ဦးသိန်းညွန့် သည် မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့နိုင်ငံတော်သမ္မတရုံး၏ ဝန်ကြီး ခြောက်ဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁] ဦးသိန်းညွန့်သည် နေပြည်တော်၏ ခေတ္တမြို့တော်ဝန်အဖြစ် ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ခန့်အပ်ခံရပြီး မကြာမီ နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။

ဦးသိန်းညွန့်
သမ္မတရုံး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ယခင်လူရာထူးစတင်
ဆက်ခံသူဒေါ်အောင်ဆန်းစုကြည်
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၃၀ မတ် ၂၀၁၆
ဆက်ခံသူဦးမျိုး​အောင်
နေပြည်တော် မြို့တော်ဝန်
တာဝန်သက်တမ်း
၁ မတ် ၂၀၀၆ – ၃၀ မတ် ၂၀၁၁
နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁၅ နိုဝင်ဘာ ၁၉၉၇ – ၃၀ မတ် ၂၀၁၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1948-10-08)၈ အောက်တိုဘာ၊ ၁၉၄၈
မအူပင်မြို့မြန်မာနိုင်ငံ
ကွယ်လွန်မတ် ၁၇၊ ၂၀၂၄(2024-03-17) (အသက် ၇၅)
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်(များ)ဒေါ်ကျင်ခိုင်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်မှူးကြီး

ဦးသိန်းညွန့်သည် ၂၀၂၄ခုနှစ် မတ်လ (၁၇)ရက်​နေ့တွင် ​နေပြည်​တော်ရှိ စစ်​ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။[၂][၃]


ကိုးကား ပြင်ဆင်ရန်

  1. The Governmentwebsite။ Embassy of the Union of Myanmar, Brussels။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-12-11 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့အလင်းသတင်းစာ (၂၀.၃.၂၀၂၄)။ 20 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 March 2024 တွင် ပြန်စစ်ပြီး။
  3. နေပြည်တော်တွင် ထိပ်တန်းရာထူးများရခဲ့သူ ဗိုလ်မှူးကြီးဟောင်း သေဆုံး။ Myanmar Now (၂၀၂၄-၀၃-၁၉)။ 20 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၄-၀၃-၂၀ တွင် ပြန်စစ်ပြီး။