လောပိတမြို့
လောပိတမြို့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ယခင်က ကျေးရွာအုပ်စုအဖြစ် တည်ရှိကာ မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ လောပိတမြို့အနီးတွင် လောပိတ ရေအားလျှပ်စစ်စက်ရုံများ တည်ရှိသည်။ လောပိတမြို့သည် လွိုင်ကော်မြို့၏ အရှေ့တောင်ဘက် လွိုင်ကော်-လောပိတသွားလမ်းပေါ်တွင် တည်ရှိသည်။ လောပိတမြို့သည် ဝ.၇၄၂ စတုရန်းမိုင် ကျယ်ဝန်းသည်။၂၀၂၀ပြည့်နှစ် စက်တင်ဘာလတွင် အိမ်ခြေ ၈၄၈၊ လူဦးရေ ၃၈၆၀ ရှိသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၃၁၈၄ဦး၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆၇၆ဦးရှိသည်။
လောပိတမြို့ | |
---|---|
လောပိတမြို့တည်နေရာ | |
ကိုဩဒိနိတ်: 19°32′N 97°19′E / 19.533°N 97.317°Eကိုဩဒိနိတ်: 19°32′N 97°19′E / 19.533°N 97.317°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကယားပြည်နယ် |
ခရိုင် | လွိုင်ကော်ခရိုင် |
မြို့နယ် | လွိုင်ကော် |
လူဦးရေ (၂၀၂၀)[၁] | |
• စုစုပေါင်း | ၃၈၆၀ |
အချိန်ဇုန် | MST (UTC+6:30) |
ကိုးကား
ပြင်ဆင်ရန်
ဤ ကယားပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |