လွင်ကိုလတ်
ဦးလွင်ကိုလတ်သည် မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသူဖြစ်သည်။
ဦးလွင်ကိုလတ် | |
---|---|
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၆ ဧပြီ ၂၀၂၁ | |
သမ္မတ | ဦးဝင်းမြင့် |
ဒုတိယ သမ္မတ | ဒူဝါလရှီးလ |
CRPH ၏ နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီး | |
တာဝန်သက်တမ်း ၂ မတ် ၂၀၂၁ – ၁၆ ဧပြီ ၂၀၂၁ | |
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၅ ဖေဖော်ဝါရီ ၂၀၂၁ | |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | သန်လျင်မြို့နယ် မဲဆန္ဒနယ် |
အနိုင်ရမဲ အရေအတွက် | ၇၀,၃၈၀ မဲ[၁] |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | [၂] ရန်ကုန်၊ မြန်မာ | ၂၀ ဇန်နဝါရီ၊ ၁၉၇၆
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
အလုပ်အကိုင် | တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမား |
၂၀၁၆မှ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်အထိ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
နိုင်ငံရေးဆောင်ရွက်ချက်
ပြင်ဆင်ရန်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၏ သန်လျင်မဲဆန္ဒနယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ မဲအရေအတွက် ၇၀,၃၈၀ ဖြင့် အနိုင်ရသည်။[၁][၃]
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် သန်လျင်မဲဆန္ဒနယ်အတွက် ထပ်မံယှဉ်ပြိုင်ရာ အနိုင်ရသော်လည်း စစ်အာဏာသိမ်းမှုကြောင့် လွှတ်တော်တက်ခွင့် မရရှိခဲ့ပေ။[၄][၅]
၂၀၂၁၊ ဖေဖော်ဝါရီလ ၅ရက်၌ ရွေးကောက်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။[၆][၇]
၂၀၂၁၊ မတ်လ ၂ရက်နေ့တွင် CRPH က ဦးလွင်ကိုလတ်အား နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၈][၉][၁၀][၁၁]
၂၀၂၁၊ ဧပြီလ ၁၆ရက်နေ့တွင် CRPH က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၁၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ (in en)။ 8 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2021 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Election 2020။ 16 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2021 တွင် ပြန်စစ်ပြီး။
- ↑ "ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်နဲ့ မေးမြန်းချက်" (in en)၊ Radio Free Asia။
- ↑ Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (8 February 2021)။ 7 April 2021 တွင် ပြန်စစ်ပြီး။
- ↑ "ခေတ္တပြည်ထောင်စုဝန်ကြီးများကို CRPH က ခန့်အပ်" (in en)၊ 2 March 2021။
- ↑ "NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း" (in my)၊ VOA၊ 5 February 2021။
- ↑ "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်" (in my)၊ BBC News မြန်မာ။
- ↑ Appointment of Acting Union Ministers (in en) (2 March 2021)။
- ↑ "Defying Military Regime, Myanmar's CRPH Names Four Acting Ministers"၊ The Irrawaddy၊ 2 March 2021။
- ↑ "CRPH က ပြည်ထောင်စုဝန်ကြီးတွေ စတင်ခန့်အပ်" (in my-MM)၊ BBC News မြန်မာ။
- ↑ "ခေတ္တပြည်ထောင်စုဝန်ကြီး ၄ ဦး CRPH ခန့်အပ်" (in my)၊ VOA။
- ↑ "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။