ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အိုင်ဒီယာ)/မော်ကွန်း ၂
ပြင်သင့်တယ် ထင်လို့ပါ ပြင်ဆင်ရန်
မြန်မာဝီကီပီဒီးယား အနေနဲ့ ဗဟိုစာမျက်နှာက ယနေ့အထူးဓာတ်ပုံ ၊ အထူးအကြောင်းအရာ စတာတွေကို နေ့စဉ် ပြောင်းပြီး တင်ပေးသင့်ပါတယ်။ နေ့စဉ် မဟုတ်ရင်တောင်မှ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ပြန်ပြောင်းပြီး အသစ်တင်ပေးသင့်တယ်လို့ ကျွန်တော်ထင်မိပါတယ်။ တချို့ဆောင်းပါးတွေက စာပေ သဘောမျိုး မဟုတ်ဘဲ စကားပြောသလို ဖြစ်နေတာတွေ ၊ မရှင်းမလင်း ဖြစ်တာတွေ ၊ တိုတိုလေးတွေ ဖြစ်နေတာကို အားလုံးပူးပေါင်း ပြင်ဆင်ပေးသင့်တယ်လို့ ထင်မိပါတယ် ခင်ဗျာ။
ကျေးဇူးတင်လျက် - Pyaethukha.ptk
မှန်ပါတယ်။ သင့်တော်တဲ့ ဆောင်းပါး၊ ဓာတ်ပုံတွေကို ကျွန်တော်တို့ အလျဉ်းသင့်သလို ပြောင်းပေးနေပါတယ်။ အလိုအလျောက်ပြောင်းတဲ့စနစ် မလုပ်ရသေးတော့ လူကိုယ်တိုင် ပြင်ဆင်ကြတဲ့အခါ တစ်ခါတစ်ရံ သတိမေ့သွားတဲ့အခါ မပြင်ဖြစ်ဘဲ ဖြစ်သွားတတ်ပါတယ်။ ပြည့်ပြည့်စုံစုံဖတ်ရှုနိုင်တဲ့ ဆောင်းပါးတွေကလဲ နည်းနေတော့ ရွေးရခက်တာလဲ ပါတာပေါ့။ အကြံပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ စကားပြောပုံစံရေးထားတဲ့ ဆောင်းပါးတွေကို တတ်နိုင်သမျှ စကားပြေပုံစံဖြစ်အောင် ကြိုးစားနေပါတယ်။ ပါဝင်ပြီး ကူညီပြင်ဆင်ပေးနိုင်ပါတယ်။ NinjaStrikers «» ၀၅:၂၃၊ ၇ ဧပြီ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ဆောင်းပါးကောင်းတွေသာ ရှိရင် တစ်ရက်တခါ ပြောင်းဖို့ဆိုတာ မခက်ခဲပါဘူး။ လောလောဆယ် လိုအပ်နေဆဲပါ။ ကြိုးစားနေပါတယ်။ အကြံပေးတာ ကျေးဇူးပါဗျာ။ Dr Lotus Black (ဆွေးနွေး) ၀၅:၃၁၊ ၇ ဧပြီ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
Hi, you are invited to participate in the discussion on the proposal to make a banner through m: centralnotice to inform more people around the world about what the Turkish government has done about Wikipedia, ie all the language versions of Wikipedia are You are obscured, so in Turkey it is impossible to view the * .wikipedia.org site. To hope that the Turkish government will remove the block, it is necessary to raise awareness of this fact around the world because it is important to succeed in this mission because Wikipedia can not be seen in Turkey. With this message also for those interested, I invite him to sign the Wikimedian appeal.
If you have any questions or questions do not hesitate to contact me. Thanks best regards. --Samuele2002 (Talk!) ၁၃:၀၈၊ ၅ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ခုနှစ်ပါသော ခေါင်းစဉ်များအတွက် ခုနှစ် စာလုံးထည့်ခြင်း/မထည့်ခြင်း ပြင်ဆင်ရန်
မြန်မာဝီကီက ခုနှစ်ပါဝင်တဲ့ ဆောင်းပါးတွေ၊ ကဏ္ဍအမည်တွေမှာ ခုနှစ် စာလုံး မထည့်တာ ပိုအဆင်ပြေမလားလို့။ တချို့နေရာတွေမှာ အမည်တွေကို တမ်းပလိတ်တွေကနေ တဆင့် ဖော်ပြတဲ့အခါမှာ ခုနှစ် လိုမျိုး နောက်ဆက်စကားစုတွေ ထည့်တဲ့အခါ နည်းနည်းပြဿနာရှိပါတယ်။ လက်ရှိမှာ အဲဒီလိုမျိုး ခုနှစ်အလိုက် ကဏ္ဍတွေ၊ ဆောင်းပါးတွေမှာ "ခုနှစ်" စာလုံး ပါတာရော မပါတာရော နှစ်မျိုးဖြစ်နေပြီး (ဥပမာ ၂၀၁၇ မန်ချက်စတာ ဇာတ်ရုံ ဗုံးကွဲခြင်း၂၀၁၇ ခုနှစ် လန်ဒန်မာရသွန်) မထည့်ထားကတော့ ပိုများပါတယ်။ လောလောဆယ် {{FlagSEAGF}} နဲ့ {{SEAGF year}} ကို ပြင်နေရင်းနဲ့ တွေ့မိတာပါ။ သေသေချာချာ မသတ်မှတ်ထားရင် နှစ်မျိုးကွဲနေတာတွေ များလာပြီး နောက်ကျရင်ပြင်ဖို့ အချိန်ပေးလာရနိုင်သလို redirect တွေလဲ ဖောင်းပွလာနိုင်ပါတယ်။ အဲဒါကြောင့် ခုနှစ် မထည့်/မထည့်တာကို သေချာရွေးပြီး တသမတ်တည်းဖြစ်အောင် လုပ်ကြဖို့ပါ။ NinjaStrikers «» ၁၀:၃၃၊ ၁၈ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ဒီလိုမျိုး ပုံစံတူ ဆောင်းပါးတွေ ဘာသာပြန်ပေးနေကြတဲ့ @NayiMuu:, @Bhone.bm:, @Htet Myo Myint: တို့ကိုလည်း ဝင်ရောက်ဆွေးနွေးပေးစေချင်ပါတယ်။ NinjaStrikers «» ၁၀:၃၉၊ ၁၈ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ဘဒို@Ninjastrikers: တမ်းပလိတ်တွေလုပ်တဲ့နေရာမှာတော့ နည်းနည်းပြဿနာရှိတာ တွေ့မိတယ် အဲဒါကြောင့် မထည့်ပဲနေမယ်ဆိုရင်လည်း ကောင်းပါတယ်။ ခေါင်းစဉ်အမည်ခေါ်ရတာလဲ ထောက်တော့ မနေပါဘူး။ တရားဝင်အသုံးအချို့နဲ့တော့ နည်းနည်းကွဲလွဲမှုတော့ ရှိနေမယ်ထင်တယ်။ ဒါပေမယ့် တရားဝင်သုံးခဲ့တဲ့ အကြိမ်အရေအတွက်ကလည်း နည်းပါးခဲ့ပါတယ်။ ဒါကြောင့်မို့ ခုနှစ် မထည့်ပဲနဲ့ ကျနော်တို့ ရေးနိုင်တဲ့အတွက် မထည့်ပဲနဲ့ထားလိုက်လို့ရပါတယ်။ တကယ်လို့ မထည့်ပဲနဲ့ထားလိုက်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် နောက်နောင်အသုံးတွေအတွက် ကျနော်တို့ သေချာရွေးချယ်သုံးလို့ရတာပေါ့။NayiMuu® talk ၁၃:၂၃၊ ၁၈ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
Bro @Ninjastrikers: ခုနှစ် ကိုတော့ ခေါင်းစဉ်မှာ ထည့်သုံးတာလည်းနည်းသလို မထည့်တာက ပိုပြီးဖတ်ရ အဆင်ပြေတယ်လို့ထင်မိပါတယ်။ တမ်းပလိတ်တွေလုပ်တဲ့နေရာမှာလည်း နည်းနည်းပြဿနာရှိနေတယ်ဆိုရင်တော့ မထည့်ဖို့သတ်မှတ်လိုက်လို့ ရပါတယ်။ အရေးအသားတွေလည်း တသမတ်တည်း ဖြစ်သွားတာကြောင့် ပိုပြီး စနစ်ကျ သွားစေမှာပါရှင့်။ Htet Myo Myint (ဆွေးနွေး) ၁၇:၃၁၊ ၂၆ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ပထမ ကွန်မင့်ကို ရေးရင်း တန်းလန်း ပြန်ဖတ်ကြည့်တော့မှ ဆိုလိုတာကို သဘောပေါက်လို့ ဖျက်ပစ်ပြီး အသစ် ပြန်ဆွေးနွေးလိုက်ပါတယ်၊ ဘရို၊ အများသုံး ဖြစ်တာနဲ့ ဆီလျော်တာကို ‌ရွေးချယ် ရမှာပါ၊ ရေးရလည်း သက်သာရမယ်၊ ၂၀၁၇ ခုနှစ်ဆိုရင် လူတိုင်း သိနေတာ ဆိုတော့ နောင် နှစ်တထောင် အထိ လူတိုင်း သိနေဦးမှာပဲ၊ နည်းပညာ ဘယ်လောက် တိုးတက် တိုးတက်၊ ၂၀၁၇ ခုနှစ်လို့ ရေးစရာ မလိုဘဲ ‌သိနေကြမှာပါပဲ၊ ဒါကြောင့် မပါဘဲ ရေးတာကို ပိုကြိုက်ပါတယ်၊ စာကိုယ်မှာလည်း အသေးစိတ် ‌ပြန်လည် ဖော်ပြဦးမှာပဲ မဟုတ်လား.--ဆန်လုံးတီး (ဆွေးနွေး) ၀၈:၃၀၊ ၃၀ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ဆွေးနွေးပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ တစ်ယောက်ထဲသဘောနဲ့ ပြင်ဆင်သတ်မှတ်ဖို့ မသင့်တော်တဲ့အတွက် အများဆန္ဒနဲ့ သတ်မှတ်နိုင်အောင် သုံးသပ်ချက် တောင်းခံတာ ဖြစ်ပါတယ်။ အရေးပါတဲ့ သတ်မှတ်ချက်ဖြစ်တဲ့အတွက် ဆက်လက် ဆွေးနွေးနိုင်ဖို့ နောက်ထပ် ၁ ပတ်လောက် ထပ်စောင့်ပါဦးမယ်။ NinjaStrikers «» ၀၄:၄၅၊ ၁ အောက်တိုဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ဝိကိ ပိုတိုးတက္​​ေရး ပြင်ဆင်ရန်
Thank you for your comment. In fact, Wikipedia is a free online encyclopedia with the aim to allow anyone to edit articles. Wikipedia is owned by the nonprofit Wikimedia Foundation. Wikipedia is written collaboratively by anonymous volunteers who write without pay. Anyone with Internet access can write and make changes to Wikipedia articles, except in limited cases where editing is restricted to prevent disruption or vandalism. NinjaStrikers «» ၀၈:၂၁၊ ၂၅ အောက်တိုဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
Galicia 15 - 15 Challenge ပြင်ဆင်ရန်
Wikipedia:Galicia 15 - 15 Challenge is a public writing competition which will improve improve and translate this list of 15 really important articles into as many languages as possible. Everybody can help in any language to collaborate on writing and/or translating articles related to Galicia. To participate you just need to sign up here. Thank you very much.--Breogan2008 (ဆွေးနွေး) ၁၄:၂၂၊ ၁၂ မတ် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များ ပြင်ဆင်ရန်
မြန်မာဝီကီတစ်ခုတည်း အတွက်တင်သာမက မီဒီယာဝီကီ ပရော့ဂျက်တွေမှာ တိုးတက်အောင် တဖက်တလမ်းက ပံ့ပိုးပေးဖို့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း လုပ်ဖို့ ရှိပါတယ်။
ရည်ရွယ်ချက် ပြင်ဆင်ရန်
  • မြန်မာဝီကီမှာတည်းဖြတ်သူ အယ်ဒီတာတွေ များလာစေရန်
  • မြန်မာဝီကီမှာ ဆောင်းပါး အရေအတွက် တိုးပွားလာစေရန်
  • my.wiktionary မှာ ဝေါဟာရတွေ တိုးပွားလာစေရန်
  • my.wikibooks ကို incubator ထဲက ထွက်လာစေရန်
  • common.wiki မှာ မြန်မာနဲ့ဆိုင်တဲ့ ဓာတ်ပုံတွေ များလာစေရန်
  • တိုင်းရင်းသား ဘာသာစကားတွေနဲ့ ဝီကီပီးဒီးယားတွေ၊ wiktionary တွေ သီးသန့် ရပ်တည်နိုင်ဖို့ အကူအညီပေးရန်
လုပ်ဆောင်မည့် အစီအစဉ်များ ပြင်ဆင်ရန်
Outreach Program များ ဆက်တိုက်လုပ်သွားရန် ပြင်ဆင်ရန်
နှီးနှောဖလှယ်ပွဲ (Seminar) တွေက တဆင့် ဝီကီကို လူသိအောင် လုပ်ကြပါမယ်။ Workshop တွေလုပ်ပြီး ဝီကီအယ်ဒီတာ အသစ်တွေကို သင်ပေးပါ့မယ်။ တက္ကသိုလ် ကောလိပ်တွေမှာ Seminar တွေ Workshop တွေ လုပ်ကြပါမယ်။
ဓာတ်ပုံပြိုင်ပွဲများ ကျင်းပသွားရန် ပြင်ဆင်ရန်
ဝီကီထဲမှာ ဆောင်းပါးရေးဖို့ထက် ဓာတ်ပုံ Upload လုပ်ဖို့က ပိုပြီး လွယ်ပါတယ်။ common.wiki မှာရော၊ မြန်မာဝီကီမှာပါ မြန်မာနဲ့ဆိုင်တဲ့ ဓာတ်ပုံတွေ နည်းနေပါသေးတယ်။ ဓာတ်ပုံပြိုင်ပွဲတွေလုပ်ပြီး ဝီကီပရော့ဂျက်တွေ အကြောင်း လူတွေ ပိုသိလာဖို့နဲ့ contributor တွေ များလာဖို့ ရည်ရွယ်ပါတယ်။ common.wiki မှာ ဓာတ်ပုံတွေလည်း ပိုများလာစေဖို့ပါ။ လက်ရှိ လုပ်ဖို့ စဉ်းစားထားတဲ့ ဓာတ်ပုံပြိုင်ပွဲတွေက
  • Myanmar Geography and Settlement Photo Contest (မြို့၊ရွာ၊ အထင်ကရ အဆောက်အအုံ၊ မြစ်၊ ချောင်း၊ အင်း၊အိုင်၊ တောင်တန်း တွေရဲ့ ဓာတ်ပုံတွေ စုစည်းနိုင်ဖို့ပါ။)
  • Myanmar Culture Photo Contest (ဂီတ၊ ဗိသုကာလက်ရာ၊ အစားအသောက်၊ လူနေမှုဘဝ တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ စုစည်းနိုင်ဖို့ပါ။)
wiki months အစီအစဉ်များ ကျင်းပသွားရန် ပြင်ဆင်ရန်
ဝီကီပီဒီးယားမှာ Contributor နည်းတဲ့ ခေါင်းစဉ်တွေမှာ ဆောင်းပါးတွေ တိုးလာဖို့ ရည်ရွယ်ပါတယ်။ တက္ကသိုလ် ကောလိပ်တွေနဲ့ ပူးပေါင်းပြီး ပညာရပ်ဆိုင်ရာ ခေါင်းစဉ်တွေကို လအလိုက် ပြိုင်ပွဲလုပ်၊ ရေးပြီးတင်သွားကြဖို့ပါ။ အခုလက်ရှိ အောက်ပါ wiki months အစီအစဉ်တွေကို အလျဉ်းသင့်သလို လုပ်ဖို့ စဉ်းစားထားပါတယ်။
  • Myanmar Wikipedia Physics Month
  • Myanmar Wikipedia Information Technology Month
  • Myanmar Wikipedia Mathematics Month
  • Myanmar Wikipedia Medicical Month
  • Myanmar Wikipedia Engineering Month
  • Myanmar Wikipedia Legal Month
  • Myanmar Wikipedia Built Environment Month (Civil & Structural, Environmental, M&E, Interior Decoration, Architecture)
  • Myanmar Wikipedia Economics Month
  • Myanmar Wikipedia Business Studies Months (Management Studies, Accounting, Business Management)
Rapid Grant & Project Grant ပြင်ဆင်ရန်
အခုလက်ရှိ တင်ထားတဲ့ Grant တွေက အောက်ပါအတိုင်းပါ။
Rapid Grant ပြင်ဆင်ရန်
Grants:Project/Rapid/Myanmar Settlement and Culture Photo Contest
Project Grant ပြင်ဆင်ရန်
(None)
ဆွေးနွေးရန် ပြင်ဆင်ရန်
အိုင်ဒီယာတွေနဲ့ ပတ်သက်လို့ အမြင်မတူလို့ ဆွေးနွေးချင်တာ၊ အကြံပေးချင်တာတွေကို ဆွေးနွေးကြပါ။
  • တက္ကသိုလ်တွေမှာ ဟောပြောနိုင်မယ်ဆိုရင်တော့ ကောင်းတယ်။ အခုအချိန်မှာ အခြေခံပညာအဆင့်ကျောင်းသားတွေလည်း ဖုန်း(အင်တာနက်) အသုံးပြုလာကြပြီဆိုတော့ သူတို့ကိုလည်း စည်းရုံးသင့်တယ်။ ဇော်ဂျီကနေ ပြောင်းသုံးဖို့ကတော့ ပြောတဲ့သူတွေက သဘောခွေ့အောင် ပြောတတ်ဖို့ လိုလိမ့်မယ် ထင်တယ်။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၆:၁၇၊ ၁၅ ဇွန် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
  • အကြံပြုချင်တာတချို့ရှိပါတယ်။ ရန်ကုန်မှာ seminar , workshop တွေ လုပ်ရင် မြို့ထဲက Phandeeyar မှာလည်း လုပ်ပေးဖို့ အကြံပြုပါတယ်။ ပြီးတော့ မြန်မာဝီကီနဲ့ သက်ဆိုင်တဲ့ seminar တွေ၊ workshop တွေ၊ အခမ်းအနားတွေမှာ မီဒီယာတွေကိုလည်း ဖိတ်ကြားဖို့ အကြံပြုပါတယ်။ နောက်ပြီး ဂျာနယ်တွေ၊ သတင်းစာတွေ၊ magazine တွေမှာ မြန်မာဝီကီနဲ့ သက်ဆိုင်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ ပါလာမယ်ဆိုရင် အဲဒါတွေကို ဓါတ်ပုံရိုက်ပြီး Group ထဲမှာ တင်ပေးစေလိုပါတယ်။ နောက်ဆုံးအကြံပြုချင်တာကတော့ မြန်မာဝီကီရဲ့ အက်ဒမင်တွေက မြန်မာဝီကီမှာရေးတဲ့အတွက် ခံစားရတဲ့ ပီတိတွေ၊ အတွေ့အကြုံတွေကို group ထဲမှာ ပို့စ်တင်ပြီး ဝေမျှပေးစေလိုပါတယ်။ (ဒါမှ group ထဲမှာရှိတဲ့ active မဖြစ်တဲ့ user တွေ၊ ရေးချင်ပေမယ့် ဝင်မရေးဖြစ်တဲ့ user တွေက ဒါတွေကိုဖတ်ပြီး စိတ်ပါလာမှာပါ)။ ပြီးတော့ အဲဒီလို ပို့စ်မျိုး အဟောင်းတွေ group ထဲမှာ တင်ထားတာ တချို့ ရှိ ဖူးပါတယ်။ (အရင်တုန်းက ပန်းချီဦးဘကြည်ရဲ့ဓါတ်ပုံ တင်ခဲ့တဲ့အကြောင်း ပို့စ်တို့၊ ကိုဇော်သက်တို့၊ ကိုမြတ်သွင်တို့ရဲ့ပို့စ်တို့လိုမျိုးပါ) အဲဒါတွေကိုလည်း အချိန်နည်းနည်းကြာလာရင် group ထဲမှာ အပေါ်တက်လာအောင် comment တစ်ခုခု ရေးပြီးတော့ပဲ ဖြစ်ဖြစ် တင်သင့်တယ်လို့ ထင်ပါတယ်။ ဒါတွေဖတ်ပြီး user တွေ ပိုများလာနိုင်ပါတယ်။ MoeZawSoe (ဆွေးနွေး) ၁၃:၅၄၊ ၂၅ ဇွန် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
  • မြန်မာနိုင်ငံမှာ အများဆုံးသုံးနေတဲ့ ဇော်ဂျီကို ဝီကီပီးဒီးယား ကနေ ဘားရှင်းနှစ်မျိုးနဲ့ ဖတ်လို့/ရေးလို့ရရင်တော့ မြန်မာဘာသာ အတွက်ပိုကျယ်ပြန့်လာပါလိမ့်မယ်။ ယူနီကုတ်နဲ့ ဇော်ဂျီ နှစ်မျိုးလုံးသုံးနိုင်မှပဲ အဆင်ပြေမှာပါ။ ဒီပြသနာက အခုထိ အဖြေမရှိဘူးဖြစ်နေတယ်။ ယူနီကုတ်က စံဖြစ်ပင်မယ့် ဇော်ဂျီလက်ကွက်က သုံးရလွယ်တော့ ဇော်ဂျီကိုအသုံးများကြတယ်။ ယူနီကုတ်ကိုလည်း ဇော်ဂျီလက်ကွက်အတိုင်း ပြင်ပေးနိုင်ရင် ဇော်ဂျီနေရာမှာ ယူနီကုတ် အစားထိုးနိုုင်လာလိမ်မယ်လို့ထင်ပါတယ်။ — Aung Min Thien (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ 06:10, 30 July 2018
ခုတလော တွေ့မိတာလေးတစ်ခုပါ။ မြန်မာဝီကီက ဆောင်းပါးအချို့ကို enwiki ကနေယူပြီး ဘာသာပြန်မှု အတော်အတန်ရှိပါတယ်။ အခြားဝီကီကယူပြန်သော်လည်း မပြောပလောက်တဲ့ ပမာဏပဲရှိမယ်ထင်တယ်။ ယူတဲ့အခါ ကိုးကားတွေပါယူရတော့ အဲဒီ cite web, cite book စသဖြင့်တွေမှာ နာမည် (လူ, စာအုပ်, ရုပ်ရှင်...) စသဖြင့် link တွေနဲ့တစ်ခါတည်း ပါလာပါတယ်။ ဥပမာ မြန်မာ သမိုင်းဆောင်းပါးတွေဆိုရင် အသုံးများတဲ့ စာရေးဆရာဆို ဒေါက်တာ... ထင်အောင် သန်းထွန်း သန့်မြင့်ဦး ဦးကုလား ... စာအုပ်ဆိုရင် မဟာရာဇဝင် မှန်နန်း စတာတွေရှိတော့ ဒီဘက်ရောက်လာရင် နီကုန်ကြတယ်။ သူတို့ဆီမှာ အသုံးများတဲ့ English name ဥပမာ Htin Aung Than Tun Kala or U Kala, Hmannan Yazawin စသဖြင့် ထားရင် အားလုံးမဟုတ်တောင်မှ အတိုင်းအတာတစ်ခုထိ ref နီတာတွေပြေလည်နိုင်မယ်ထင်ပါတယ်။ နိုင်ငံတွေဆိုလည်း ဘူတန် ဆို သူ့ eng name redirect ရှိရင် infobox တွေ ref တွေမှာ ပါတဲ့ link တွေကို ပြေလည်စေလောက်ပါမယ်။ မဖြစ်နိုင်တဲ့ စာလုံးပေါင်း redirect မျိုးကို မဆိုလိုပါ။ en-my ဝီကီအကူးအပြောင်းမှာ ကြုံတွေ့တာမျှဝေပြောကြည့်တာပါ၊ ဒီမှာ စည်းကမ်းအသေးစိတ်တော့ မသိပါ။ Aungookingofcelestials (ဆွေးနွေး) ၁၇:၁၃၊ ၂၆ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
မူရင်းနိုင်ငံခြားဘာသာစကားအမည်ကနေ မြန်မာအမည်ကို ပြန်ညွှန်းတာမျိုးတော့ ရှိပါတယ်။ မူရင်းမြန်မာအမည်တွေကို အင်္ဂလိပ်လို ပြန်ညွှန်းထားတာမျိုး မလုပ်ခဲ့ပါဘူး။ မလိုအပ်တဲ့ ပြန်ညွှန်းတွေဖောင်းပွနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ပါ (ကျနော့အမြင်ပါ)။ ကိုးကားတွေ ကူးရင်း မြန်မာလိုပြန်ပြောင်းမိတာရှိသလို မပြောင်းမိတာတွေလဲရှိတော့ အသုံးများတဲ့အမည်တွေကို ပြန်ညွှန်းလုပ်မယ်ဆိုလဲ ကန့်ကွက်စရာတော့ မရှိပါဘူးဗျ။ NinjaStrikers «» ၀၇:၀၄၊ ၂၇ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ဟုတ် ပြန်ညွှန်းဖောင်းပွတာကို ကျွန်တော်လည်း မနှစ်သက်ပါဘူး၊ ကျွန်တော်က ref section ဘက်ကပဲကြည့်ပြောတော့ မြန်မာအမည်တွေဆိုရာမှာလည်း ref မှာ မသုံး (သို့) မသုံးသလောက် အမည်တွေမပါပါဘူး ဥပမာ ထက်ထက်မိုးဦး မေသန်းနု မုန့်ဟင်းခါး မန္တလေးတောင် မဟာဂီတ စတာတွေကို မဆိုလိုပါဘူး။ western country တွေရဲ့ ကိုးကားပိုင်းမှာ မြန်မာ့အကြောင်းအသုံးများလောက်တဲ့ လူ၊ စာအုပ်စာတမ်း စသဖြင့်ကိုပဲပေးချင်တာပါ။ တစ်ထိုင်တည်းမသိနိုင်တဲ့ကိစ္စဖြစ်တော့ လုပ်ရင်းနဲ့ပဲ ဘယ်ကောင်အသုံးများတတ်လဲမူတည်ပြီး ပြန်ညွှန်းထည့်သွားမှာပါ။ မြန်မာအမည်နဲ့မဆိုင်တဲ့ နိုင်ငံအမည်တွေတော့ eng name ပြန်ညွှန်းရှိတယ်လို့ထင်တဲ့အတွက် ကြုံသလို နဲနဲချင်း ထည့်သွားပါ့မယ်။ ပြောပြပေးလို့ ကျေးဇူးပါဗျ။ Aungookingofcelestials (ဆွေးနွေး) ၁၀:၃၃၊ ၂၇ နိုဝင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]