ဦးဝင်းထိန်သည် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မြန်မာ့နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ နာယက နှင့် အဖွဲ့ဝင် တစ်ဦး ဖြစ်ကာ ပါတီ၏တရားဝင် ပြောရေးဆိုခွင့် ရှိသူ ဖြစ်သည်။ ဦးဝင်းထိန်သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အရင်းနှီးဆုံး လူယုံများထဲမှ တစ်ဦးဖြစ်သည်ဟု ယူဆကြသည်။[၁] ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄ - ကဖြင့် ဖမ်းဆီးတရားစွဲခံရပြီး[၂][၃] နေပြည်ထောင်အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင်တရားစွဲခံထားရသည့် ယင်းပုဒ်မနှင့်ပင် ထောင် အနှစ် ၂၀ချမှတ်ခံရပြီး ၂၀၂၁ နိုဝင်ဘာ ၉ရက် တွင် နေပြည်တော်အချုပ်ထောင်မှ မန္တလေးအိုးဘိုအကျဉ်းထောင်ထဲသို့ ပြောင်းရွှေ့ကျခံနေရသည်။[၄]

ဦးဝင်းထိန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်သက်တမ်း
၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆
ယခင်လူဦးသိန်းအောင်
ဆက်ခံသူဦးမောင်သင်း
မဲဆန္ဒနယ်မိတ္ထီလာမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1941-12-24) ၂၄ ဒီဇင်ဘာ၊ ၁၉၄၁ (အသက် ၈၂)
ဆည်ကုန်းရွာ၊ မိတ္ထီလာမြို့နယ်မန္တလေးတိုင်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်သိန်းမြင့်ကြည်
သားသမီး၄ ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်နိုင်ငံရေးသမား
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၅၉–၁၉၇၇
ရာထူးဗိုလ်ကြီး

ငယ်စဉ်ဘဝနှင့် အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

ဦးဝင်းထိန်ကို မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ဆည်ကုန်းကျေးရွာတွင် ဦးလှထွန်းနှင့် ဒေါ်ခင်စုတို့မှ မွေးဖွားခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် စစ်တက္ကသိုလ် ပဉ္စမအသုတ်မှ ဘွဲ့ရရှိခဲ့သည်။[၅] ဦးဝင်းထိန်သည် စစ်တက္ကသိုလ်သမိုင်းတွင် ပထမဆုံး ထူးချွန်ဆု နှစ်ဆုရဖြစ်သည်။[၆] ဗိုလ်ကြီးရာထူးကို ရရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန တွင် ဝန်ထမ်းရာထူး မထမ်းဆောင်မီ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး အများအပြားတွင် ပါဝင်ခဲ့သည်။[၇]

ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံရန်ကြံစည်မှုဖြင့် ၁၉၇၆ ခုနှစ်တွင် ရေကြည်အိုင်စစ်ကြောရေးစခန်းတွင် ခြောက်လကြာ ထိန်းသိမ်းခံခဲ့ရသည်။[၈] ၁၉၇၇ ခုနှစ်တွင် တပ်မတော်မှ ထုတ်ပယ်ခံခဲ့ရကာ နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပူးတွဲတည်ထောင်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး နှင့် တွေ့ဆုံခဲ့သည်။ ယင်းနောက် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် မှ သိပ္ပံဘွဲ့ ရရှိပြီးနောက် စီးပွားရေးသမားအဖြစ် အသက်မွေးဝမ်းကြောင်းအသစ် စတင်ခဲ့သည်။[၅]

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အကျဉ်းကျခံရခြင်း ပြင်ဆင်ရန်

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံ အပြီးတွင် ဦးတင်ဦးသည် ဦးဝင်းထိန်ကို လိုက်ရှာပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သို့ ဝင်ရောက်ရန် တောင်းဆိုခဲ့ကာဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီစည်းရုံးရေးခရီးများတွင် လုံခြုံရေးကိစ္စများအား ဆောင်ရွက်ခဲ့သည်။[၇] အခြား NLD ပါတီဝင် ဒါဇင်ပေါင်းများစွာနှင့်အတူ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန် အင်းစိန်ထောင်တွင် ညှဉ်းပန်းနှိပ်စက်မှုများဖြင့် စစ်ဆေးမေးမြန်းခံခဲ့ရသည်။ [၇]

အကျဉ်းထောင်ထဲ ၆နှစ် နေထိုင်ခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ပြီး နောက်နှစ် ၁၉၉၆ တွင်ထပ်မံဖမ်းဆီးခံရကာ ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် မောင်တင်လှိုင်အား Australian Broadcasting Corporationနှင့် တွေ့ဆုံမေးမြန်းမှုတွင် နိုင်ငံရေး အကျဉ်းသားများ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်၍ ပြောကြားရန် ညွှန်ကြားမှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။ [၅] ၂၀၀၈ ခုနှစ်တွင် ကသာအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၄ နာရီအကြာတွင် ထပ်မံဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၆ နောက်ပိုင်း အကျဉ်းထောင်ထဲ ထောင်ဒဏ်၁၄နှစ် ကျခံခဲ့ရပြီးနောက် ကသာအကျဉ်းထောင်မှနေ၍ ၂၀၁၀ ဇူလိုင် ၁၆ရက်တွင် ပြန်လွတ်လာသည်။[၉][၁၀][၁၁]ယခု နောက်ဆုံးတစ်ကြိမ်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရကာ မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံလျက်ရှိသည်။[၁၂]

လွှတ်တော်ကိုယ်စားလှယ်ဘဝ ပြင်ဆင်ရန်

၂၀၁၂ ခုနှစ် ဧပြီလတွင်ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးဝင်းထိန်သည် ၎င်း၏မွေးရပ်ဇာတိ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ NLD ကိုယ်စားပြုအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စက်မှုဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ရာထူးမှ နုတ်ထွက်ခဲ့သည့် ဦးသိန်းအောင်နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရသည်။ [၁၃]

၂၀၁၃ ခုနှစ် မတ်လတွင် မိတ္ထီလာမြို့သည် မင်္ဂလာဇေယျာကုန်း အစ္စလမ်ဘော်ဒါဆောင်ကျောင်းမှ ဆယ်ကျော်သက် ကျောင်းသား ၃၂ ဦး အပါအဝင် လူ ၄၀ ကျော် သေဆုံးခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားရာ နေရာဖြစ်ခဲ့သည်။ အဓိကရုဏ်းများရပ်တန့်ရန် ကြားဝင် ကြိုးပမ်းသူ ဦးဝင်းထိန်က နောက်ပိုင်းတွင် အဆိုပါအကြမ်းဖက်မှုသည် မိတ္ထီလာနယ်သား ဖြစ်ရခြင်းကို ရှက်ရွံ့စေရသည်ဟု ပြောဆိုခဲ့သည်။ [၁၄] [၁၅]

၂၀၁၅ ရွေးကောက်ပွဲတွင် ဦးဝင်းထိန်က ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပေ။[၁]ရွေးကောက်ပွဲတွင် ပါတီက အပြတ်အသတ်အနိုင်ရပြီးနောက် NLD ပါတီ၏ အနာဂတ်အရေးများကို အာရုံစိုက်သွားမည်ဟု Financial Times သို့ ပြောကြားခဲ့သည်။

ဦးဝင်းထိန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီထံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာလွှဲပြောင်းရယူရေးတွင် ကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အပြင် [၁၆]  ၂၀၁၅ ရွေးကောက်ပွဲအပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်း ကြီးမားသည့်ဩဇာလည်း ရှိလာခဲ့သည်။[၁၇]ပါတီဗဟို အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရပြီးနောက် ပါတီကိုထိန်းကျောင်းခြင်းအပါအဝင်  ပြည်ထောင်စုနှင့် တိုင်း၊ ပြည်နယ် အစိုးရအဖွဲ့ ရွေးချယ်ခန့်အပ်မှုများ၊ လွှတ်တော်အမတ်တို့၏ မေးခွန်း၊ အဆို စိစစ်မှုများအပေါ် လွှမ်းမိုးခဲ့သည်။[၁၈] ၂၀၁၆ ဧပြီ ၅ရက် တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်  ၂၀၁၉ ဖေဖော်ဝါရီ ၂၈ရက်အထိ တာဝန်ထမ်းဆောင်သည်။[၁၉]၂၀၁၈ မတ်လ ၂၆ရက်တွင် ပါတီဗဟိုအတွင်းရေးမှူးအဖြစ်မှ ပါတီနာယကအဖြစ်သို့ ရောက်ရှိသွားပြီးနောက် ပါတီတွင်း ဩဇာကျဆင်းသွားရသည်။[၂၀] [၂၁] ဦးဝင်းထိန်သည် ထိုကာလနောက်ပိုင်း သမီးဖြစ်သူနေထိုင်ရာ ဩစတြေးလျသို့ သွားရောက်နေထိုင်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နှုတ်ထွက်ရန်လည်း စာတင်ခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်က လက်မခံသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ပါတီတာဝန်များအား ဆက်လက်ထမ်းဆောင်သည်။ [၂၂]

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းခံရပြီးနောက် မှတ်ချက်စကားပြောကြားမှုကြောင့်၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဦးဝင်းထိန်အား စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ဖြင့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းချထားခဲ့သည်။ [၂၃] ဖမ်းဆီးခံရပြီး များမကြာမီတွင် စစ်အာဏာရှင်များက ပြင်ဆင် ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ရှိ အများဆုံး သက်တမ်း ၃ နှစ်မှ အနှစ် ၂၀ အထိ ပြင်ဆင်ခဲ့သည်။ [၂၃]

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဒေါ်သိန်းမြင့်ကြည်နှင့် အိမ်ထောင်ကျပြီး သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ရှိသည်။ [၂၄]

ထောင်ကျခံနေရစဉ်ကာလအတွင်း ဦးဝင်းထိန်၏ ကျန်းမာရေး ထိခိုက်ခဲ့ရသည်။ ၂၀၁၄ နိုဝင်ဘာ ၁၈ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမစတင်ခင်  လွှတ်တော်ကြမ်းပြင်ပေါ်  လဲကျသွားခဲ့ဖူးသည်။ သူသည် နာတာရှည် နှလုံးရောဂါကြောင့် ညအိပ်ချိန်တွင် အောက်ဆီဂျင်ဘူးကို အသုံးပြုခဲ့ရသည်။[၁] ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ခဏတာ ဆေးရုံတက်ခဲ့ရပြီး ကွယ်လွန်ပြီဟူသော ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။ [၂၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Michael Peel (August 21, 2015)။ U Win Htein, aide to Aung San Suu KyiFinancial Times။ March 7, 2016 တွင် ပြန်စစ်ပြီး။
  2. "Myanmar coup: Teachers join growing protests against military" (in en-GB)၊ BBC News၊ 2021-02-05။ 
  3. Senior NLD figure Win Htein detained in Yangon on sedition charge, family says (in en)။ 2021-02-05 တွင် ပြန်စစ်ပြီး။
  4. ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထားရသူ ဦးဝင်းထိန်ကို မန္တလေးအိုးဘိုထောင်ပို့Myanmar Now (၁၀ နိုဝင်ဘာ ၂၀၂၁)။ ၃ မတ်လ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ Win Htein။ Amnesty International။ 26 April 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 7, 2016 တွင် ပြန်စစ်ပြီး။
  6. ဦးဝင်းထိန် သို့မဟုတ် မင်းအောင်လှိုင် ရင်ဘတ်ထဲက ဆူးတစ်ချောင်း (in my) (၂၇ ဖေဖော်ဝါရီ ၂၀၂၃)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ၇.၀ ၇.၁ ၇.၂ A Conversation with U Win Htein။ Burma Debate (May 1996)။ March 7, 2016 တွင် ပြန်စစ်ပြီး။
  8. အာဏာရှင် သုံးဆက်စလုံးကို အပြုံးမပျက်ရင်ဆိုင်ခဲ့သူ ဦးဝင်းထိန် (in my) (၃၀ အောက်တိုဘာ ၂၀၂၁)။ ၂ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. နှစ်ပေါင်း ၂၀ ကျော် ထောင်ထဲမှာ နေခဲ့ရတဲ့ ဦးဝင်းထိန်BBC Burmese (၁၆ ဇူလိုင် ၂၀၁၀)။ ၃ မတ်လ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. False Amnesty: Burmese activist arrested 24 hours after release။ AsiaNews.it (September 25, 2008)။ March 7, 2016 တွင် ပြန်စစ်ပြီး။
  11. U Win Htein is free။ Amnesty International (July 16, 2010)။ 6 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  12. ဦးဝင်းထိန် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရRFA Burmese (၂၉ အောက်တိုဘာ ၂၀၂၁)။ ၃ မတ်လ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. Maung Zaw (November 11, 2015)။ Communal violence haunts Meiktila voteThe Myanmar Times။ March 7, 2016 တွင် ပြန်စစ်ပြီး။
  14. U Win Htein stands by comments on Meiktila violenceThe Myanmar Times (September 23, 2015)။ March 7, 2016 တွင် ပြန်စစ်ပြီး။
  15. Win Htein: 'We are offering change'။ Frontier Myanmar (October 1, 2015)။ March 7, 2016 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  16. တပ်မတော်ကို မုန်းလည်းမမုန်းဘူး၊ ရွံလည်းမရွံဘူး - NLD ဦးဝင်းထိန်ရဲ့ သံသရာတကွေ့BBC Burmese (၄ ဒီဇင်ဘာ ၂၀၁၈)။ ၃ မတ်လ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  17. အင်န်အယ်လ်ဒီကို ဦးတင်ဦးနှင့် အတွင်းရေးမှူးအဖွဲ့က တာဝန်ယူသွားမည်Frontier Myanmar (၂၄ မတ် ၂၀၁၆)။ ၃ မတ်လ ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  18. ၂၀၂၀ ရွေးကောက်ပွဲအတွက် ဦးဝင်းထိန် ကြိုတင်သတိပေးဧရာဝတီ (၁၉ ဒီဇင်ဘာ ၂၀၁၇)။ ၃ မတ်လ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  19. ဦးဝင်းထိန်အား ပြည်ထောင်စုလွှတ်တော် ကော်မရှင်တွင် တာဝန်ပေးF rontier Myanmar (၅ ဧပြီ ၂၀၁၆)။ ၃ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  20. ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို အဖွဲ့ချုပ် ဒုဥက္ကဋ္ဌများအဖြစ် ခန့်အပ်DVB (၃၀ မတ် ၂၀၁၈)။ ၃ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  21. သမ္မတဦးဝင်းမြင့်အား ပါတီဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ပေးအပ်ပြီး ဦးဝင်းထိန်အပါအဝင် ဗဟိုအလုပ်အမှုဆောင်လေးဦးအား သဘာပတိအဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်း NLD ပါတီ ထုတ်ပြန်Eleven Media Group (၃၁ မတ် ၂၀၁၈)။ ၃ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  22. ဦးတီခွန်မြတ်နှင့် ဦးဝင်းမြင့်တို့၏ ရာထူးအပြောင်းအလဲနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် နှစ်လခန့်ကတည်းက တိုင်ပင်ပြီးသားဖြစ်ကြောင်းနှင့် လွှတ်တော်ပိုင်းတွင် အားနည်းသွားနိုင်ကြောင်း ဦးဝင်းထိန်ပြောကြားEleven Media Group (၂၅ မတ် ၂၀၁၈)။ ၃ မတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  23. ၂၃.၀ ၂၃.၁ Myanmar court gives Suu Kyi confidante 20-year prison term (in en) (2021-10-29)။ 2021-11-02 တွင် ပြန်စစ်ပြီး။
  24. MP profilePyithu Hluttaw။ 24 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2018 တွင် ပြန်စစ်ပြီး။
  25. Soe Than Lynn (February 11, 2016)။ U Win Htein in good health after sudden hospital visit။ Frontier Myanmar။ 8 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 7, 2016 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်

  • "Win Htein’s Story for Posterity: Burma’s Odyssey from Tyranny to Quasi-Democracy"