၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ
၂၀၁၄ အာရှလူငယ်အသက် ၁၉ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (အင်္ဂလိပ်: 2014 AFC U-19 Championship) သည် အာရှဘောလုံးအဖွဲ့ချုပ်မှ ၁၉ နှစ်အောက်လူငယ်ဘောလုံးသမားများအတွက် ၃၈ ကြိမ်မြောက်အဖြစ် ကျင်းပသောပြိုင်ပွဲဖြစ်သည်။ ယခင်က အာရှလူငယ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဟုခေါ်တွင်ခဲ့သော အာရှလူငယ်အသက် ၁၉ နှစ်အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲသည် ၁၉၈၀ ခုနှစ်မှစ၍ ၂ နှစ်တစ်ကြိမ် ပြောင်းလဲကျင်းပလာခဲ့သောပြိုင်ပွဲဖြစ်ကာ ၂၀၁၄ ခုနှစ်ပြိုင်ပွဲသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှတိုက်၏ခြေစစ်ပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ပြိုင်ပွဲ၏ ထိပ်ဆုံး ၄ သင်းသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အာရှတိုက်ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ | |
---|---|
အိမ်ရှင်နိုင်ငံ | မြန်မာ |
ကျင်းပသည့်နေ့ | ၉ – ၂၃ အောက်တိုဘာ |
ယှဉ်ပြိုင်သည့်အသင်း | ၁၆ (အဖွဲ့ချုပ် ၁ ခုမှ) |
အားကစားကွင်း | ၂ (အိမ်ရှင်မြို့ ၂ မြို့တွင်) |
နောက်ဆုံး ရပ်တည်မှုများ | |
ချန်ပီယံ | ကာတာ (ပထမအကြိမ်) |
ဒုတိယ | မြောက်ကိုရီးယား |
တတိယ | မြန်မာ ဥဇဘက်ကစ္စတန် |
ပြိုင်ပွဲဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ | |
ပွဲစဉ် | ၃၁ |
ဂိုးအရေအတွက် | ၉၂ (တစ်ပွဲလျှင် ၂.၉၇ ဂိုးနှုန်း) |
ပရိသတ်ဦးရေ | ၂၃၃၇၃၉ (တစ်ပွဲလျှင် ၇၅၄၀ ဦးနှုန်း) |
ဂိုးအများဆုံး သွင်းသူ | Ahmed Al Saadi Zabikhillo Urinboev Jo Kwang-myong (၅ ဂိုးစီ) |
အကောင်းဆုံး အားကစားသမား | Ahmed Moein |
အသန့်ရှင်းဆုံးဆု | မြောက်ကိုရီးယား |
အိမ်ရှင်ရွေးချယ်မှု
ပြင်ဆင်ရန်၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်တွင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ပြိုင်ပွဲ အတွက် အိမ်ရှင်ကျင်းပခွင့်ပေးခဲ့သည်။
ကျင်းပမည့်ကွင်းများ
ပြင်ဆင်ရန်မြို့များ | ကွင်းများ | ပရိသတ်ဝင်ဆံ့မှု |
---|---|---|
ရန်ကုန် | သုဝဏ္ဏ အားကစားကွင်း | ၃၂,၀၀၀ |
နေပြည်တော် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း | ၃၀,၀၀၀ |
ခြေစစ်ပွဲ
ပြင်ဆင်ရန်မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်
ပြင်ဆင်ရန်မဲခွဲပွဲကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။[၁] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ် အသက် ၁၉ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ရပ်တည်မှုများကိုကြည့်၍ အဆင့်သတ်မှတ်ကာ ခြေစစ်ပွဲအောင် ၁၅ သင်းနှင့် အိမ်ရှင် မြန်မာ အသင်းတို့ကို မဲအိုး ၁ မှ ၄ အထိ ၄ သင်းစီ ခွဲထားသည်။ ထို့နောက် မဲနှိုက်ရာတွင် အဆင့်နိမ့်အသင်းများပါဝင်သော မဲအိုး ၄ မှ စတင်မဲနှိုက်ခဲ့ရာ ထိုမှတစ်ဆင့် မဲအိုး ၃၊၂၊၁ ဟူ၍ အစဉ်လိုက် မဲနှိုက်ရွေးချယ်ခဲ့သည်။ သို့သော် အိမ်ရှင် မြန်မာ ကိုမူ သီးသန့်ဘောလုံးအရောင်ဖြင့် အုပ်စု (က) ၏ထိပ်ဆုံးနေရာတွင်ထားကာ မဲနှိုက်ခဲ့သည်။
မဲအိုး ၁ | မဲအိုး ၂ | မဲအိုး ၃ | မဲအိုး ၄ |
---|---|---|---|
မြန်မာ (အိမ်ရှင်) |
အသက်ကန့်သတ်ချက်
ပြင်ဆင်ရန်၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် နောက်ပိုင်း မွေးဖွားသော ကစားသမား များသာ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
အုပ်စုရလဒ်များ
ပြင်ဆင်ရန်အကယ်၍အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီနေပါက အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။
၁။ အသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ရမှတ်ပိုများသောအသင်း
၂။ အသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ဂိုးကွာခြားချက်(+)ပိုရသောအသင်း
၄။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် ဂိုးကွာခြားချက်(+)ပိုရသောအသင်း
၅။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် သွင်းဂိုးပိုများသောအသင်း
၆။ အကယ်၍အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စုနောက်ဆုံးပွဲတွင် ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အပေါ်အချက်များအားလုံးတွင် တူညီနေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူ၍ အနိုင်ရသောအသင်း
၇။ အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု ပိုနည်းသောအသင်း
အကယ်၍ အပေါ်အချက်များအားလုံးတွင် အသာမရဘဲ တူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။
ပွဲကစားချိန်အားလုံးသည် မြန်မာစံတော်ချိန် (UTC+6:30) ဖြစ်သည်။
အုပ်စု (က)
ပြင်ဆင်ရန်အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
ထိုင်း | ၃ | ၂ | ၀ | ၁ | ၅ | ၆ | −၁ | ၆ |
မြန်မာ (H) | ၃ | ၁ | ၁ | ၁ | ၃ | ၂ | +၁ | ၄ |
ယီမင် | ၃ | ၁ | ၁ | ၁ | ၃ | ၃ | ၀ | ၄ |
အီရန် | ၃ | ၁ | ၀ | ၂ | ၃ | ၃ | ၀ | ၃ |
(H) = အိမ်ရှင်
၉ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
အီရန် | ၁–၂ | ထိုင်း | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၉ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
မြန်မာ | ၀–၀ | ယီမင် | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် ပွဲကြည့်ပရိသတ်: ၁၃၁၄၂ ဦး |
---|---|---|---|---|
၁၁ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
ယီမင် | ၁–၀ | အီရန် | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၁ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
မြန်မာ | ၃–၀ | ထိုင်း | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် ပွဲကြည့်ပရိသတ်: ၂၄၅၆၈ ဦး |
---|---|---|---|---|
ငြိမ်းချမ်းအောင် ၁၃'၊၁၈'
အောင်သူ ၄၂' |
၁၃ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
အီရန် | ၂–၀ | မြန်မာ | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၃ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
ယီမင် | ၂–၃ | ထိုင်း | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
အုပ်စု (ခ)
ပြင်ဆင်ရန်အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
အာရပ်စော်ဘွားများပြည်ထောင်စု | ၃ | ၁ | ၂ | ၀ | ၇ | ၄ | +၃ | ၅ |
ဥဇဘက်ကစ္စတန် | ၃ | ၁ | ၂ | ၀ | ၆ | ၄ | +၂ | ၅ |
ဩစတြေးလျ | ၃ | ၁ | ၂ | ၀ | ၃ | ၂ | +၁ | ၅ |
အင်ဒိုနီးရှား | ၃ | ၀ | ၀ | ၃ | ၂ | ၈ | −၆ | ၀ |
၁၀ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
ဥဇဘက်ကစ္စတန် | ၃–၁ | အင်ဒိုနီးရှား | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၀ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
အာရပ်စော်ဘွားများပြည်ထောင်စု | ၁–၁ | ဩစတြေးလျ | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၂ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
အင်ဒိုနီးရှား | ၀–၁ | ဩစတြေးလျ | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၂ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
ဥဇဘက်ကစ္စတန် | ၂–၂ | အာရပ်စော်ဘွားများပြည်ထောင်စု | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၄ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
ဥဇဘက်ကစ္စတန် | ၁–၁ | ဩစတြေးလျ | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၄ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
အင်ဒိုနီးရှား | ၁–၄ | အာရပ်စော်ဘွားများပြည်ထောင်စု | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
အုပ်စု (ဂ)
ပြင်ဆင်ရန်အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
ဂျပန် | ၃ | ၂ | ၀ | ၁ | ၆ | ၄ | +၂ | ၆ |
တရုတ် | ၃ | ၁ | ၂ | ၀ | ၃ | ၂ | +၁ | ၅ |
တောင်ကိုရီးယား | ၃ | ၁ | ၁ | ၁ | ၇ | ၂ | +၅ | ၄ |
ဗီယက်နမ် | ၃ | ၀ | ၁ | ၂ | ၂ | ၁၀ | −၈ | ၁ |
၉ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
တောင်ကိုရီးယား | ၆–၀ | ဗီယက်နမ် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၉ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
ဂျပန် | ၁–၂ | တရုတ် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၁ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
ဂျပန် | ၃–၁ | ဗီယက်နမ် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၁ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
တောင်ကိုရီးယား | ၀–၀ | တရုတ် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၃ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
တောင်ကိုရီးယား | ၁–၂ | ဂျပန် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၃ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
ဗီယက်နမ် | ၁–၁ | တရုတ် | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
အုပ်စု (ဃ)
ပြင်ဆင်ရန်အသင်းများ | ပွဲပေါင်း | နိုင်ပွဲ | သရေပွဲ | ရှုံးပွဲ | ရဂိုး | ပေးဂိုး | ဂိုးကွာခြားမှု | ရမှတ် |
---|---|---|---|---|---|---|---|---|
ကာတာ | ၃ | ၂ | ၁ | ၀ | ၆ | ၂ | +၄ | ၇ |
မြောက်ကိုရီးယား | ၃ | ၁ | ၁ | ၁ | ၄ | ၅ | −၁ | ၄ |
အီရတ် | ၃ | ၁ | ၁ | ၁ | ၈ | ၃ | +၅ | ၄ |
အိုမန် | ၃ | ၀ | ၁ | ၂ | ၁ | ၉ | −၈ | ၁ |
၁၀ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
အီရတ် | ၆–၀ | အိုမန် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၀ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
ကာတာ | ၃–၁ | မြောက်ကိုရီးယား | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၂ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
အိုမန် | ၁–၁ | မြောက်ကိုရီးယား | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၂ အောက်တိုဘာ ၂၀၁၄ ၁၈:၃၀ |
ကာတာ | ၁–၁ | အီရတ် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၄ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
မြောက်ကိုရီးယား | ၂–၁ | အီရတ် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
၁၄ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
ကာတာ | ၂–၀ | အိုမန် | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
ရှုံးထွက်အဆင့်ရလဒ်များ
ပြင်ဆင်ရန်ရှုံးထွက်အဆင့်ပွဲစဉ်များတွင် သာမန်ပွဲကစားချိန်အတွင်းသရေကျနေပါက အချိန်ပို၊ပင်နယ်တီများဖြင့် အနိုင်၊အရှုံးဆုံးဖြတ်သည်။
ကွာတားဖိုင်နယ်ရလဒ်များ
ပြင်ဆင်ရန်၁၇ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
မြန်မာ | ၁–၀ | အာရပ်စော်ဘွားများပြည်ထောင်စု | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် ပွဲကြည့်ပရိသတ်: ၂၉၀၀၀ ဦး |
---|---|---|---|---|
သန်းပိုင် ၅၃' |
၁၇ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
မြောက်ကိုရီးယား | ၁–၁ (a.e.t.) |
ဂျပန် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
Penalties | ||||
၅–၄ |
၁၇ အောက်တိုဘာ ၂၀၁၄ ၁၉:၀၀ |
ဥဇဘက်ကစ္စတန် | ၂–၁ | ထိုင်း | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၁၇ အောက်တိုဘာ ၂၀၁၄ ၁၉:၀၀ |
ကာတာ | ၄–၂ | တရုတ် | ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ နေပြည်တော် |
---|---|---|---|---|
အကြိုဗိုလ်လုပွဲရလဒ်များ
ပြင်ဆင်ရန်အကြိုဗိုလ်လုပွဲရောက် ၄ သင်းသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
၂၀ အောက်တိုဘာ ၂၀၁၄ ၁၅:၃၀ |
ဥဇဘက်ကစ္စတန် | ၀–၅ | မြောက်ကိုရီးယား | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
၂၀ အောက်တိုဘာ ၂၀၁၄ ၁၉:၀၀ |
ကာတာ | ၃–၂ (a.e.t.) |
မြန်မာ | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် ပွဲကြည့်ပရိသတ်: ၂၉၈၇၀ ဦး |
---|---|---|---|---|
အောင်သူ ၆၂'
ငြိမ်းချမ်းအောင် ၆၄' |
ဗိုလ်လုပွဲ
ပြင်ဆင်ရန်၂၃ အောက်တိုဘာ ၂၀၁၄ ၁၉:၀၀ |
မြောက်ကိုရီးယား | ၀–၁ | ကာတာ | သုဝဏ္ဏ အားကစားကွင်း၊ ရန်ကုန် |
---|---|---|---|---|
ကိုးကား
ပြင်ဆင်ရန်- ↑ လက်ရှိချန်ပီယံအတွက်မရဏအုပ်စု။ အာရှဘောလုံးအဖွဲ့ချုပ် (၂၄ ဧပြီ ၂၀၁၄)။ 4 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၉ အောက်တိုဘာ ၂၀၁၄ တွင် ပြန်စစ်ပြီး။