သန်းပိုင် (ဘောလုံးသမား)
သန်းပိုင်(၆ ဒီဇင်ဘာ ၁၉၉၆)သည် မြန်မာ့လက်ရွေးစင် ရှေ့တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်သည့်အပြင် ထိုင်းလိဂ် ၂ တွင် ချင်းမိုင်ယူနိုက်တက်ကလပ်အသင်း၏ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားနေသော မြန်မာပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်သည်။ သူသည် ယခင်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွက် ထိုင်းလိဂ် ၃ တွင် ကန်ချနပူရီစီးတီးအတွက် ရှေ့တန်းအဖြစ် ကစားခဲ့သော မြန်မာပရော်ဖက်ရှင်နယ် ကြေးစားဘောလုံးသမားဖြစ်သည်။ ၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲတွင် သူ၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် မြန်မာ အမျိုးသား အသက် ၂၀ နှစ်အောက် ဘောလုံးအသင်း အား 2015 FIFA U-20 World Cup သို့ တက်လှမ်းနိုင်စေခဲ့သည်။ ဒါဟာ မြန်မာသမိုင်းတွင် မြန်မာအသင်းအား ပထမဆုံးအကြိမ် လူငယ် ကမ္ဘာဖလားပြိုင်ပွဲသို့ ဝင်ရောက်နိုင်စေခဲ့ခြင်းဖြစ်သည်။.[၂][၃][၄][၅][၆]
ကိုယ်ရေးအချက်အလက်များ | |||
---|---|---|---|
အရပ်အမြင့် | ၁.၈၀ m (၅ ft ၁၁ in) | ||
ကစားသည့်နေရာ | ရှေ့တန်း | ||
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||
လက်ရှိအသင်း | ရန်ကုန်ယူနိုက်တက် | ||
အင်္ကျီနံပါတ် | ၉ | ||
လူငယ်ဘဝကလပ်များ | |||
???? – 2014 | ရန်ကုန်ယူနိုက်တက်လူငယ်အသင်း | ||
အကြီးတန်း ကစားသမား* | |||
ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† |
2015- | ရန်ကုန်ယူနိုက်တက်AFC | 4 | (2) |
နိုင်ငံကိုယ်စားပြုအသင်း‡ | |||
2013-present | မြန်မာ ယူ-၂၀ [၁] | 16 | (7) |
2014– | မြန်မာ အမျိုးသား ဘောလုံးအသင်း | 1 | (0) |
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့် |
ငယ်ဘဝ
ပြင်ဆင်ရန်သန်းပိုင်ကို ရှမ်းပြည်နယ်၊ သီပေါမြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်ယူနိုက်တက်လူငယ်အသင်းတွင် စတင်ကစားခဲ့ပြီး ဘောလုံးအားကစားလောကသို့ စတင်အခြေချခဲ့သည်။
သန်းပိုင်၏အမည်ပြောင်မှာ ရှမ်းကြီးဖြစ်သည်။
ကစားသမားဘဝ
ပြင်ဆင်ရန်၂၉ နိုဝင်ဘာ ၂၀၁၄ တွင် ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ကစားသောပွဲတွင် ကျော်ဇေယျာဝင်းအစား လူစားလဲကစားရာမှစ၍ ပထမဆုံးအကြိမ် နိုင်ငံအတွက် စတင်ကစားခဲ့သည်။[၇]
သန်းပိုင်သည် ရန်ကုန်ယူနိုက်တက်အတွက် သူ၏ ပထမဆုံးဂိုးကို ၂၀၁၅ မြန်မာ နေရှင်နယ် လိဂ် ဒုတိယအကျော့ပွဲစဉ်၌ ဇွဲကပင်ယူနိုက်တက်နှင့် ၂-၂ သရေကျသောပွဲတွင် သွင်းယူပေးခဲ့သည်။
ဂုဏ်ပြုဆုများ
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ "AFC U-19 Championship Results"၊ AFC၊ 2014-10-11။
- ↑ Asia's contenders confirmed။ FIFA (17 October 2014)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 November 2014 တွင် ပြန်စစ်ပြီး။
- ↑ Than Paing Profile။ Soccerway။ 25 November 2014 တွင် ပြန်စစ်ပြီး။
- ↑ Zeise takes ‘his hat off’ to Myanmar FIFA World Cup qualifiers။ Mizzima။ 25 November 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 November 2014 တွင် ပြန်စစ်ပြီး။
- ↑ Football: Myanmar fined $31,000 over fans' pitch invasion in youth tournament။ The Straits Times (20 October 2014)။ 25 November 2014 တွင် ပြန်စစ်ပြီး။
- ↑ Than Paing of Myanmar is lifted up by fans as they celebrate။ Getty Images (17 October 2014)။ 25 November 2014 တွင် ပြန်စစ်ပြီး။
- ↑ Thailand vs. Myanmar 2 - 0။ soccerway.com (29 November 2014)။ 29 November 2014 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ဤ အတ္ထုပ္ပတ္တိ မြန်မာဘောလုံးအားကစားနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |