ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (စာအုပ်များ)

စာအုပ်တစ်အုပ်အား ဝီကီပီးဒီးယားပေါ်တွင် ဆောင်းပါးတစ်ပုဒ်အနေဖြင့် ထားရှိသင့် မထားရှိသင့်ကို စဉ်းစားဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန် ထပ်ဆောင်းသတ်မှတ်ချက်အချို့အနေဖြင့် ဤလမ်းညွှန်ချက်က ထောက်ပံ့ပေးသည်။ ဤထင်ရှားအရေးပါမှု လမ်းညွှန်ချက်အရ အားရကျေနပ်ဖွယ်ရှိခြင်းသည် စာအုပ်အား ဆောင်းပါးတစ်ခုအနေဖြင့် ထားရှိရန် အာမခံချက်ဖြစ်သည်။

စာအုပ်တစ်ခုသည် ယေဘုယျ ထင်ရှားအရေးပါမှု လမ်းညွှန်ချက် သို့မဟုတ် ဤနေရာတွင် ဖော်ပြထားသော သတ်မှတ်ချက်၊ သို့မဟုတ် အခြားသော အကြောင်းအရာသီးသန့် ထင်ရှားအရေးပါမှု လမ်းညွှန်ချက် တို့အနက် တစ်ခုခုဖြင့် ကိုက်ညီနေပြီး ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ မူဝါဒနှင့် သွေဖယ်ခြင်း မရှိလျှင် ထိုစာအုပ်အကြောင်းအား ဆောင်းပါးတစ်ပုဒ်အနေဖြင့် ရေးသားနိုင်သည်ဟု ယူဆသည်။

အဆိုပါ စာအုပ်အား အပြည့်အဝရည်ညွှန်းထားသော သီးခြား ဆောင်းပါးတစ်ခု ရှိရန် လိုအပ်သည်ဟု လုံးဝအာမခံချက် ပေးခြင်း မဟုတ်ပါ။ တည်းဖြတ်သူများအနေဖြင့် သူတို့၏ ဆင်ခြင်တုံတရားဖြင့် ဆက်စပ်သော ခေါင်းစီးနှစ်ခု သို့မဟုတ် ထို့ထက်ပိုသည်များကို ဆောင်းပါးတစ်ခုထဲအဖြစ်သို့ ပေါင်းစပ်ခြင်းကို ဆောင်ရွက်ရမည် ဖြစ်သည်။

ဤလမ်းညွှန်ချက် (သို့မဟုတ် အခြားသော ထင်ရှားအရေးပါမှု လမ်းညွှန်ချက်) တွင် ဖော်ပြထားသည်များနှင့် ကိုက်ညီမှု မရှိခြင်းသည် မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်တစ်ခု မဟုတ်ပါ

ဤလမ်းညွှန်ချက်တွင် ဖော်ပြထားသော သတ်မှတ်ချက်များသည် အကြမ်းဖျင်း သတ်မှတ်ချက်များ ဖြစ်ပြီး အစုံအလင် မဟုတ်ပါ။ စာအုပ်တစ်အုပ်အနေဖြင့် ဤနေရာတွင် ဖော်ပြထားခြင်း မရှိသော အကြောင်းပြချက်များ သို့မဟုတ် အခြားသော ထင်ရှားအရေးပါမှု လမ်းညွှန်ချက်များအရ ထင်ရှားအရေးပါခြင်း၊ ဆောင်းပါးတစ်ခုအနေဖြင့် ရေးသားရန် ထိုက်တန်ခြင်းများ ရှိနေနိုင်သည်။

ထင်ရှားအရေးပါမှုကို Claims ရာတွင် ဝီကီပီးဒီးယား၏ စိစစ်အတည်ပြုနိုင်ခြင်း မူဝါဒနှင့် လိုက်လျောညီထွေ ရှိရမည် ဖြစ်သည်။

လွှမ်းခြုံနိုင်ခြင်း ပြင်ဆင်ရန်

"စာအုပ်" တစ်အုပ်၏ အယူအဆ သဘောထားကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားကြသော်လည်း ဤလမ်းညွှန်ချက်တွင် အောက်ပါဖြန့်ချိမှု အမျိုးအစားများအတွက် သီးခြား ထင်ရှားအရေးပါမှု သတ်မှတ်ချက်များကို မထောက်ပံ့ပေးနိုင်ပါ။ ယင်းတို့မှာ ကာတွန်းစာအုပ်၊ ရုပ်ပြစာအုပ်၊ မဂ္ဂဇင်းများ၊ အဘိဓာန်များ၊ ဝေါဟာရပဒေသာကျမ်းများ၊ စွယ်စုံကျမ်းများ၊ မြေပုံစာအုပ်များ၊ နှစ်ချုပ်စာအုပ်များ၊ ဂီတလက်ကွက်စာအုပ်များကဲ့သို့သော ဂီတသီးသန့် ထုတ်ဝေမှုများ၊ လမ်းညွှန်စာအုပ်များ၊ စာမေးပွဲ အထူးစာအုပ်များ စသည်တို့ဖြစ်သည်။ သီးခြားလမ်းညွှန်ချက်များကို ဖော်ထုတ်နေဆဲ ဖြစ်နိုင်ပြီး ယင်းမတိုင်မီ ဤလမ်းညွှန်ချက်ကို နှိုင်းယှဉ်ချက်အနေဖြင့် သုံးနိုင်သည်။

ဤသတ်မှတ်ချက်များအောက်တွင် အီလက်ထရွန်းနစ်စာအုပ်များကို ထည့်သွင်းသတ်မှတ်ထားသည်။ အီလက်ထရွန်းနစ် စာအုပ်တစ်အုပ်သည် ဤလမ်းညွှန်ချက်ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း ဝဘ်သီးသန့် အကြောင်းအရာများအတွက် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နှင့် ကိုက်ညီနေပါက ထင်ရှားအရေးပါသည်ဟု ယူဆနိုင်သည်။ ဤလမ်းညွှန်ချက်နှင့် ကိုက်ညီသော အီလက်ထရွန်းနစ် စာအုပ်တစ်အုပ်သည် ထင်ရှားအရေးပါမှု ရှိရန်အတွက် ဝဘ်သီးသန့် အကြောင်းအရာများအတွက် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နှင့် ကိုက်ညီခြင်းရှိရန် မလိုအပ်ပါ။

သတ်မှတ်ချက်များ ပြင်ဆင်ရန်

စာအုပ်တစ်အုပ်သည် အောက်ဖော်ပြပါ သတ်မှတ်ချက်များအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အချက်များနှင့် ကိုက်ညီနေပြီး၊ ယုံကြည်စိတ်ချရသော ရင်းမြစ်များအရ စိစစ်အတည်ပြုနိုင်ပါက ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားနိုင်ပြီး ထင်ရှားအရေးပါသည်ဟု သတ်မှတ်နိုင်သည်။

  1. စာအုပ်နှင့် သီးခြားလွတ်လပ်သော သေးသေးမွှားမွှား မဟုတ်သည့်[၁] ထုတ်ဝေဖြန့်ချိပြီးဖြစ်သော ဖန်တီးမှု နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော ဖန်တီးမှုတို့တွင် ကိုးကားမှု ပြုထားခြင်း ရှိရမည်။[၂] သတင်းစာဆောင်းပါး၊ အခြားစာအုပ်များ၊ ရုပ်သံသတင်းမှတ်တမ်းများ၊ အရောင်းရဆုံး စာရင်းများ၊[၃] သုံးသပ်ချက်များ စသည့် ဖြန့်ချိပြီးဖြစ်သော မည်သည့်ပုံစံတွင်မဆို ပါဝင်နိုင်သည်။ သတင်းစာရှင်းလင်းပွဲများ၊ သို့မဟုတ် စာရေးသူ၊ ထုတ်ဝေသူ၊ ကိုယ်စားလှယ် သို့မဟုတ် စိတ်ပါဝင်စားသူများမှ ကြော်ငြာချက်များ၊ ပြောဆိုမှုများကို ပြန်လည်ဖော်ပြသော မီဒီယာများ ဤသတ်မှတ်ချက်တွင် မပါဝင်ပါ။[၄]
  2. စာအုပ်သည် စာပေဆိုင်ရာ ဆုတံဆိပ်ကြီးတစ်ခု ရရှိထားရမည်။
  3. စာအုပ်ကြောင့် ထင်ရှားသော ရုပ်ရှင် သို့မဟုတ် အခြား အနုပညာဖန်တီးမှု၊ သို့မဟုတ် ဖြစ်ရပ် သို့မဟုတ် နိုင်ငံရေး သို့မဟုတ် ဘာသာရေး လှုပ်ရှားမှု တစ်ခုခုကို ဖြစ်ပေါ်စေသော ပံ့ပိုးမှုရှိကြောင်း ခိုင်လုံသော ရင်းမြစ်များမှ ဖော်ပြထားမှု ရှိရမည်။
  4. စာအုပ်အား မည်သည့်နိုင်ငံတွင်မဆို စာသင်ကျောင်းများ၊[၅] ကောလိပ်များ၊ တက္ကသိုလ်များ သို့မဟုတ် ဘွဲ့လွန်ပညာရေးအစီအစဉ်များတွင် သင်ရိုးညွှန်းတမ်းအဖြစ် သတ်မှတ်ထားခြင်း သို့မဟုတ် သတ်မှတ်ခဲ့ခြင်း ရှိရမည်။[၆]
  5. စာအုပ်၏ စာရေးသူသည် သမိုင်းဝင် ထင်ရှားသူတစ်ဦးဖြစ်ပြီး ထိုစာရေးသူ၏ မည်သည့် စာပေလက်ရာကိုမဆို ထင်ရှားအရေးပါသည်ဟု မှတ်ယူခံထားခြင်း ရှိရမည်။ စာအုပ်၏ စာရေးသူသည် ဝီကီပီးဒီးယား၏ စံနှုန်းအရ ထင်ရှားအရေးပါသည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ပညာရပ်ဆိုင်ရာနယ်ပယ်တွင် စာရေးသူ၏ ဘဝနှင့် ဖန်တီးမှု စာပေလက်ရာများသည် အရေးပါအရာရောက်သည်ဟု ဆိုလိုသည်။


အခြား ထည့်သွင်းစဉ်းစာချက်များ ပြင်ဆင်ရန်

သတ်မှတ်စံနှုန်းများ (Threshold standards) ပြင်ဆင်ရန်

စာအုပ်တစ်အုပ်တွင် အနည်းဆုံးအနေဖြင့် ISBN နံပါတ်တစ်ခု (ISBN အား ပုံမှန်အားဖြင့် အသုံးပြုသော နိုင်ငံများတွင် ၁၉၇၅ ခုနှစ်နောက်ပိုင်းထွက် စာအုပ်များအတွက်) ရှိသင့်ပြီး မူရင်း ထုတ်ဝေရာနိုင်ငံရှိ တရားဝင် အမျိုးသား စာကြည့်တိုက်တွင် ကတ်တလောက်စာရင်း ပြုစုထားခြင်း ရှိသင့်သည်။

သို့သော်လည်း အဆိုပါ သတ်မှတ်ချက်များကို ချန်လှပ်ထားနိုင်သည်။ အဆိုပါ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီနေခြင်းသည် အဆိုပါစာအုပ်အား ထင်ရှားအရေးပါသည်ဟု မညွှန်းဆိုထားသော်လည်း သတ်မှတ်စံနှုန်းနှင့် ကိုက်ညီခြင်း မရှိသော စာအုပ်တစ်အုပ်သည် ထင်ရှားအရေးပါမှု မရှိနိုင်ချေ။

အကျဉ်းချုပ်များသာဖြစ်သော ဆောင်းပါးများ ပြင်ဆင်ရန်

WP:INDISCRIMINATE သတ်မှတ်ချက် ၁ တွင် ဖော်ပြထားသောအချက်ဖြစ်သည့် ဝီကီပီးဒီးယား ဆောင်းပါးများသည် ဖန်တီးမှုများ၏ အကျဉ်းချုပ်သာပါဝင်သော ဖော်ပြချက်များ မဖြစ်သင့်ဟူသော မူဝါဒနှင့် လိုက်လျောညီထွေသော စာအုပ်တစ်အုပ်အကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသားရန်မဖြစ်နိုင်ပါက အဆိုပါစာအုပ်အကြောင်းအား ဝီကီပီးဒီးယားတွင် သီးသန့် ဆောင်းပါးတစ်ပုဒ်အနေဖြင့် ရှိမနေသင့်ပါ။

ကိုယ်တိုင်ဖြန့်ချိမှု ပြင်ဆင်ရန်

ကိုယ်တိုင်ဖြန့်ချိမှု နှင့်/သို့မဟုတ် ဘဝင်မြင့်စွာ ထုတ်ဝေမှုများသည် ထင်ရှားအရေးပါခြင်းနှင့် ဆက်စပ်မှု မရှိပါ။[၇]

အဆိုပါ ထုတ်ဝေထားသော စာအုပ်များတွင် ISBN နံပါတ်များ ရှိထားခြင်း၊ အမျိုးသား စာကြည့်တိုက်များမှ ကတ်တလောက်စာရင်းတွင် ထည့်သွင်းထားခြင်း၊ Google စာအုပ်ရှာဖွေမှုမှ တွေ့ရှိနိုင်ခြင်း၊ နှင့် အွန်လိုင်းစာအုပ်အရောင်းဆိုင်ကြီးများမှ ရောင်းချနေခြင်းတို့သည် ထင်ရှားအရေးပါခြင်းအတွက် သက်သေခံချက် ဖြစ်မနေပါ။


မှတ်စုများ ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Non-trivial" excludes personal websites, blogs, bulletin boards, Usenet posts, wikis and other media that are not themselves reliable. An analysis of the manner of treatment is crucial as well; Slashdot.org for example is reliable, but postings to that site by members of the public on a subject do not share the site's imprimatur. Be careful to check that the author, publisher, agent, vendor, etc. of a particular book are in no way interested in any third-party source.
  2. ၂.၀ ၂.၁ Independent does not mean independent of the publishing industry, but only refers to those actually involved with the particular book.
  3. ၃.၀ ၃.၁ စာအုပ်အား ထည့်သွင်းသတ်မှတ်ထားသော ခိုင်လုံသည့် အရောင်းရဆုံး စာရင်းသည် ထင်ရှားသော မီဒီယာမှ သတ်မှတ်ခြင်းဖြစ်ပြီး ယင်းစာရင်းကို အခြားသော ခိုင်လုံသည့် ရင်းမြစ်များမှ ပြန်လည်ဖြန့်ချိခြင်း သို့မဟုတ် လွှမ်းခြုံဖော်ပြခြင်းများ ရှိပါက အဆိုပါ စာရင်းကို အသေးအမွှားစာရင်းအဖြစ် မယူဆပါ။ အရောင်းဆိုင်ကြီးများ သို့မဟုတ် အမေဇုန် ကဲ့သို့သော အွန်လိုင်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက ဝဘ်ဆိုဒ်များ၊ ဘလော့ဂ်များ၊ ဝီကီများနှင့် အလားတူ မီဒီယာများက ဖော်ပြသော အရောင်းရဆုံး စာရင်းကို ခိုင်လုံသည်ဟု မသတ်မှတ်ပါ။ လူမှုမီဒီယာဆိုဒ်များမှ သုံးသပ်ချက်များကိုလည်း ဤသတ်မှတ်ချက်တွင် အကျုံးမဝင်ပါ။
  4. ၄.၀ ၄.၁ Self-promotion and product placement are not the routes to having an encyclopedia article. The published works must be someone else writing about the book. (See Wikipedia:Autobiography for the verifiability and neutrality problems that affect material where the subject of the article itself is the source of the material). The barometer of notability is whether people independent of the subject itself (or of its author, publisher, vendor or agent) have actually considered the book notable enough that they have written and published non-trivial works that focus upon it.
  5. ၅.၀ ၅.၁ မူလတန်းနှင့် အလယ်တန်းကျောင်းများ ပါဝင်သည်။
  6. ၆.၀ ၆.၁ ပညာရေးအစီအစဉ်များအတွက် အထူးရည်ရွယ်ရေးသားထားသော သင်ရိုးညွှန်းတမ်းစာအုပ်များ သို့မဟုတ် ကိုးကားစာအုပ်များ ဤသတ်မှတ်ချက်တွင် မပါဝင်ပါ။
  7. Certain print-on-demand book publishers, such as PublishAmerica, claim to be "traditional" advance- and royalty-paying publishers rather than vanity presses. Regardless of exact definitions, PublishAmerica and similar presses are to be considered vanity presses for purposes of assessing notability based on the manner works are published through them.