှိသော တတိယဈာန်၊
  • (၄) သုခ, ဧကဂ္ဂတာ ဟူသော အင်္ဂါ ၂-ပါး ရှိသော စတုတ္ထဈာန်၊
  • (၅) ဥပက္ခာ, ဧကဂ္ဂတာ-ဟူသောအင်္ဂါ ၂-ပါးသော ပဉ္စမဈာန်ဟု ၅-ပါးရှိသည်။ [၃]

ထို့အတူ ဝိပါက်ဈာန်၌လည်း စတုက္ကနည်းအားဖြင့် ဈာန် ၄-ပါး၊ ပဉ္စကနည်းအားဖြင့် ဈာန် ၅-ပါးရှိသည်။ [၄][၂]

ကိုးကား ပြင်ဆင်ရန်

  1. လောကုတ္တရဇ္ဈာန (န) [လောကုတ္တရ+ဈာန] လောကုတ္တရာဈာန်။ လောကုတ္တရဇ္ဈာနံ ပဋိပဒါယ သဒ္ဓိံယေဝ ဂရုံကတွာ ဒေသေတုကာမတာယ။ အဘိ၊ဋ္ဌ၊၁၊၂၆၀။ (ဝိ၊ဋ္ဌ၊၂၊၈၄။ ဝိသုဒ္ဓိ၊၁၊၂၃၁၊ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၉၆)။
  2. ၂.၀ ၂.၁ ၂.၂ တိပိဋကအဘိဓာန် အတွဲ-၁၈
  3. (အဘိ၊ဝိ၊၂၇၆-၈)
  4. (အဘိ၊ဝိ၊၂၇၉-၈၀)