ပါမောက္ခ ဒေါက်တာအေးမောင်ဟန် သည် ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း Myanmar Times သတင်းဌာနက ဖော်ပြသော ထင်ရှားကျော်ကြားမြန်မာဆရာဝန် ၁၀၀ ဦး စာရင်းတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ [၁]

ပါမောက္ခ ဒေါက်တာ

အေးမောင်ဟန်
ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်
တာဝန်သက်တမ်း
၂၅-၀၂-၂၀၀၇ – ၂၃-၀၉-၂၀၀၉
ယခင်လူမျိုးမြင့်
ဆက်ခံသူဖေသက်ခင်
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်
တာဝန်သက်တမ်း
၂၅-၀၄-၂၀၀၅ – ၂၄-၀၂-၂၀၀၇
ယခင်လူသိန်းအောင်
ဆက်ခံသူခင်ထွေး
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်
တာဝန်သက်တမ်း
၁၉-၁၁-၂၀၀၄ – ၂၄-၀၄-၂၀၀၅
ယခင်လူသန်းနုရွှေ
ဆက်ခံသူဆင်မြူရယ်ကျော်လှ
ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ်၊ မန္တလေး
တာဝန်သက်တမ်း
၁၄-၀၁-၂၀၀၃ – ၁၈-၁၁-၂၀၀၄
ကိုယ်ရေး အချက်အလက်များ
ကြင်ဖော်(များ)သီရိထွန်းမြင့်၊ ဒေါက်တာ
သားသမီး
နေထိုင်ရာမရမ်းကုန်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီး
မိခင်ကျောင်းဆေးတက္ကသိုလ် (၁)၊ ရန်ကုန်
အလုပ်အကိုင်အထူးဂုဏ်ထူးဆောင်ပါမောက္ခ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်

ဒေါက်တာအေးမောင်ဟန်သည် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ပါမောက္ခချုပ်အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။[၂]ပါမောက္ခ၊ ဌာနမှူး (ကလေးကျန်းမာပညာဌာန) တာဝန်များကို ဆေးတက္ကသိုလ် မန္တလေးဆေးတက္ကသိုလ်(၂) ရန်ကုန် [၃][၄] နှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်တို့တွင်လည်းကောင်း၊ ပါမောက္ခ (ကလေးကျန်းမာပညာဌာန) တာဝန်ကို ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ကလေးအထူးကုဆရာဝန်ကြီးတာဝန်ကို ရန်ကုန်ကလေးဆေးရုံကြီးမန္တလေးကလေးဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီးတို့တွင် ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘဂါဝမ်မြို့ RIPAS Hospital တွင် ကလေးအထူးကုဆရာဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ [၅]


ပညာရေး ပြင်ဆင်ရန်

ပါမောက္ခ ဒေါက်တာအေးမောင်ဟန်သည် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁)၊ ဒဂုံ (ယခင် Methodist English High School ) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ဆေးပညာဘွဲ့၊ ၁၉၇၉ ခုနှစ်တွင် ကလေးကျန်းမာပညာဒီပလိုမာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံဘွဲ့ (ကလေးကျန်းမာပညာ) ၊ ၂၀၀၃ ခုနှစ်တွင် ဆေးလက်တွေ့ပါရဂူဘွဲ့ (ကလေးကျန်းမာပညာ) တို့ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်မှ လည်းကောင်း၊ ၁၉၉၀ ခုနှစ်တွင် MRCP (UK) ဘွဲ့ကို Royal College of Physicians, UK မှလည်းကောင်း ၁၉၉၆ ခုနှစ်တွင် FRCP (Edin) ဘွဲ့ကို Royal College of Physicians of Edinburgh မှလည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် FRCPCH ဘွဲ့ကို Royal College of Paediatrics and Child Health မှ လည်းကောင်း ရရှိခဲ့သည်။[၆]


ဂုဏ်ထူးဆောင်ဆုများ ပြင်ဆင်ရန်

  1. Honorary Fellowship Award, Royal College of Paediatrics & Child Health, London (၂၀၁၉)[၇] (မြန်မာများထဲမှ ပထမဆုံးရရှိခဲ့သူဖြစ်သည်)
  2. ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဆု၊ ပညာရေးဝန်ကြီးဌာန (၂၀၁၇)[၈]
  3. Outstanding Asian Paediatrician Award, Asian Pacific Paediatric Association (၂၀၀၉)
  4. စီမံထူးချွန်ဆု (ပထမဆင့်) (၂၀၀၉)


လက်ရှိထမ်းဆောင်နေသော တာဝန်များ ပြင်ဆင်ရန်

  1. အထူးဂုဏ်ထူးဆောင်ပါမောက္ခ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်[၉]
  2. ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့[၁၀][၁၁][၁၂]
  3. အကြံပေး၊ တပ်မတော်ဆေးတက္ကသိုလ်
  4. ဥက္ကဋ္ဌ၊ ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ (Technical Advisory Group (Clinical Domain)) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန[၁၃][၁၄]
  5. ဥက္ကဋ္ဌ စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေး ဗဟိုကော်မတီ (Central Committee for Integrated Curriculum Development) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန[၁၅][၁၆][၁၇][၁၈]
  6. ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆေးကောင်စီ[၁၉][၂၀]
  7. အဖွဲ့ဝင်၊ ဆေးပညာသင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများ စံချိန်စံညွှန်း သတ်မှတ်ရေးနှင့် ပြည့်မီကြောင်း တရားဝင်အသိအမှတ်ပြုရေး ကော်မတီ (Accreditation Committee) မြန်မာနိုင်ငံဆေးကောင်စီ
  8. ဥက္ကဋ္ဌ Ethics & Professional conduct Committee မြန်မာနိုင်ငံဆေးကောင်စီ
  9. ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံဆရာဝန်အသင်း[၂၁]
  10. ဥက္ကဋ္ဌ၊ ပညာရေးကော်မီတီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံ[၂၂][၂၃]
  11. အယ်ဒီတာအဖွဲ့ဝင် မြန်မာဆေးပညာဂျာနယ် (Myanmar Medical Journal) မြန်မာနိုင်ငံဆရာဝန်အသင်း[၂၄]
  12. အယ်ဒီတာအဖွဲ့ဝင် Pediatric Respirology and Critical Care Medicine Journal[၂၅]

ပညာရပ်ဆိုင်ရာ သုတေသနများ ပြင်ဆင်ရန်

ကလေးကျန်းမာပညာရပ်ဆိုင်ရာ သုတေသနများပြုလုပ်ခြင်း၊​ ကြီးကြပ်ခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ သုတေသနစာစောင်များတွင် ပုံနှိပ်ဖော်ပြပြီးသော သုတေသနစာတမ်းအချို့မှာ -

  1. Introducing child survival and development topics into the medical curriculum of a developing country [၂၆]
  2. Energy intake and basal metabolic rate during maintenance chemotherapy [၂၇]
  3. Myanmar Dengue Outbreak Associated with Displacement of Serotypes 2, 3, and 4 by Dengue 1 [၂၈]
  4. Avian Influenza A (H5N1) Infection in Humans [၂၉]
  5. Active surveillance for congenital rubella syndrome in Yangon, Myanmar [၃၀]
  6. Chronic kidney disease in children and adolescents in Brunei Darussalam [၃၁]


ကိုးကား ပြင်ဆင်ရန်

  1. Top docs: 100 prominent names in medical profession, The Myanmar Times, 18 Aug 2014 Archived 19 February 2021 at the Wayback Machine.
  2. RECTORS OF UNIVERSITY OF MEDICINE (1), YANGON
  3. ဆေးတက္ကသိုလ် (၂) ရန်ကုန်
  4. https://um2ygn.edu.mm/pediatrics/
  5. Dr. Aye Maung Han, RIPAS Hospital
  6. Aye Maung HanAPPA EXECUTIVE COMMITTEE / ADVISORY BOARD MEMBER BIOGRAPHY SHEET။ Asian Pacific Pediatric Association (2010)။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 December 2020 တွင် ပြန်စစ်ပြီး။
  7. Royal College of Paediatrics and Child Health - BRIEF REPORT OF ITEMS DISCUSSED - COUNCIL: 18 OCTOBER 2018
  8.   YouTube ပေါ်ရှိ ၂၀၁၇ ခုနှစ် ကမ္ဘာ့ဆရာများနေ့အခမ်းအနား
  9. The opening address was delivered by Prof. Aye Maung Han, Chairperson of the Technical Advisory Group for Ministry of Health, Emeritus Professor of University of Medicine, Yangon Course Report: Movement Disorders Teaching Course, International Parkinson and Movement Disorder Society, July 7-8, 2016 Archived 24 October 2017 at the Wayback Machine.
  10. ဗဟိုအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာအေးမောင်ဟန်က Situations where Professional Code has been Breached (International Arena) ကို လည်းကောင်း .... မြန်မာနိုင်ငံဆေးကောင်စီမှကျင်းပသည့် Medical Practitioners' Relationship with Industry Seminar အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်ခြင်း၊ June 2017 Events Department of Medical Research
  11. Myanmar Academy of Medical Sciences(MAMS), Executive Committee Members.
  12. ပါမောက္ခဒေါက်တာ အေးမောင်ဟန်မှ မြန်မာနိုင်ငံရှိ ဘွဲ့ကြိုကျောင်းသားများအတွက် ၂၁ ရာစု ဆေးပညာ သင်ကြားရေး ခေါင်းစဉ်ဖြင့်လည်းကောင်း .......မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (၂၀၁၈-၂၀၁၉) ခုနှစ်၊ နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၊ Myanmar Digital News ၁၄ စက်တင်ဘာ ၂၀၁၉
  13. ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခဒေါက်တာအေးမောင်ဟန်အား ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ရိပ်သာ၌ လက်ခံတွေ့ဆုံ၍ .... ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌအား ပြည်ထောင်စုဝန်ကြီးလက်ခံတွေ့ဆုံဆွေးနွေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၉
  14. Summary Report: Myanmar UK Health Alliance Stakeholder Meeting, 9 January 2018, University of Medicine 1, Yangon
  15. သင်ကြားရေးဆိုင်ရာ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာအေးမောင်ဟန်မှ Background and Progress အားရှင်းလင်းတင်ပြခြင်း အရည်အသွေးမြင့်မားသော ဆေးပညာရှင်များ မွေးထုတ်နိုင်ရေး အခြေခံထားသော ဘက်စုံပူးပေါင်းသင်ရိုးညွှန်းတမ်း (INTEGRATED CURRICULUM) အကောင်အထည်ဖော်မှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ၂၉ ဒီဇင်ဘာ ၂၀၁၇
  16. Central Committee for Integrated Curriculum Development (CCICD) ၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်က ပထမနှစ်မှ စတင်၍ ဘာသာရပ်များကို စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (outcome-based integrated curriculum) နှင့် ပတ်သက်၍ ခြုံငုံသုံးသပ်တင်ပြခြင်းကို လည်းကောင်း ... ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းပေါ်ပေါက်လာရေး ဆောင်ရွက်နေမှု ရှင်းလင်းပွဲကျင်းပ၊ ကြေးမုံသတင်းစာ ၁၈ နိုဝင်ဘာ ၂၀၁၈၊​ စာမျက်နှာ ၄
  17. မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း ပေါ်ပေါက်ရေး ဗဟိုကော်မတီ (Central Committee for Integrated Curriculum Development (CCICD)) ၏ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်က ......... ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားလေ့ကျင်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ၆ စက်တင်ဘာ ၂၀၁၉
  18. မျှော်မှန်းရလဒ် အခြေခံသောစုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုး ညွှန်းတမ်းပေါ်ပေါက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်က မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစေရန်သင်ရိုးညွှန်းတမ်းအား ပြင်ဆင်ရေးဆွဲထားရှိမှုနှင့် ဆေးတက္ကသိုလ် သင်တန်းပညာသင်နှစ် အတန်းအလိုက် စုစည်းချိတ်ဆက် သင်ကြားမည့် ဘာသာရပ်နှင့် သင်ကြားသင်ယူမှုပုံစံများကိုရှင်းလင်းတင်ပြသည်။ ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားလေ့ကျင်နိုင်ရေး ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၊ Myanmar Digital News၊ ၆ စက်တင်ဘာ ၂၀၁၉
  19. Members of the Executive Committee (2016-2020), Myanmar Medical Council
  20. မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေအရ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း
  21. https://www.mmacentral.org/central-level/central-executive-committee/
  22. ညီလာခံ Academic ကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာအေးမောင်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ....(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်ညီလာခံကျင်းပ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ၂၀ ဇန်နဝါရီ ၂၀၁၈
  23. Academic sub-committee ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးမောင်ဟန်က .... (၆၅)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ Myanmar National Portal ၁၉ ဇန်နဝါရီ ၂၀၁၉
  24. Members of the Editorial Board, Myanmar Medical Journal, Myanmar Medical Association
  25. Editorial Board, Pediatric Respirology and Critical Care Medicine
  26. "Introducing child survival and development topics into the medical curriculum of a developing country" (1988). Journal of Medical Education 63 (12): 916-919. doi:10.1097/00001888-198812000-00007. 
  27. "Energy intake and basal metabolic rate during maintenance chemotherapy" (1992). Archives of Disease in Childhood 67 (2): 229–232. doi:10.1136/adc.67.2.229. 
  28. "Myanmar Dengue Outbreak Associated with Displacement of Serotypes 2, 3, and 4 by Dengue 1" (2004). Emerging Infectious Diseases 10 (4): 593–597. doi:10.3201/eid1004.030216. 
  29. "Avian Influenza A (H5N1) Infection in Humans" (2005). New England Journal of Medicine 353: 1374-1385. doi:10.1056/NEJMra052211. 
  30. "Active surveillance for congenital rubella syndrome in Yangon, Myanmar" (2006). Bulletin of the WHO 84: 12-20. doi:10.2471/blt.05.022814. 
  31. "Chronic kidney disease in children and adolescents in Brunei Darussalam" (2016). World Journal of Nephrology 5 (5): 213-219. doi:10.5527/wjn.v5.i2.213.