လျှပ်စစ်စွမ်းအင်သုံး ယာဉ်များ

တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လျှပ်စစ်မော်တာများဖြင့် မောင်းနှင်ရသောယာဉ်။

လျှပ်စစ်စွမ်းအင်သုံးယာဉ်တစ်စီးဆိုသည်မှာ လျှပ်စစ်ဓာတ်အားအသုံးပြု၍ ရွေ့လျားနိုင်သော စက်ယန္တရားများကို ခေါ်ဆိုသည်။ ၎င်း၏ ဘီးများအား လျှပ်စစ်ဓာတ်အားသုံးမော်တာများဖြင့် ရွေ့လျားစေ၏။ လျှပ်စစ်စွမ်းအင်သုံးယာဉ်များအား သည် မြင်း သို့မဟုတ် လူ့စွမ်းအင်အား အသုံးမပြုသည့် ယာဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လျှပ်စစ်စွမ်းအင်သုံး ကားများနှင့် ရထားများကို ၁၈၃၀ခုနှစ်များအတွင်းက တီထွင်အသုံးပြုခဲ့ကြပြီး ၁၉၀၀ခုနှစ်များအတွင်းတွင် လျှပ်စစ်ကားများက ဓာတ်ဆီအသုံးပြုသည့်ကားများထက် ပိုမိုပေါ်များခဲ့၏။ သို့သော် ဒီဇယ် သို့မဟုတ် ဓာတ်ဆီအသုံးပြုသည့် ကားများသည်ကား လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း မှစ၍ လူသုံးများလာခဲ့လေသည်။  လျှပ်စစ်စွမ်းအင်သုံးယာဉ်များအား အသုံးပြုခဲ့သည်မှာကာလ ကြာရှည်ခဲ့ပြီးဖြစ်သည်။ သာဓကအားဖြင့် အဆောက်အဦများအတွင်းတွင် လေးလံသော်ပစ္စည်းများမသည့် Forklift များ၊ ဂေါက်ကွင်းတွင်ပစ္စည်းသယ်သည့် ယာဉ်များ၊ အိပ်သည်ယာဉ်များ သို့ လေယာဉ်ကွင်းတွင် လေယာဉ်အနီးအနားတွင်အသုံးပြုသည့် ကူဖော်လောင်ဖက် ယာဉ်များစသည်တို့ ဖြစ်ကြသည်။ ၂၁ရာစု အစောပိုင်းတွင် ကမ္ဘာကြီး ညစ်ညမ်းလာမှုအား လျှော့ချနိုင်ရေးနှင့် စွမ်းအင်ချွေတာရေး အတွက် လျှပ်စစ်စွမ်းအင်နှင့် ဟိုင်ဘတ်ယာဉ်များအား ပိုမိုအသုံးပြုလာကြလေသည်။

လျှပ်စစ်မော်တော်ယာဉ်တစ်စီးအား အားသွင်းနေသည်ကိုတွေ့ရပုံ
Tesla Roadster
အမေရိကန်စာပို့ယာဉ်
လျှပ်စစ်ဓာတ်ရထား

သမိုင်း ပြင်ဆင်ရန်

ပထမဆုံးသော လျှပ်စစ်စွမ်းအင်သုံးယာဉ်အား မည်သူကစတင်တီထွင်ခဲ့သည်ကို သေချာစွာ မသိသော်လည်း ၁၈၂၈ ခုနှစ်အတွင်း ဟန်ဂေရီနိုင်ငံသား အန်ရိုဂျန့်လစ်ဆိုသူက လျှပ်စစ်ကားအသေးစား ပုံစံငယ်လေးအား တီထွင်ဖန်တီခဲ့သည်ဟု သိရသည်။ ၁၈၃၀ခုနှစ်အရောက်တွင် စကော့တလန်နိုင်ငံသား ရောဘတ် အန်ဒရူးဆန်၊ ဟောလန်မှ ပရော်ဖက်ဆာ စထိန်းဂ် နှင့် သောမတ် ဒဗန်ပေါ့ (ဗားမောက်မှ ပန်းပဲဆရာ) တို့အားလုံးသည် လျှပ်စစ်ယာဉ်များ တီထွင်ခဲ့ကြသည်။ ဒဗန်ပေါ့ အား ဒီစီ လျှပ်စစ်ဓာတ်အား တီထွင်သူအဖြစ် သတ်မှတ်ကြသေးသည်။ ၁၈၆၅ခုနှစ်တွင် ဂတ်စတွန် ပလန်တီ ဆိုသူ ပြင်သစ်အမျိုးသားတဦးမှ ဘတ္ထရီတခုကို တီထွင်ဖန်တီးခဲ့သေးသည်။ ၁၈၈၆ခုနှစ်အရောက်တွင် Connecticut မှ ဖရန့် စပါဂူးဆိုသူသည် လျှပ်စစ်မော်တာအား တ‌ခေတ်ဆန်းစေသည့် အပြောင်းအလဲတစ်ခုအား ပြုလုပ်ခဲ့လေသည်။

ထိုအချိန်က ဗြိတိသျှနှင့် ပြင်သစ်တို့သည် လျှပ်စစ်ကာားများ ပြုလုပ်ရာတွင် ရှေ့မှဦးဆောင်နေခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ကား ၁၈၉၁ ခုနှစ်နောင်းပိုင်း အေအယ်လ် ရိုင်ကာဆိုသူက ဘီး ၃ဘီးပါသည့် လျှပ်စစ်ကားအား တည်ဆောက်ပြုလုပ်ပြီး ဝီလျံ မောရစ်ဆင်ဆိုသူက ခရီးသည် ၆ဦး လိုက်ပါနိုင်သည့် ဝက်ဂွန် အမျိုးအစား ယာဉ်တစီးအား တီထွင်ခဲ့ပြီးနောက်ပိုင်းမှစ၍ လျှပ်စစ်ကားများအပေါ်တွင် စိတ်ဝင်စားလာခဲ့ကြသည်။ ၁၈၉၉ ခုနှစ်နှင့် ၁၉၀၀ ခုနှစ်များအကြား အမေရိကန်ပြည်ထောင်စုတွင် ကားအမျိုးအစားမျိုးစုံ(လျှပ်စစ်၊ ရေနွေးငွေ့သုံး၊ ဓာတ်ဆီ နှင့် ဒီဇယ်သုံး) တီထွင်ဖန်တီးရောင်းချခဲ့ကြပြီး လျှပ်စစ်ကားများ၏ ရွှေခေတ်တစ်ခေတ်လည်း ဖြစ်ခဲ့သည်။ သာဓကတခုအနေဖြင့် ချီကာဂိုမြို့ရှိ ဝုဒ် မော်တော်ယာဉ်ကုမ္ပဏီကထုတ်လုပ်သည် 1902 Phaeton သည် တစ်နာရီ ၁၄မိုင်နှုန်းဖြင့် ၁၈ မိုင်အကွာအဝေးထိသွားလာနိုင်ပြီး ကုန်ကျစရိတ်မှာ ဒေါ်လာ၂၀၀၀ ရှိသည်။ (ထိုအချိန်က မြို့တစ်မြို့နှင့် တစ်မြို့ ဆက်သွယ်ထားသည့်လမ်းများမှာ ကောင်းမွန်ခြင်းမရှိသောကြောင့် ခရီးသွားနိုင်သည့်အကွာအဝေးမှာ တိုတောင်းလွန်ခဲ့သည်)။ လျှပ်စစ်ကားများ၏အားသာချက်မှာ အင်ဂျင်စက်လည်ပတ်ရန် မိနစ်၃၀ မှ ၄၀ လိုအပ်သည့် ရေနွေးငွေ့သုံးကားများကဲ့သို့ ခရီးဝေးသွားနိုင်ပြီး ဓာတ်ဆီအင်ဂျင်များကဲ့သို့လည်း အနံ့နံခြင်းနှင့် ဆူညံခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ နောင်းပိုင်း၌ ဓာတ်ဆီနှင့် ဒီဇယ်ဆီအသုံးပြုသော အတွင်းလောင်အင်ဂျင်စက်များသည် အလွန်တိုးတက်ကောင်းမွန်လာပြီး ထိုအင်ဂျင်အသုံးပြုသည့်ကားများသည် အဝေးသို့ပိုမိုသွားနိုင်ခြင်းနှင့် လျင်မြန်ခြင်းတို့ကြောင့် လူကြိုက်များလာခဲ့သည်။ အချို့လူများသည် ဓာတ်ဆီအင်ဂျင်ကိုထုတ်ယူကာ လျှပ်စစ်မော်တာနှင့်ဘက်ထရီများထည့်သွင်းခြင်းအားဖြင့် သူတို့၏ကားဂိုဒေါင်များတွင် လျှပ်စစ်ကားများပြုလုပ်ကြလိမ့်မည်ဖြစ်သော်လည်း ကာလကြာရှည်အောင် မည်သည့်ကြီးမားသောကားကုမ္ပဏီမှ လျှပ်စစ်ကားကိုထုတ်လုပ်ခြင်းမပြုခဲ့ချေ။ ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင်သာ ကြီးမားသောကားကုမ္ပဏီများသည် လျှပ်စစ်ကားများကိုထပ်မံထုတ်လုပ်ခဲ့သည်။ အကျော်ကြားဆုံးမှာ GM's EV-1 ဖြစ်သည်။ ယခုအခါအခြားလောင်စာဆီသုံးမော်တော်ယာဉ်များကိုစိတ်ဝင်စားလာသည်။[၁][၂]

လျှပ်စစ်စွမ်းအင်သုံးယာဉ်အမျိုးအစားများ ပြင်ဆင်ရန်

လျှပ်စစ်သီးသန့်ကား (Pure electric cars) ပြင်ဆင်ရန်

ဤအမျိုးအစားတွင် မည်သည့် အတွင်းလောင်အင်ဂျင်စက်မျှမပါရှိပဲ ခရီးစဉ်တလျောက်လုံးအား လျှပ်စစ်မော်တာများအသုံးပြု မောင်းနှင်သည်။ ၎င်းသည်အင်ဂျင် မှလွဲ၍ အခြားနည်းများဖြင့်၎င်း၏စွမ်းအင်ကိုရရှိစေသည်။

လောင်စာဆဲလ်သည် ဟိုက်ဒရိုဂျင်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်စေသည်။ ဟိုက်ဒရိုဂျင်သည် အတွေ့များရသော်လည်း သိမ်းဆည်းရန်ကား အလွန်ခက်ခဲ၏။ ရေ မှ ပြုလုပ်နိုင်သော်လည်း ပုံမှန်အားဖြင့် သဘာဝဓာတ်‌ေငွ့များမှ ပြုလုပ်သည်။ ဤအသုံးပြုကားမျိုးကား အလွန်ရှားပါ၏။ အဘယ်ကြောင့်ဆိုသော်လူတစ်ဦးသည်ဟိုက်ဒရိုဂျင်ဖြည့်နိုင်သောနေရာများ အလွန်ရှားပါးလွန်းသောကြောင့် ထုတ်လုပ်မှုသိပ်မများလှပါ။ ထိုကုမ္ပဏီအနည်းငယ်အတွင်းမှ တိုယိုတာ ကုမ္ပဏီသည် မီရိုတိုယိုတာ လောင်ဆာဆဲလ်သုံးကားများ ထုတ်လုပ်သည်။

နေရောင်ခြည်ဆဲလ်သည် နေရောင်မှလာသော စွမ်းအင်အားသုံးဆည်းပြီးနောက် လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲကာ ကားအား‌ေရွ့လျားစေသည်။ သို့သော် ဆိုလာကားပေါ်သို့ကျရောက်သည့် နေရောင်ခြည်မှာ ကားတစီး လျင်မြန်စွာသွားနိုင်လောက်သောစွမ်းအင်အဖြစ်ပြောင်းလဲရန်မလုံလောက်သည့်အပြင် စွမ်းအင်အား သုံးဆည်းခြင်းမရှိပါက ညအချိန်တွင်အလုပ်မဖြစ်ချေ။ နေရောင်ခြည်စွမ်းအင်တမျိုးတည်းအသုံးပြုပြီး လျင်မြန်စွာသွားလာနိုင်သည့်ကားများ ပေါ်ထွက်လာစေရန်အတွက် နှစ်စဉ်ပြိုင်ပွဲများကျဉ်းပပေးသည်။

ဘတ္ထရီ-လျှပ်စစ်ယာဉ်များသည် ကားအတွင်းရှိ ကြီးမားသည့် ဘတ္ထရီအတွင်းတွင် လျှပ်စစ်စွမ်းအင်အား သိမ်းဆည်းထားသည်။ အိမ်ရှိလျှပ်စစ် ပလက်ပေါက်များကဲ့သို့သော လျှပ်စစ်စွမ်းအင်အရင်းအမြစ်မှ စွမ်းအင်ရယူပြီး ဘတ္တရီအတွင်းသိုလှောင်သည်။ ဤသည်မှ ယနေ့ခေတ်တွင်အတွေ့ရဆုံး ကားအမျိုးအစားဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ အစိုးရများက ကားများအား အလွယ်တကူလျှပ်စစ်ဓာတ်အားသွင်းနိုင်သည့် လျှပ်စစ်စတေရှင်နေရာများထည့်သွင်းတည်ဆောက်ပေးရန် တိုက်တွန်းအားပေးနေသည်။ ဘတ္ထရီလျှပ်စစ်ယာဉ်များပြုလုပ်သည့် ကုမ္ပဏီများမှာ လိဖ် လျှပ်စစ်ကားထုတ်လုပ်သည့် နစ်ဆန်ကားကုမ္ပဏီ၊ i-miEV ပြုလုပ်သည့် မစ်ဆူဘီရှိမော်တာများကုမ္ပဏီ နှင့် ရုဒ်စတာ(ပြိုင်ကား)ကဲ့သို့ ကျော်ကြားသည့် ကားများထုတ်လုပ်သည့် အမေရိကန်ကားကုမ္ပဏီ တက်စ်လာတို့ပါဝင်သည်။

Hybrid ကားများ ပြင်ဆင်ရန်

Hybrid ဆိုသည်မှာ အရာ ၂ မျိုးပေါင်းစပ်ထားခြင်းဖြစ်သည်။ ဤ Hybrid ကားတွင် လျှပ်စစ်မော်တာတစ်ခုနှင့် အခြား လောင်စာဆီသုံးစက်တစ်ခုကဲ့သို့သော စွမ်းအင်အမျိုးအစားတစ်မျိုးနှင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုကြောင့်လည်း Hybrid ကားများသည် စင်စစ် လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းအသုံးပြုသည့် ယာဉ်များမဟုတ်ကြချေ။ ဟိုင်ဘတ် လျှပ်စစ်ယာဉ်တစ်စီး (hybrid electric vehicle) (HEV) တွင်အတွင်းလောင်ကျွမ်းသောအင်ဂျင်နှင့်ဘီးကိုမောင်းနှင်စေသောလျှပ်စစ်မော်တာနှစ်ခုလုံးရှိသည်။ များသောအားဖြင့် အမြန်နှုန်းနည်းနည်းဖြင့်ရွေ့လျားသောအခါလျှပ်စစ်မော်တာကိုသုံးပြီး ကားကိုပိုမိုမြန်ဆန်စွာမောင်းနှင်သည့်အခါအတွင်းလောင်ကျွမ်းသောအင်ဂျင်မှစွမ်းအားကိုအသုံးပြုသည်။ အင်ဂျင်သည် ဓာတ်ဆီ၊ ဒီဇယ်နှင့်အခြားလောင်စာဆီများမှ ၎င်း၏စွမ်းအားကိုရရှိပြီးလျှင် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ကာ ဘတ္ထရီအတွင်း သိုလှောင်ထားပြီးနောက် လျှပ်စစ်မော်တာအား အသုံးပြုချိန်တွင် ထိုသိုလှောင်ထားသော လျှပ်စစ်စွမ်းအင်းအား အသုံးပြု၍ မော်တာများအားမောင်နှင်လည်ပတ်စေသည်။ ဤအမျိုးအစားယာဉ်သည် လောင်စာဆီအင်ဂျင်အား နှိုးရန်မလိုပဲ ခရီးသွားလာနိုင်သော်လည်း ကားအတွင်းအသုံးပြုထားသော ဘတ္ထရီများသည် လျှပ်စစ်ကားစစ်စစ်များ၏ ဘတ္ထရီများထက် သေးငယ်လေသည်။ ခရီအကွားအဝေးအတန်ငယ်သွားနိုင်ပြီး ဘတ္ထရီဓာတ်အား မကုန်မီ စက်အင်ဂျင်အားမောင်းနှင်ရန်လိုအပ်သည်။ Toyota Prius သည်အရောင်းရဆုံး HEV ဖြစ်သည်။ ထို့ပြင်ကမ္ဘာတစ်ဝန်းရှိ Honda (the Clarity နှင့်)၊ BMW (i3 နှင့်)၊ Ford (Focus နှင့်အတူ) ကဲ့သို့သောအခြားကုမ္ပဏီများသည်ဟိုက်ဘရစ်ကားများကိုလည်းထုတ်လုပ်ကြသည်။ Honda Civic နှင့် Toyota Camry အမျိုးအစားများသည် ‌လောင်စာအင်ဂျင်သာမက ဟိုင်ဘတ်အမျိုးအစား နှစ်ခုလုံးပါဝင်သည့် ကားများအားထုတ်လုပ်သည်။ ဟိုင်ဘတ်အမျိုးအစားတွင် ပစ္စည်းမျိုးစုံ ပါဝင်သည့်အလျောက် ဈေးလည်း ပိုမိုကြီးမားသည်။

 
General Motors EV-1 (Electric Vehicle - 1
 
Corbin motors sparrow

Plug-in hybrid electric vehicle (PHEV) အမျိုးအစားသည် မူလ ဟိုင်ဘတ်လျှပ်စစ်ယာဉ်ကဲ့သို့ အတွင်းလောင်အင်ဂျင်းနှင့် လျှပ်စစ်မော်တာတို့ပါဝင်သည်။ မတူကွဲပြားသည့်အချက်မှာ ဤအမျိုးအစားတွင် ထည့်သွင်းထားသည့် ဘတ္ထရီမှာ ကြီးမား၍ ပြင်ပလျှပ်စစ်အရင်းအမြစ်မှ ပလတ်ထိုး၍ အားသွင်းနိုင်ခြင်းဖြစ်သည်။ ဤသို့ကြောင့် PHEV ကားများသည် လောင်စာအင်ဂျင်အားအသုံးမပြုပဲ HEV ကားများထက်ပိုမိုဝေးကွာသောခရီးကို သွားလာနိုင်သည်။ မည်သို့ပင်ဆိုစေ ဤကားအမျိုးအစားတွင် ပါဝင်သည့် ဘတ္ထရီများမှာ အတန်ငယ်သေးနေသေးသည့်အပြင် လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းသာအသုံးပြုမည်ဆိုလျှင် သာမန်ရိုးကျ BEV ကားများကဲ့သို့ ခရီးအကွားအဝေးများစွာ မသွားလာနိုင်ပေ။ General Motors မှထုတ်လုပ်သော Chevrolet Volt နှင့် Hyundai Sonata မှထုတ်လုပ်သော Sonata သည် plug-in hybrids နမူနာနှစ်ခုမျှသာဖြစ်ပြီး Toyota သည် plug-in အမျိုးအစား Prius ကား၊ Honda မှ Clarity ကား စသည်ကားအမျိုးအစားများ ထုတ်လုပ်သည်။

လူ့လျှပ်စစ်ဟိုက်ဘရစ်ကား (human electric hybrid vehicle) (HEHV) သည် အရိုးရှင်းဆုံးပုံစံဖြစ်ပြီး ဘက်ထရီနှင့်မော်တာအား စက်ဘီးပေါ်တွင် တပ်ဆင်မောင်းနှင်ခြင်းဖြစ်သည်။ Twike သည်လူနှစ်ဦးစီးနင်းနိုင်သော ပုံစံတူယာဉ်တစ်စင်းဖြစ်သည်။ ၎င်းကို ခြေနင်းခြင်း၊ ဘတ္ထရီဖြင့်မောင်းနှင်နိုင်ခြင်း နှစ်မျိုးလုံးအသုံးပြုနိုင်သည်။

အခြားယာဉ်များ ပြင်ဆင်ရန်

Metra လျှပ်စစ်ရထား ပြင်ဆင်ရန်

အခြားလျှပ်စစ်အမျိုးအစားများလည်းရှိသည်။ Trolley ဘတ်စ်ကား (trackless trolley ဟုလည်းခေါ်သည်) သည်၎င်းကို power overhead လျှပ်စစ်လိုင်းများဖြင့်အသုံးပြုသည်။ ရထားများစွာသည်လျှပ်စစ်ဓာတ်အားထောက်ပံ့ရန်ရထားလမ်းလျှပ်စစ်စနစ်အသုံးပြုသည်။ မြန်နှုန်းမြင့်ရထားလမ်းတချို့သည်ရထားကိုရွေ့လျားရန်အတွက်လမ်းကြောင်းတွင်စွမ်းအားရှိသောသံလိုက်များကိုအသုံးပြုသည်။ mag-lev ဟုခေါ်သည့်စနစ်တွင်ရှိသည်။ လျှပ်စစ်စက်ဘီးများ၊ မော်တော်ဆိုင်ကယ်များနှင့်အချို့သောစက်ဘီးများ (စက်ဘီးစီးခြင်း) များသည် Corbin Motors Sparrow ကဲ့သို့သော Austin Powers ရုပ်ရှင် Goldmember တွင်လည်းတွေ့မြင်ခဲ့ရသည်။ သုခေါ်သည့်စနစ်တွင်ရှိသည်။ လျှပ်စစ် စက်ဘီးများ၊ မော်တော်ဆိုင်ကယ်များနှင့် Austin Powers ရုပ်ရှင် Goldmember တွင်လည်းတွေ့မြင်ခဲ့ရ Corbin Motors Sparrow ကဲ့သို့သော သုံးဘီးယာဉ်များအား တွေ့မြင်နိုင်သေးသည်။ ကုန်တင်ရထားအများစုသည် ဒီဇယ်-လျှပ်စစ်စွမ်းအင်ကို အသုံးပြုသည်။ စက်ခေါင်းတွင်လျှပ်စစ်ဓာတ်အားပေးသည့်ဒီဇယ်အင်ဂျင်နှင့်ဘီးကိုလှည့်စေသောလျှပ်စစ်မော်တာတစ်ခုရှိသည်။ သို့သော်မကြာသေးမီနှစ်များအတွင်း ဘတ်စ်ကားများနှင့် ရထားများစွာသည် ၎င်းတို့၏စွမ်းအင်ကိုဘက်ထရီဖြင့်သိုလှောင်ထားသည့် သို့မဟုတ် လောင်စာဆဲလ်များကဲ့သို့သော အခြားအရင်းအမြစ်ကိုအသုံးပြုသည်။ ဤကဲ့သို့သောယာဉ်များသည်ဝါယာကြိုးများမလိုအပ်ပါ။

 
Metra လျှပ်စစ်ရထား

အားသာချက်များနှင့်အားနည်းချက်များ ပြင်ဆင်ရန်

အားသာချက်များ - ဤလျှပ်စစ်မော်တာအားအသုံးပြုသည့် ယာဉ်များသည် အသံဆူညံခြင်းမရှိဘဲ တိတ်ဆိတ်ခြင်း၊ အနံ့မရှိခြင်းနှင့် လောင်စာစွန့်ပစ်သည့် မီးခိုးခေါင်းတိုင်များထွက်လာသည့် အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းမရှိခြင်းတို့ဖြစ်သည်။ ဤယာဉ်များကို အိမ်တွင်းတွင်အသုံးပြုနိုင်သည်။ ဓာတ်ဆီနှင့် ဒီဇယ်တို့သည် အကန့်အသတ်ရှိသည့် အရင်းအမြစ်များဖြစ်ပြီး အမြဲထာဝရတည်ရှိနေမည်မဟုတ်ပဲ တချိန်ချိန်တွင် ကုန်ဆုံးရမည့် သယံဇာတများဖြစ်သည့်အပြင် တနေ့တခြားလည်း ဈေးကြီးလာပြီဖြစ်သည်။ ဘတ္ထရီ-လျှပ်စစ်ယာဉ်များအတွက် လေစွမ်းအား၊ ဆိုလာဆဲလ်၊ ဂျီအိုသာမယ်နှင့် ရေအားလျှပ်စစ်များကဲ့သို့ လျှပ်စစ်စွမ်းအင်ကို ပြန်လည်ပြုလုပ်နိုင်သည့် စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်လာခဲ့လျှင် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ကမ္ဘာကြီးပူနွေးလာမှုအား လျှော့ချနိုင်လိမ့်မည်ဖြစ်သည်။

အားနည်းချက်များ-ဘတ္ထရီများသည် စွမ်းအင်အား မြောက်မြားစွာ မသိုလှောင်နိုင်ပေ။ ထို့ပြင် ကြီးမားလေးလံလွန်းသော၎င်း ဘတ္ထရီများအားသယ်ဆောင်၍ ယာဉ်သည် ဝေးဝေးမသွားနိုင်ချေ။ ထို့ပြင် ဘတ္ထရီအား စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အချိန်မှာ ကြာမြင့်လွန်းသည်။ ဘတ္ထရီကောင်းသည် ဝေးအလွန်ကြီးမြင့်သည့်အပြင် မကြာခဏ အသစ်လဲလှယ်ရန်လိုအပ်သည်။ အမေရိကန်ပြည်ထေင်စုရှိ လျှပ်စစ်စွမ်းအင်အများစုသည် ကျောက်မီး နှင့်သဘာဝဓာတ်ငွေ့များမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်များအား ထိုလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများမှ လျှပ်စစ်စွမ်းအင်အား ယူငင်သုံးစေပြန်လျှင်လည်း ကမ္ဘာကြီးပူနွေးလာစေသည့် ဓာတ်ငွေ့များအား ထပ်မံထုတ်လုပ်ထည့်စေမည်ဖြစ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. History of Electric Cars။ Edison Tech Center။ 16 March 2013 တွင် ပြန်စစ်ပြီး။
  2. Inventors of Electric Vehicles။ about.com။ 16 March 2013 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. Advantage/Disadvantage of EVs။ U.S. Dept of Energy။ 16 March 2013 တွင် ပြန်စစ်ပြီး။