လေးကေရွာ၊ ဘီးလင်းမြို့နယ်
လေးကေရွာ(အင်္ဂလိပ်: Laykay)သည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၆၀၉၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ လေးကေကျေးရွာအုပ်စုတွင် ကျား ၃၄၉၇ ဦး၊ မ ၄၀၄၄ ဦး၊ လူဦးရေ စုစုပေါင်း ၇၅၄၁ ဦး နေထိုင်သည်။ [၁]
လေးကေ | |
---|---|
ရွာ | |
လေးကေရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 17°22′01″N 97°25′56″E / 17.366979598999°N 97.4321136474609°Eကိုဩဒိနိတ်: 17°22′01″N 97°25′56″E / 17.366979598999°N 97.4321136474609°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | မွန် |
ခရိုင် | သထုံခရိုင် |
မြို့နယ် | ဘီးလင်းမြို့နယ် |
ကျေးရွာအုပ်စု | လေးကေ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
၂၀၂၁ ဖြစ်စဉ်
ပြင်ဆင်ရန်၂၀၂၁ ခု၊ ဇူလိုင်လ ၇ ရက်တွင် ခမရ(၄၀၆) မှ ပူးပေါင်းအင်အား ပါဝင်သည့် နယ်ခြားစောင့်တပ်စခန်း(လေးကေ) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်က တိုက်သည်။ [၂] အဆုံးအဖြတ်မပေါ်ဘဲ ကရင်တပ်မှ ပြန်ဆုတ်စဉ် စခန်းတွင်မှ လက်နက်ကြီးဖြင့်ပစ်သဖြင့် လေးကေရွာရှိ အိမ်များ ပျက်စီးသည်။ အသေအပျောက် မရှိ။ နောက် ဇူလိုင် ၁၅ ရက်တွင် နယ်ခြားစောင့်တပ်စခန်း(လေးကေ) က စခန်း၌ ခံစစ်ပြင်ရန်လိုသည့် သစ်ဝါးတို့ကို ရွာသားများအား လာပို့ရန် အမိန့်ပေးသည်။ အနီးရှိ ကျောက်ဖျာရွာကိုလည်း အလားတူပင် အမိန့်ထုတ်သည်။ [၃] တဖန် စက်တင်ဘာလ ၁၃ ရက်တွင် လေးကေရွာအား အထက်အတိုင်း သစ်ဝါးများ ထပ်တောင်း၏။ [၄] ရွာမှာ အရှေ့အနောက်တိုက်ပွဲများအကြား ပိတ်မိနေသဖြင့် စစ်ရှောင်ရန်မြေလည်း မရှိရာ လက်နက်ကိုင်တိုင်း၏အမိန့်ကို နာခံရခြင်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Place codes (Pcodes)။ Myanmar Information Management Unit (June 2020)။
- ↑ "ဘီးလင်းမြို့နယ် လေးကေရွာအတွင်း အာဏာသိမ်းစစ်တပ် လက်နက်ကြီးပစ်ချသဖြင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီး". Myanmar Peace Monitor. 2021-07-10.
- ↑ "လေးကေ(BGF)စခန်းက စခန်းပြုပြင်ရန်အတွက် ပြည်သူတွေကို လုပ်အားပေး အဓမ္မခိုင်းစေခဲ့". Delta News Agency. 2021-09-13.
- ↑ "မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးများ ပစ်သဖြင့် ဒေသခံများ စိုးရိမ် Archived 13 September 2021 at the Wayback Machine.". Network Media Group. 2021-09-07.
ဤ မွန်ပြည်နယ် ပထဝီဝင်တည်နေရာဆိုင်ရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |