သဟဇာတပစ္စည်း
[၁] (၁) သဟဇာတပစ္စည်း၊ အတူတကွဖြစ်သည် ဖြစ်၍-အတူတကွဖြစ်သည်၏အဖြစ်ဖြင့်-ကျေးဇူးပြုတတ်သောတရား။ [၂]
ဆီမီးသည် မီးတောက်သည်နှင့် တပြိုင်နက် အလင်းရောင်ပေါ်လာအောင်လည်းကောင်း, အလင်းရောင် တည်နေအောင်လည်းကောင်း, ကျေးဇူးပြုသကဲ့သို့ ထို့အတူ မိမိဖြစ်သည်နှင့်တပြိုင်နက် ပစ္စယုပ္ပန်တရားတို့ပေါ် လာအောင်လည်းကောင်း, မိမိဖြစ်သည်နှင့်တပြိုင်နက် ပစ္စယုပ္ပန်တရားတို့ပေါ် တည်အောင်လည်းကောင်း, ကျေးဇူးပြုသောတရားသည် သဟဇာတပစ္စည်း မည်၏။
ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
စိတ် ၈၉၊ စေ-၅၄
မဟာဘုတ် ၄-ပါး ဟဒယဝတ္ထု |
စိတ် ၈၉၊ စေ-၅၄
မဟာဘုတ် ၄-ပါး၊ ဥပါဒါရုပ် |
မရှိ |
အတူဖြစ်တိုင်းလည်း သဟဇာတသတ္တိမရှိနိုင်
ပြင်ဆင်ရန်သမီးခင်ပွန်းနှစ်ယောက်နှင့်အတူ လူမမယ်သားသမီးကလေးများ အတူခရီးသွားရာ၌ သမီးခင်ပွန်း နှစ်ယောက်မှာ အချင်းချင်း အားကိုးနိုင်သော်လည်း လူမမယ်သားသမီးကလေးများကိုမူ အားကိုး၍မရပေ။ ထို့အတူ စိတ်စေတသိက်အချင်းချင်း, ပဋိသန္ဓေနာမက္ခန္ဓာနှင့် ဟဒယဝတ္ထုအချင်းချင်း, မဟာဘုတ်ရုပ် အချင်းချင်းသာ အားကိုးနိုင်ကြ ကျေးဇူးပြုနိုင်ကြသည်။ မဟာဘုတ်နှင့်တွဲ၍ တပြိုင်နက်ဖြစ်ရသော ဥပါဒါရုပ်မှာမဟာဘုတ်၏ အားကိုးစရာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဥပါဒါရုပ်သည် အကြောင်းတရားမဖြစ်နိုင်, အကျိုး တရားသာ ဖြစ်နိုင်သည်။
နာမ်အချင်းချင်း ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ
ပြင်ဆင်ရန်အရူပဘုံ၌ ပဋိသန္ဓေစိတ်နှင့် စေတသိက် ၃၀ ဟူသော နာမ်ခန္ဓာလေးပါး ဖြစ်ရာတွင် ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဝေဒနာက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ် ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝေဒနာက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် ခန္ဓာတစ်ပါးသည် ပစ္စည်း, ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာသုံးပါးသည် ပစ္စည်း, ခန္ဓာတစ်ပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးသည် ပစ္စယုပ္ပန်စသည်ဖြင့်သိပါ။
အပါယ်လေးဘုံသား လူနတ်ဗြဟ္မာတို့၏ သန္တာန်တွင် မြင်စိတ်ကြားစိတ်စသည် ဖြစ်ရာတွင်လည်း ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဝေဒနာက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ် ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝေဒနာက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် ခန္ဓာတစ်ပါးသည် ပစ္စည်း, ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာသုံးပါးသည် ပစ္စည်း, ခန္ဓာတစ်ပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးသည် ပစ္စယုပ္ပန်စသည်ဖြင့်သိပါ။
နာမ်အချင်းချင်းနှင့် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ
ပြင်ဆင်ရန်ပဉ္စဝေါကာရဘုံဝယ် ပဋိသန္ဓေအခါ၌ ဆိုင်ရာ ပဋိသန္ဓေစိတ်စေတသိက် ဟူသောနာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ဖြစ်ရာ ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာ၃ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာ ၃ ပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် ခန္ဓာတပါးသည်ပစ္စည်း, ခန္ဓာ ၃ ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ခန္ဓာ ၃ပါးသည် ပစ္စည်း, ခန္ဓာတစ်ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန် ဟု အပြန်အလှန် ကျေးဇူးပြုပုံသိပါ။ ပဝတ္တိအခါ၌ လောဘမူ ပထမစိတ်,စေတသိက်ဟူသော နာမက္ဓန္ဓာနှင့် ထိုစိတ်ကြောင့် စိတ္တဇရုပ်တို့ ဖြစ်ရာ ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာ ၃ ပါးနှင့် စိတ္တဇရုပ်တို့သည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သိပါလေ။
မဟာဘုတ်ရုပ်အချင်းချင်းနှင့် ဥပါဒါရုပ် ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ
ပြင်ဆင်ရန်စိတ္တဇရုပ်ကလာပ်၌ ရုပ်ပေါင်း ၈ ပါး, ၉ ပါး စသည်ဖြစ်ရာ ထို၌ပါသော ပထဝီဓာတ်သည် ပစ္စည်း, ကြွင်းဓာတ်ကြီး ၃ပါးနှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ ကြွင်းဓာတ်ကြီး၃ပါးသည် ပစ္စည်း, ပထဝီဓာတ်နှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် ဓာတ်တစ်ပါးသည် ပစ္စည်း, ကြွင်း ဓာတ်၃ပါးနှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ ဓာတ်နှစ်ပါးသည် ပစ္စည်း, ကြွင်းဓာတ်နှစ်ပါးနှင့် ဥပါဒါရုပ်သည် ပစ္စယုပ္ပန်၊ စသည်ဖြင့်သိပါ။ ဤ၌ မဟာဘုတ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနိုင်၏။ ဥပါဒါရုပ်တို့ကား ပစ္စည်းဘက်၌ မပါ, အမြဲတမ်း ပစ္စယုပ္ပန် ဖြစ်၏။ ထို့အတူ ပဋိသန္ဓေအခါ၌ ကာယဒသက ကလာပ်စသည်, ဗဟိဒ္ဓ၌ ဥတုဇကလာပ်, အာဟာရဇကလာပ်, ပဝတ္တိကမ္မဇကလာပ်တို့၌ ပါသော မဟာဘုတ်နှင့် ဥပါဒါရုပ်တို့ကိုလည်း ချဲ့ထွင်၍ ကြည့်လေ။
ပဋိသန္ဓေနာမက္ခန္ဓာနှင့်ဟဒယဝတ္ထုတို့ အချင်းချင်း ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ
ပြင်ဆင်ရန်ပဉ္စဝေါကာရဘုံဝယ် ပဋိသန္ဓေအခါ၌ ပဋိသန္ဓေစိတ် စေတသိက်နှင့် ကမ္မဇကလာပ်ဝယ် ဟဒယဝတ္ထုတို့ ပါရှိလေရာ “ပဋိသန္ဓေစိတ်စေတသိက်ဟူသော နာမက္ခန္ဓာ၄ပါးသည် ပစ္စည်း, ဟဒယဝတ္ထု သည် ပစ္စယုပ္ပန်၊ ဟဒယဝတ္ထုသည် ပစ္စည်း, ပဋိသန္ဓေနာမက္ခန္ဓာ၄ပါးသည် ပစ္စယုပ္ပန်” ဟု ပဉ္စဝေါကာရ ဘုံသား သတ္တဝါများ၏ ပဋိသန္ဓေအခါတိုင်း၌ ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ သိပါလေ။
သဟဇာတ ၃မျိုး
ပြင်ဆင်ရန်- ၁။ အချင်းချင်းအားလည်းကောင်း၊ အချင်းချင်းနာမက္ခန္ဓာ စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ်အားလည်းကောင်း ကျေးဇူးပြုသော နာမက္ခန္ဓာ၄ပါး
- ၂။ အချင်းချင်းအားလည်းကောင်း၊ ဥပါဒါရုပ်အားလည်းကောင်း ကျေးဇူးပြုသော မဟာဘုတ်၄ပါး
- ၃။ အချင်းချင်းအား ကျေးဇူးပြုသော ပဋိသန္ဓေနာမက္ခန္ဓာ ဟဒယဝတ္ထု [၅][၆]
ကိုးကား
ပြင်ဆင်ရန်- ↑ သဟဇာတပစ္စယ (ပု) [သဟဇာတ+ပစ္စယ]
- ↑ (၁) ဟေတုပစ္စယော၊ အာရမ္မဏပစ္စယော၊ အဓိပတိပစ္စယော၊ အနန္တရပစ္စယော၊ သမနန္တရပစ္စယော၊ သဟဇာတပစ္စယော --- အဝိဂတပစ္စယောတိ။ ပဋ္ဌာန၊၁၊၁။ တတ္ထ ဟေတု စ သော ပစ္စယော စာတိ ဟေတုပစ္စယော။ ဟေတု ဟုတွာ ပစ္စယော၊ ဟေတုဘာဝေန ပစ္စယောတိ ဝုတ္တံ ဟောတိ။ အာရမ္မဏပစ္စယာဒီသုပိ ဧသေဝ နယော။ အဘိ၊၃၊၃၄၄။
- ↑ (၂) စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။ ပဋ္ဌာန၊၁၊၅။
- ↑ တိပိဋကအဘိဓာန် အတွဲ-၂၃
- ↑ (သုံးချက်စု ဘာဋီ ၁၅၉-၁၆၃)
- ↑ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။