သမ္မာကမ္မန္တ[] သည် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သမ္မာကမ္မန္တစေတသိက်၊ သင့်သော-အကြောင်း-ဥပါယ်-နည်းလမ်း-အားဖြင့်ဖြစ်သော အမှု။ [] သမ္မာကမ္မန္တ (၃) ပါးရှိ၏။ []

သမ္မာကမ္မန္တ (၃) ပါး

ပြင်ဆင်ရန်

သမ္မာကမ္မန္တ (၃) ပါး မှာ -

  • (၁) ပါဏာတိပါတဝိရတိ၊
  • (၂) အဒိန္နာဒါနဝိရတိ၊
  • (၃) ကာမေသုမိစ္ဆာစာရဝိရတိ တို့ ဖြစ်ကြသည်။[]

ပါဏာတိပါတဝိရတိ

ပြင်ဆင်ရန်

ပါဏာတိပါတဝိရတိ ဆိုသည်မှာ ကိုယ်ဝန်ကို ဖျက်ဆီးခြင်း, သန်းဥ, ကြမ်းပိုးဥကို ဖျက်ဆီးခြင်းတို့မှစ၍ အသက်ရှိသော သတ္တဝါကို သေပျောက် ပျက်ဆုံးစေလိုသောစိတ်ဖြင့် သေပျောက်ပျက်ဆုံးစေရန် ကိုယ်ပယောဂ, နှုတ်ပယောဂပြုခြင်းသည် ပါဏာတိပါတ မည်၏။ ထို ပါဏာတိပါတမှ ကြဉ်ရှောင်ခြင်းသည် “ပါဏာတိပါတဝိရတိ” မည်၏။[]

အဒိန္နာဒါနဝိရတိ

ပြင်ဆင်ရန်

အဒိန္နဒါနဝိရတိ ဆိုသည်မှာ မြက်, ထင်း, ရေ တို့မှစ၍ သူတစ်ပါးတို့၏ ဥစ္စာဟူ၍ သိမ်းပိုက်ဆဲဖြစ်သော သက်ရှိ သက်မဲ့ဝတ္ထုကို ဥစ္စာရှင်မမြင်မသိအောင် ခိုးယူလိုသောစိတ်ဖြင့် ခိုးယူခြင်း, ကိုယ်ပယောဂ, နှုတ်ပယောဂကို ပြုခြင်းသည် အဒိန္နာဒါန မည်၏။ ထိုအဒိန္နာဒါနမှ ကြဉ်ရှောင်ခြင်းသည် “အဒိန္နာဒါနဝိရတိ” မည်၏။[]

ကာမေသုမိစ္ဆာစာရဝိရတိ

ပြင်ဆင်ရန်

ကာမေသုမိစ္ဆာစာရဝိရတိ ဆိုသည်မှာ အမိစောင့်သော မိန်းမ, အဘစောင့်သော မိန်းမတို့မှစ၍ မကျူးလွန်ထိုက်သော မိန်းမတို့၌ ကျူးလွန်သော ယောက်ျား၏ လွန်ကျူးမှုသည်လည်းကောင်း၊ လင်ရှိလျက် မိမိလင်မှ တစ်ပါးသော မလွန်ကျူးထိုက်သော ယောက်ျားနှင့် လွန်ကျူးသော မိန်းမ၏ လွန်ကျူးမှုသည်လည်းကောင်း, ကာမေသုမိစ္ဆာစာရ မည်၏။ ယစ်မျိုးငါးပါး သောက်စားမှုကိုလည်းကောင်း၊ ဖဲ, ပဆစ်, ကြွေ, အန် အစရှိသော ကစားမှုများကိုလည်းကောင်း၊ ကာမေသုမိစ္ဆာစာရ၌ သွင်း၏။ ထိုကာမေသုမိစ္ဆာစာရမှ ကြဉ်ရှောင်ခြင်းသည် “ကာမေသုမိစ္ဆာစာရဝိရတိ” မည်၏။[]

လောကီ, လောကုတ္တရာသမ္မာကမ္မန္တ

ပြင်ဆင်ရန်

ဤပါဏာတိပါတာ ဝေရမဏိ = သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း -- စသော တရားတို့သည် ပါဏာတိပါတ = သူ့အသက်ကိုသတ်ခြင်း စသည့် ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်ကြောင်းသညာတို့၏ ထူးထွေကွဲပြား သည်၏ အဖြစ်ကြောင့် အရိယမဂ်၏ ရှေ့အဖို့ဖြစ်သော ပုဗ္ဗဘာဂ သတိပဋ္ဌာနမဂ်ဟူသော လောကီသတိပဋ္ဌာန် ကျင့်စဉ်ပိုင်း၌ ယင်းကာယဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်း = သမ္မာကမ္မန္တသည်လည်း ထူးထွေကွဲပြားမှု ရှိ၏။

အရိယ မဂ်ခဏ၌ကား ဤကာယဒုစရိုက် (၃)ဌာနတို့၌ ဖြစ်သော ဒုဿီလျ = သီလမရှိသူ ဖြစ်ကြောင်း အကုသိုလ် စေတနာ၏ ကာယဒုစရိုက်တို့၌ မပြုလုပ်ခြင်း မပြုကျင့်ခြင်းအားဖြင့် သွားရာလမ်းကြောင်းကို အကြွင်းမဲ့ ဖြတ် တောက်ပစ်လိုက်ခြင်းအားဖြင့် နောင်တစ်ဖန် မဖြစ်ခြင်းကို ပြီးစီးစေသည်၏ အစွမ်းဖြင့် မဂ္ဂင်္ဂ = အရိယမဂ်၏ အင်္ဂါကို ပြည့်စေလျက် တစ်မျိုးတည်း တစ်ပါးတည်းသာ ဖြစ်သော ကုသလဝိရတိသည် ဖြစ်ပေါ်လာ၏။ ဤ ကုသလဝိရတိသည် သမ္မာကမ္မန္တ မည်၏။ [][]

ဆက်စပ်ဖတ်ရှုရန်

  1. သမ္မာကမ္မန္တ၂ (ပု) [သမ္မာ+ပဝတ္တ+ကမ္မန္တ]
  2. သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ စေတိ တိသော ဝိရတိယော နာမ။ သင်္ဂဟ၊၈။ ကမ္မမေဝ ကမ္မန္တော သုတ္တန္တဝနန္တာဒယော ဝိယ။ သမ္မာ ပဝတ္တော ကမ္မန္တော သမ္မာကမ္မန္တော၊ ကာယဒုစ္စရိတဝိရတီ။ ဝိဘာဝိနီ၊၁၁၁။ ကမ္မဝ ကမ္မန္တော အန္တသဒ္ဒဿ တဗ္ဘာဝ ဝုတ္တိတ္တာ။ သမ္မာ ဉာယေန မိစ္ဆာကမ္မန္တပ္ပဟာနေန။ မဏိမဉ္ဇူ၊၁၊၃၄၂။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ လယ်တီဆရာတော်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော မဂ္ဂင်္ဂဒီပနီ။ မန္တလေးပိဋကတ်စာပုံနှိပ်တိုက်။ pp. ၅၈၊ ၅၉။
  4. (ဒီ၊ဋ္ဌ၊၂၊၃၉၂။)
  5. နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်