ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

မြန်မာနိုင်ငံ အစိုးရဝန်ကြီးဌာန

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အင်္ဂလိပ်: (Ministry of Union Government Office)မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လုပ်ငန်းများကို လုပ်ဆောင်ရန် ဖွဲ့စည်းထား​သော ဝန်ကြီးဌာနဖြစ်သည်။ ယခင်က ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို ညွှန်ကြားရေးမှူးချုပ်ကသာ ဦးဆောင်ခဲ့ရာမှ ပြည်ထောင်စုဝန်ကြီး အဆင့်ဖြင့် ဦးဆောင်နိုင်ရန် သမ္မတ ဦးထင်ကျော်မှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။[]

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၂၄ နိုဝင်ဘာ ၂၀၁၇ (၂၀၁၇-၁၁-၂၄)
ဌာနချုပ်
  • ရုံးအမှတ် (၁၈)၊ ​နေပြည်​တော်
  • ရုံးအမှတ် (၄၁)၊ ​နေပြည်​တော်
ဌာနအကြီးအမှူးများလစ်လပ်
ဝက်ဘ်ဆိုက်mougo.gov.mm

ဦးထင်ကျော်နှင့် ဦးဝင်းမြင့်မှ ဝန်ကြီးဌာန ကို တစ်ခုတည်းသာထားရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် စစ်ကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)ဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရမှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ဝန်ကြီးဌာန(၁)၏ ဝန်ကြီးအဖြစ်ခန့်ထားပြီး ဦးချစ်နိုင်ကို ဝန်ကြီးဌာန(၂)၏ ဝန်ကြီးဟု ခန့်အပ်ထားသည်။ ဦးချစ်နိုင် ရာထူးမှအနားယူပြီး​နောက်တွင် တစ်နှစ်ခန့်ကြာသည်အထိ ဝန်ကြီးအသစ်ထပ်မံခန့်အပ်ခြင်းမရှိဘဲ ဝန်ကြီးဌာနကိုလည်း အမှတ်စဉ် မခွဲခြား​တော့​ပေ။ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်​နေ့တွင် အပြည်ပြည်ဆိုင်ရာပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီး ဦးကိုကိုလှိုင်အား ​ပြောင်း​ရွှေ့ခန့်အပ်ခဲ့သဖြင့် ဝန်ကြီးဌာန နှစ်ခုအဖြစ် ပြန်လည်ရှိလာခဲ့သည်။

ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသည်ံ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကဖွဲ့စည်းထား​သော အမျိုးသားညီညွတ်ရေး အစိုးရ တွင်မူ ဦးလွင်ကိုလတ်အား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[]

သမိုင်းကြောင်း

ပြင်ဆင်ရန်

နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ ၂၀၁၇ နိုဝင်ဘာ ၂၀ တွင် ဝန်ကြီးဌာန ၂ ခုအသစ်ဖွဲ့ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော် သမ္မတထံ တင်ပြ၍ ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ပြည်ထောင်စု၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေကြမ်း တင်သွင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များ အပါအဝင် များပြားသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်သမ္မတအား တာဝန်ခံမည့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး တစ်ဦးကို ခန့်အပ်၍ တာဝန်ယူဆောင်ရွက်စေမည် ဆိုပါက ပိုမိုထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ယင်းဝန်ကြီးဌာနကို ထပ်မံဖွဲ့စည်းလိုခြင်း ဖြစ်ပါကြောင်း ရှေ့နေချုပ်က တင်ပြခဲ့သည်။

ဖွဲ့စည်းခြင်း

ပြင်ဆင်ရန်

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ လက်ရှိဖွဲ့စည်းပုံ အင်အားဖြင့်ပင် ဖွဲ့စည်းခဲ့သည်။၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၈ရက်​နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာနလက်​အောက်မှ ​ပြောင်းကာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်​အောက်သို့ ထည့်သွင်းခဲ့သည်။၂၀၂၁ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးလက်အောက်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

၂၀၂၁ခုနှစ် ဩဂုတ်လ (၁) ရက်​နေ့တွင် အိမ်​စောင့်အစိုးရဖွဲ့စည်းခြင်းနှင့်အတူ ဝန်ကြီးဌာနအား အမှတ် (၁)နှင့် အမှတ် (၂) ဟူ၍ ​ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ပြန်ကြား​ရေးဝန်ကြီး ဦးချစ်နိုင်မှာ အမှတ် (၂) ဝန်ကြီးဖြစ်လာခဲ့သည်။[]

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အခွန်အယူခံအဖွဲ့ရုံးအားလည်းကောင်း၊[] ယခင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်အောက်မှ ဦးစီးဌာနများအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန အဖြစ်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်း၍ ဖွဲ့စည်းခဲ့သည်။[]

ဖွဲ့စည်းပုံ

ပြင်ဆင်ရန်

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)

ပြင်ဆင်ရန်
  • ပြည်​ထောင်စုဝန်ကြီးရုံး
  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန
  • အခွန်အယူခံခုံအဖွဲ့ရုံး

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂)

ပြင်ဆင်ရန်
  • ပြည်​ထောင်စုဝန်ကြီးရုံး

ဝန်ကြီးများစာရင်း

ပြင်ဆင်ရန်
ပုံ အမည်
(မွေးဖွား-ကွယ်လွန်)
ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံ​တော်သမ္မတ ဒုတိယဝန်ကြီး
တာဝန်စတင် တာဝန်ပြီးဆုံး ရက်ပေါင်း
  ဦး​သောင်းထွန်း ၂၃ နိုဝင်ဘာ ၂၀၁၇[] ၁၉ နိုဝင်ဘာ ၂၀၁၈ ၃၆၁


-
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်
  ဦးမင်းသူ ၂၉ နိုဝင်ဘာ ၂၀၁၈[] ၁ ဖေဖော်ဝါရီ ၂၀၂၁ ၇၉၅


ဦးဝင်းမြင့် ဦးတင်မြင့်
ယခင်ကသမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ၁ ဖေဖော်ဝါရီ ၂၀၂၁ ၁၁ ​မေ ၂၀၂၁ ၉၉


ဦးမြင့်ဆွေ
(ယာယီ)
ဗိုလ်ချုပ်စိုးတင့်နိုင်
ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်[] ၁၁ ​မေ ၂၀၂၁ ၃ ဩဂုတ် ၂၀၂၃ ၈၁၄


ဦးမြင့်ဆွေ
(ယာယီ)
-
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)
ဦးချစ်နိုင်[] ၁ ​ဩဂုတ် ၂၀၂၁ ၁၉ ​ ဩဂုတ် ၂၀၂၂ [၁၀] ၃၈၃


ဦးမြင့်ဆွေ
(ယာယီ)
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ၃ ဩဂုတ် ၂၀၂၃ ၂၅ စက်တင်ဘာ ၂၀၂၃ ၅၃


ဦးမြင့်ဆွေ
(ယာယီ)
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)
ဦးအောင်နိုင်ဦး ၂၅ စက်တင်ဘာ ၂၀၂၃ ၈ ဇန်နဝါရီ ၂၀၂၄ ၁၀၅


ဦးမြင့်ဆွေ
(ယာယီ)
ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး[၁၁]
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)
ဦးကိုကိုလှိုင်[၁၂] ၃ ​ဩဂုတ် ၂၀၂၃ ၈ ဇန်နဝါရီ ၂၀၂၄ ၁၅၈


ဦးမြင့်ဆွေ
(ယာယီ)
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)


ဝေဖန်ခံရခြင်း

ပြင်ဆင်ရန်

ဦးထင်ကျော်အစိုးရတက်လာစဉ်က နိုင်ငံတော်ဘဏ္ဍာကိုလျှော့ချရန် ဝန်ကြီးဌာနများကို ပြင်ဆင်လျှော့ချခဲ့သော်လည်း ယခုအခါ ဝန်ကြီးဌာနအသစ်များ ထပ်မံဖွဲ့စည်း၍ ပြည်သူများအကြား ဝေဖန်ခဲ့ကြသည်။

  1. "ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ကို တိုးချဲ့ဖွဲ့စည်းမည်"။ 
  2. https://burmese.voanews.com/a/crph-acting-union-minister/5798240.html?nocache=1
  3. "အိမ်စောင့်အစိုးရပြောင်းတာ ဘာထူးခြားသွားလဲ"။ 
  4. "အခွန်အယူခံခုံအဖွဲ့ရုံး"။ 
  5. "အစိုးရဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဝက်ဆိုဒ်များ"။ 
  6. "Appointment of Union Ministers"၊ နိုင်ငံတော်သမ္မတရုံး၊ 6 April 2011။ Archived from the original on 16 May 2021။ 
  7. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၄၂ /၂၀၁၈"၊ နိုင်ငံတော်သမ္မတရုံး၊ 27 February 2011။ Archived from the original on 1 February 2021။ 
  8. "ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဖြစ်လာ"။ 
  9. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၄ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်း"။ 
  10. https://www.mizzimaburmese.com/article/113755
  11. ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းMOI Myanmar (၂၂ နိုဝင်ဘာ ၂၀၂၃)။ ၂၃ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. ORDER NO. 3 /2024: APPOINTMENT OF UNION MINISTERSmitv (8 January 2024)။ 8 January 2024 တွင် ပြန်စစ်ပြီး။