ပါမောက္ခဒေါက်တာသန်းနုရွှေသည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး အဖ ဦးစောစံရွှေ၊ အမိ ဒေါ်မြမြတင်တို့က ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မုဒုံမြို့၌ မွေးဖွားခဲ့သည်။ [၁] ပါမောက္ခချုပ်ဆေးတက္ကသိုလ် (၂) ရန်ကုန် အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံဆရာဝန်အသင်းကလေးကျန်းမာပညာအဖွဲ့၏ နာယက ဖြစ်သည်။[၂]

ပါမောက္ခ ဒေါက်တာ

သန်းနုရွှေ

FRCP
ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်
တာဝန်သက်တမ်း
၂၀၀၄ – ၂၀၀၇
ယခင်လူသာလှရွှေ
ဆက်ခံသူတင့်ဆွေလတ်
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်
တာဝန်သက်တမ်း
၂၀၀၉ – ၂၀၁၁
ယခင်လူသိန်းအောင်
ဆက်ခံသူအေးမောင်ဟန်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1945-02-16) ၁၆ ဖေဖော်ဝါရီ၊ ၁၉၄၅ (အသက် ၇၉)
မုဒုံ
ကြင်ဖော်(များ)စိုးသိန်း
ပညာရေးMBBS, DCH, DTM&H (London), FRCP̈ (Edin)
မိခင်ကျောင်းဆေးတက္ကသိုလ် (၁)၊ ရန်ကုန်

ပညာရေး ပြင်ဆင်ရန်

၁၉၆၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၆၀ တွင် ဆေးပညာဘွဲ့ MBBS ၊ ၁၉၇၂ တွင် University of London မှ DCH ဘွဲ့၊ ၁၉၇၉ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ)၊ ၁၉၈၅ ခုနှစ်တွင် London School of Hygiene and Tropical Medicine မှ Certificate in Epidemiology and Statistics နှင့် ၁၉၉၃ တွင် Royal College of Physicians, Edinburgh မှ FRCP (Edin.) ဘွဲ့များ ရရှိခဲ့သည်။[၁]

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

  • လက်ထောက်ဆရာဝန်သာယာဝတီခရိုင်ဆေးရုံ ၁၉၆၈ - ၁၉၆၉
  • လက်ထောက်ဆရာဝန်၊ ရန်ကုန်ကလေးဆေးရုံကြီး ၁၉၆၉ - ၁၉၇၉
  • လက်ထောက်ကထိက၊​ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၁၉၇၈ - ၁၉၈၆
  • ကထိက/ကလေးအထူးကုဆရာဝန်၊ မန္တလေးဆေးရုံကြီး ၁၉၈၆ - ၁၉၈၈
  • ကထိက/ကလေးအထူးကုဆရာဝန်၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၁၉၈၈ - ၁၉၉၇
  • ပါမောက္ခ (ဘွဲ့လွန်)၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် ၁၉၉၇ - ၂၀၀၃[၁]
  • ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ၂၀၀၃ - ၂၀၀၄
  • ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ၂၀၀၄ - ၂၀၀၇[၃][၄]


ရရှိသောဆုများ ပြင်ဆင်ရန်

  1. နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
  2. ပြည်သူ့ဝန်ထမ်းတံဆိပ်
  3. ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၅၈၉။
  2. https://www.mmacentral.org/societies/myanmar-pediatric-society/
  3. ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်
  4. ဆေးတက္ကသိုလ် (၂) ရန်ကုန်